တိမ်မရှိတဲ့ညနေဆိုတာ ဘာမှကို မရှိတာ။
January 23, 2011 Leave a comment
ဘာမှမပြောဘဲ သိတဲ့သူ
စကားလုံးမရှိဘဲ ရေးတဲ့ကဗျာ
အတွက်အချက်မပါတဲ့ သင်္ချာ
အသံမပါတဲ့ ဂီတ
အတွေးမပါတဲ့ ဘဝအသိ
နွေးထွေးမှု မပါတဲ့ အိမ် နဲ့
တိမ်မရှိတဲ့ ညနေ
အားလုံးကို တလင်းပေါ်မှာ ချပြီး
ဖွဖွလေး ပွတ်ချေကြည့်လိုက်တော့
ဗလာနဲ့ နတ္ထိ၊ ဟပ်မိတဲ့ အဖြစ်ကြောင့်
ကိုယ့်သတ္တိနဲ့ ကိုယ်
ဒီတစ်ညတော့
နှစ်နှစ်ခြိုက်ခြိုက်
အိပ်တယ်။ 😛
ဘာမှလည်း မသိ
ဘာမှလည်း မရှိ
ကျမ်းကိုး
၁။ ရိုးသားတဲ့စကားက ချိုသာခဲ တယ်။
၂။ ချိုသာတဲ့စကားကလည်း ရိုးသားခဲ တယ်။
၃။ သိတဲ့သူက မငြင်းဘူး။
၎။ ငြင်းတဲ့သူက မသိဘူး။
၅။ ပညာရှိတဲ့သူက စာတတ်ချင်မှတတ်မယ်။
၆။ စာတတ်တဲ့သူက ပညာရှိချင်မှ ရှိမယ်။
၇။ သိမ်းထားတဲ့သူတိုင်း မချမ်းသာဘူး။
၈။ ချမ်းသာတဲ့သူတိုင်း မသိမ်းထားဘူး။
၉။ ဒါတွေကို သိတဲ့သူက သူများကို ပေးရင်း၊ ကိုယ်တဖြေးဖြေးပြည့်လာပါလိမ့်မယ်တဲ့
( TAO: Last Verse )