ကျောင်းတော်ရာသို့ ခြေလှမ်းကိုးဆယ်

ကျောင်းတော်ရာသို့ ခြေလှမ်းကိုးဆယ်

မြေနီလမ်းကလေး။
ရှေ့ကို မျှော်မဆုံး ကွေ့ကောက် နေတာကိုတွေ့တော့
လမ်းအစမှာ ကျန်နေရစ်ခဲ့တဲ့ ခြေရာကို ပြန်ကြည့်မိတယ်။

ခပ်ဝါးဝါးပေမယ့်
ပြတ်ပြတ်ထင်ထင် – ကျန်နေရစ်။

ငြိမ်းချမ်းတဲ့ လေတိုးသံတစ်ဝက်မှာ
သံယောဇဉ် တစ်ပဲသား ရောထားတာတွေ့တယ်။
အတိတ်ပုံရိပ် နီဆွေးဆွေးမှာ
သံသယ၊ အထင်မှား အမြင်မှား၊ မာန်တွေက ဖုန်အဆိပ်တွေနဲ့ ရောနှော ညိုညစ်နေတယ်။
ဒီအပင်အိုတွေက နဂိုထဲက မပျိုမျစ်ခဲ့ဘူးလေ။

ဟုတ်မယ် ထင်ပါရဲ့ကွယ်။
ရှင်းလင်းထားတဲ့ ဒီမြေနီလမ်းလေးမှာကိုက
စိတ်ဒဏ်ရာ အမှိုက်သရိုက်တွေနဲ့ ရှုပ်ပွနေရဦးမယ့်ဟာ ။

နားလည်နိုင်တာကို နားလည်ပေးမှ မေတ္တာမဟုတ်၊
နားမလည်နိုင်တာကိုပါ နားလည်ပေးမှ အေးချမ်းရာ အစစ် လို့ ဆိုသတဲ့။

အခုလက်ရှိ ခြေဖဝါးအောက်က အမှိုက်ကလေး တစ်စကလည်း
ကိုယ့်အတွက်တော့ တောင့်ခံထားပေးနေဆဲ ၊
ပင်ယံပေါ်က လက်မခံလို့ ကြွေကျလာရတဲ့
ရွှေဝါဝါ ရွက်ပြတ်လေးတွေကလဲ
တည်ငြိမ်တဲ့ အလှကို ဆင်ယဉ်ခင်းပြနေဆဲပါ။

နှလုံး အိမ်လေး ငြိမ်သွားမယ့် အခါအခွင့်လေးကို တောင့်တ-
တစ်လှမ်းချင်း တရွေ့ရွေ့
သတိတရ – လှမ်းချရင်း လာလိုက်တယ်။
ဆည်းလည်းသံတိုးတိုးလေးက ရှေ့ကျောင်းတော်ပေါ်မှာ ရှိနေတာမို့ပါ။

ပန်းချီကားကို ဒီနေရာလေးက ယူပါတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: