ကြောက်စိတ်

ပြောပြန်တော့လဲ နားမလည်ကြလို့ပါလို့ သူတို့က ပြောဦးမယ်။ စိတ်ကောင်း စေတနာ ကောင်းတွေ ဗရပွနဲ့ ဗရမ်းဗတာ ဖြစ်လောက်အောင် များလွန်းလို့ ၊ သမ္မာ သမတ်စိတ်တွေ အရမ်းမွေးပြီး တိုးတက် ဖွံ့ဖြိုး စေချင် လွန်းလို့လား မသိဘူး ။ သူတို့တွေ ရဲ့ အသိစိတ်က ချွတ်ချုံကျ လာတယ်။ ကိုယ့်အိပ်ကပ်ကို ကိုယ် ကြည့်လာတယ်။ လုပ်ချင်ရာ လုပ်ပြီး ၊ အခွင့်အရေးကို လက်လွတ်စပယ် အသုံးချလာတယ်။ ရှင်းရှင်း ပြောရင် အကျင့်ယုတ် လာတယ်။ အဲ့လိုပြောတော့ အကုန်လုံးလို့ မဆိုလိုပါဘူး။ အချို့က မကြည့်ဘူး။ သူတို့ ကြည့်တာက လုပ်ပိုင်ခွင့်ရယ်။ လက်ထဲကို လုပ်ပိုင်ခွင့်တွေ လွတ်လွတ် လပ်လပ် ရမယ် ဆိုလို့ ကတော့ ( အကျင့်တွေက သိတဲ့အတိုင်း ) ထင်တိုင်း ကျဲတော့တာပဲ။

နောက်တစ်ခု အကြီးစိုးဆုံး က ကြောက်စိတ်၊ ကိုယ့်နေရာ မတည်မြဲမှာ။ ကိုယ်အချီးကျူး မခံရမှာ၊ ကိုယ်မျက်နှာကောင်းမရမှာ။ ကိုယ့် ပိုက်ပိုက်မပြည့်စုံမှာ – အရမ်းအရမ်းကို ကြောက်နေကြပါသတဲ့။ အဓိပ္ပာယ် အဆင်ခြင်ဥာဏ်မဲ့ တဲ့ အထိ ကြောက်တတ်လွန်းကြတယ်။ သူဋ္ဌေးအော်ငေါက်ရင် တုန်နေအောင် ကြောက်ကြပြီး။ ငမွဲတစ်ကောင် ထအော်ရင် လှည့်ကြည့်ချင်မှ ကြည့်တတ်တဲ့ အမျိုးအစား ။ ဒီလို လူတွေ ဒီခေတ်မှာ ပိုများလာလို့ ဒီလို ဖြစ်နေကြရတာ တကယ်တော့ မဆန်းလှပါဘူး။

တစ်ချိန်က သီဝရီ ဆရာသမား တစ်ယောက် ပြောတာ မှတ်သားဖူးတယ်။ မင်းတို့ စိုက်တဲ့ အပင်က အသီးပဲ မင်းတို့ စား ကြရမှာတဲ့။

ကျနော်တို့ အခု အသီးတွေ စားနေကြတယ်။ ဖန်တွတွ၊ ရှတတ နဲ့။ ခါးခါးကြီး။ ဒီအပင်ကို ကျနော်တို့ စိုက်မိကြလို့လား ။ ဘယ်တုန်းကပါလိမ့်။ မစားချင်ပါဘူး ဘာဖြစ်လို့ စားရမှာလဲ။ ငါစားချင်တာက ချိုရမယ်။ အေးရမယ်။ ကျန်းမာရေး လက်မှတ်ရ ဖြစ်ရမယ် လို့ ဘယ်လိုပဲ တွေးတွေး တကယ့်လက်တွေ့ ဗိုက်ဆာလာတော့ ဒီအသီးပဲ ရှိ။ ဒီအသီးပဲ စားရပြန်တော့တာ ။ ခင်ဗျားကော……။ အခု ဘာသီးတွေ စားနေရပါလိမ့်။ ကြောက်လန့်စိတ် သစ်ဥ သစ်ဖုတွေနဲ့ ၊ လုပ်ပိုင်ခွင့် သစ်သီးဝလံတွေကို – တဖြေးဖြေးချင်း စိုက်၊ တယုတယ နဲ့ ဖက်တွယ် စားနေရရှာတယ် ထင်ပါတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: