Solowheel နဲ့ ရွာစဉ်လည်

Solowheel

Inventist ကနေ ထုတ်လုပ်လိုက်တဲ့ Solowheel တွေပါတဲ့ ။ ဒီကောင်တွေက တစ်ဦးတည်းသုံးမယ်။ ဟိုနား ဒီနား ထသွား ရမှာ ၊ လမ်းလျောက်ရမှာ မလျောက်ချင်တဲ့သူ တွေအတွက် ဖြစ်မယ်။ ထင်တာပဲ။🙂 ။ ကျနော်တို့ စကိတ်စီးကြသလို။ စက်ဘီး နင်းကြသလို၊ အခု နင်းစရာမလိုဘဲ သွားနိုင်တဲ့ ဘက္ထရီသုံး ယူနီဆိုင်ကယ် လေးတွေပါ။

လစ်သီယံ အိုင်းရွန်း ဘက္ထရီမှာ ဝပ် ၁၀၀၀ ဖြည့်ရပါတယ်။ တစ်ခါ ဖြည့်ရင် လေးဆယ့်ငါး မိနစ်လောက်ပဲ အချိန်ယူရမယ်လို့ ပြောထားတယ်။ နှစ်နာရီလောက်ကို သုံးနိုင်ပါသတဲ့။ ကုန်းဆင်းတွေမှာ သွားရမယ်ဆိုရင် Re charging ၊ စွမ်းအင် ပြန်သိုထားပေးပါတယ်။

အဓိကက Gyroscopic နည်းပညာကို သုံးထားတယ်။ Gyrosopic ဆိုတာက အလွယ်ဆုံး ပြောရရင် – လည်ပတ်နေတဲ့ သွားလာနေရတဲ့ Mobile ဘယ်ဟာကို မဆို Balance ညီအောင် ညှိပေးတဲ့ နည်းစနစ်ပါ။

အဲ့ကရိယာက ပေါင် နှစ်ဆယ်ပဲလေးပြီး သာမာန် ဘီး တစ်ဘီးထက် နည်းနည်းပဲ ပိုပါတယ်။ ခြေထောက်တင် ဖို့ ဖလက်ပြားက ဘေးမှာ ပါပါတယ်။ ကျောပိုးအိတ်ထဲမှာ၊ လက်ဆွဲအိတ် ထဲမှာ စသဖြင့် အလွယ်တကူ သယ်သွားနိုင်ပါတယ်။ စီးနင်းပြီး ကိုယ်လိုရာရောက်ရင် ကောက်ချီ မသွားနိုင်ဖို့ လက်ကိုင်လေး ပါ ထည့်ထားတာ တွေ့ရမှာပါ။

ဒီဟာနဲ့ ပတ်သက်လို့ တင်ပြထားတာက www.coolhunting.com မှာ ဖြစ်ပါတယ်။ Youtube မှာ အဲ့ဒါလေးကို အသုံးပြုနေပုံနဲ့ တင်ပြထားပါတယ်။ ဒီနေရာမှာ ပါ။ ထားတော့ ။ ကျနော် ပြောချင်တာက ဒါနဲ့ ပတ်သက်လို့ ကျနော်တို့ မြင်ရတွေ့ရချိန်မှာ ငါတို့ နိုင်ငံမှာ ရော ဒါတွေ အခုသာ ရောက်လာခဲ့ရင် သုံးနိုင်ပါ့မလား ။ အခုကို ရောက်လာခဲ့ရင်ပေါ့။ မတွေးဘဲ နေမယ်တော့ မထင်ပါဘူး။ တွေးကြမှာပါပဲ ။

ငွေကြေးကုန်ကျမှုကို မေးဦးမလား။ သိပ်ကုန်ကျမယ်တော့ မထင်ပါဘူး ။ သိချင်ရင် အဲ့ ဖော်ပြထားတဲ့ဆိုဒ်မှာပဲ သွားကြည့်လိုက်ကြပါ။ တကယ်လို့  ( ပြည်တွင်းကို ရောက်လာခဲ့ရင် ပေါ့လေ…… : စိတ်ကူး😀 ) နေပြည်တော်က လမ်းမျိုးတွေမှာ စီးနင်းမယ်ဆိုရင်တော့  ကောင်းချင် ကောင်းနေမယ်။

ရန်ကုန်မှာ ၊ အခြားနယ်မြို့တွေမှာ၊ မန္တလေးမှာ စသဖြင့် စီးနင်းချင်သပ ဆိုရင်တော့…. “ပေါ့စေချင်လို့ … Uniwheel ကို စီးပါတယ်- Wheel အတွက်ကြောင့် လေးနေတယ်များ ဖြစ်နေမလား” တွေးမိလို့……..။

 

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: