ရန်ကုန်မှာ ဒေတာ၊ ဘာဘာညာညာ

ဒီစနေနဲ့ တနင်္ဂနွေ ( ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ နဲ့ ၂၀ ( စနေနဲ့ တနင်္ဂနွေ ) ) ဒီနှစ်ရက်- ရန်ကုန် MICT မှာ ပွဲတစ်ပွဲ လုပ်ပါတယ်။ဘားကန့် တဲ့ IT နည်းပညာများ ဖလှယ်တဲ့ပွဲလို့လဲ ခေါ်နိုင်မလားပဲ။ သိချင်သူတွေ အိုင်တီကို စိတ်ဝင်စားသူတွေ လာကြတယ်။ လူငယ် ၊ လူကြီး၊ သတင်းစာ ဂျာနယ်လစ်တွေ လည်း ပါမယ်။ အိုင်တီနဲ့ စီးပွားရေး လုပ်နေတဲ့သူများလည်း လာတယ်။ လာရောက်ကြသူတွေလဲ များပါတယ်။ အယောက် ၃၆၁၄ တက်ပါသတဲ့။ Register က နေ သိရသလောက်  ပြော ပါတယ်။  ( ပြီးခဲ့တဲ့ မန္တလေးက ပိုများတယ် လို့လည်း ပြောသေးတယ်။ )

IT ရန်ကုန် ဘားကန့်နဲ့ ပတ်သက်လို့ စီစဉ်ပေးသူ ( Organizer ) အယောက်ငါးဆယ်နဲ့ ထောက်ပံ့သူ ( Sponsor ) တွေအနေနဲ့ ဇေကမ္ဘာတို့၊ ကတ်စပါ စကီးတို့ ၊ လင်နိုဗိုတို့ ( ကျန်သေးတယ် ၊) ရှိကြသပေါ့ ။ သတင်းရေးတာ မဟုတ်လို့  အတိအကျ ပြောမနေ တော့ဘူး ဗျာ။ ပြောချင် တာက ဒီအိုင်တီပွဲမှာ ဘာလုပ်လဲ ။ ဒီကနေ ဘာမြင်ဖြစ်လိုက်လဲ ။  အဲ့ဒါပါ။

ဒီပွဲမှာ IT အသိသညာတွေ ရှယ်ယာ လုပ်ပါတယ်။ ပြီးစီးခဲ့တဲ့ မြန်မာပြည်အိုင်တီ အခြေအနေတွေ သုံးသပ်ပါတယ်။ ( တင်ပြတယ်လို့ မသုံးချင်ဘူး။ တင်ပြတယ် ဆိုတာမျိုးတော့ မဟုတ်ဘူး ။ သူ့အမြင်ကိုယ့်အမြင်ဖလှယ်နိုင်တာမျိုး သက်သက် ) ပရိသတ်က ကိုယ်နှစ်သက်ရာ ကဏ္ဍကို ပြောဆိုနိုင်တယ် ဆွေးနွေးနိုင်တယ်။
အပြောအများဆုံးစကားက Knowledge Sharing ပေါ့လေ။ ဘာ နောလစ်တွေ ရှယ်ကြပါသလဲ။ လူထုပရိသတ်က ကိုယ်နှစ်သက်ရာကို ရှယ်နိုင်ပါတယ်။

နည်းပညာပိုင်း အားနည်းချက်တွေကြားက ဖြစ်အောင် လုပ်နေကြတာတွေ က ဘာတွေဆိုတာ သိလာကြမယ်။ အခု လတ်တလော ကာလမှာ လူတွေ သိချင်နေတာက အိုင်တီနည်းပညာတင်မကပါဘူး။ အိုင်တီနည်းပညာက ပေးတဲ့လွတ်လပ်မှု။ တိုးတက်မှု၊ အသိသညာ၊ သတင်း အချက်အလက် ဖြန့်ဝေပေး နိင်စွမ်း မြန်ဆန်မှုနဲ့ .. ဘာတွေ လုပ်နေကြသလဲ ငါတို့ ။ ဘာတွေဖြစ်လာကြမလဲ ငါတို့။ ဘာတွေ ဆက်လုပ်ရင် ကောင်းမလဲ ငါတို့ ။ ဒီမေးခွန်းမျိုးတွေ ဖြစ်ပါတယ်။
ဒီပေးနိုင်တဲ့စွမ်းရည်တွေကို .. IT ( မြန်မာပြည် ) က အပြည့်အဝ အသုံးချ နိုင်ပြီလား။ ဘယ်လောက်အတိုင်းအတာ အထိ ပြီးမြောက်နေပြီလဲ ၊ ဘယ်လောက် လို နေသေးသလဲ။ ကမ္ဘာမှာ ဘယ်လောက်အတိုင်းအတာ အထိ ခရီးပေါက်နေပြီလဲ ။

ဒါတွေကို တစ်ပွဲလုံးနဲ့ ထိတွေ့ကြည့်မိပြီး ဆုံးဖြတ်၊ ဝေဖန်၊ သုံးသပ်၊ မှတ်ယူ ရပါတယ်။ ဒီအထဲမှာ အချို့က နည်းပညာပဲ လိုချင်ရင် နည်းပညာပေးပါမယ်။ အဓိက ကလည်း သတင်း အချက်အလက်တွေသာ ဦးစားပေး နေတာ ဖြစ်တဲ့အတွက်.. သတင်းအချက်အလက်ရဲ့ နောက်ကို အားသန်ကြပါတယ်။ အချို့က အခြေအနေကို သိချင်တယ်။ အခြားတစ်ဘက်ကလည်း အဲ့ အခြေအနေတွေ ကို ပြောလည်း ပြောပါတယ်။ DDoS တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ ပြီးခဲ့တဲ့ လပိုင်း အခြေအနေတွေ။ ဆက်လက် အတိုက်အခံ ပြုနေရဆဲ ၊ အကောင်အထည် ဖော်နေရဆဲ အခြေအနေတွေ။ ဒါတွေကိုလည်း ရှင်းလင်း ပြသွားတာ တွေ့ရပါတယ်။

မြန်မာပြည် အင်တာနက်ကြီး ဘာလို့ နှေးကွေးလေးလံနေပါသေးသလဲ ။ နည်းပညာကနေ တစ်ဆင့် သွားနေတဲ့ ၊ ရရှိနေတဲ့ သတင်းအချက် အလက် စီးဆင်း နှုန်းမှာ- လွတ်လပ်နေပြီလား။ ချုပ်ကိုင်နေဆဲလား။ ဘမ်းနေတုန်းလား ။ ဖွင့်ပေးနေလား ။ လောလောဆယ်တော့ ရန်ကုန်မှာ အချို့ဆိုဒ်တွေ လုံးဝ ပိတ်ထား ပါတယ်။ Server not found တွေချည်း တက်နေပါတယ်။ အခြားအခြား အင်တာနက် သုံးစွဲရာမှာလဲ .. ဒေတာ စီးဆင်းမှု အတိုက်အခိုက်တွေ ရှိနေပါတယ်။ Error တွေ တတောင်တောင် တက်နေတယ်။

( လောလောဆယ် ဆက်ရေးဖို့ အချိန်မရတော့ဘူး ၊ ပြီးရင်ဆက်ရေးမယ် ။ ဒီအတိုင်းကြီး တင်ထားတယ်ဗျာ ၊ ခဏလေး )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: