မနက်ခင်းအာရုံ လွင့်ပျံခြင်း နှင့် ကမောက်ကမများ

တစ်ချိန်တုန်းက အမှားအယွင်းလေးတွေ
ဦးထုပ်ထက်မှာ မှီတွယ်ရင်း ငိုက်မြည်းကုန်ကြတယ်။
ကွမ်းတစ်ယာညက် အကြာမှာ ဆေးခါးတွေထည့်ဝါးရင်း မူးကုန်ကြတာပါ တဲ့။
မယုံရခက် ယုံရခက်။

စက်ရုပ်လက်များနဲ့ ထွေးပွေ့ကြင်နာ
သတဿတုသံ အက္ကြဲကြဲနဲ့ တီးတိုးစကားဆို
မာယာတွေကို အပိုအလိုမရှိ ၊ ပိပိရိရိ သုံးတတ်လာပြီ တဲ့။
ငါ့မျက်စိ အောက်မှာ သွားနေတဲ့ ပုရွက်ဆိတ်တန်းက
ပင်ပန်းတကြီး ညည်းတွားနေရှာပြီပေါ့။

ဇက်ကျိုးကျသွားတယ်။
မူးဝေတဲ့ ဝေဒနာက သုညရဲ့နောက်မှာ သိန်းသန်းကုဋေ ကုဋာ၊
ရင်ထဲမှာ အပြာရောင် အလံတစ်ရွက် လွှင့်လိုက်တယ်။
ပွင့်ပွင့်လင်းလင်းပဲ ပြောကြစို့ကွယ်။
ငါလည်း ခရီးသည် ၊ မင်းလည်း ခရီးသည်၊
လည်လည်ဝယ်ဝယ်တွေကြားမှာ၊ မအူမလည် ည အကြောင်းတွေပေါ့။
အတင်းဆွဲ ညှိထားတဲ့ ကာရန်တွေနဲ့ ကဗျာ အကြောင်းတွေပေါ့။
ပွင့်ပွင့်လင်းလင်းပဲ ပြောကြမယ်။

ငါ့မနက်က မင်းရဲ့မနက်နဲ့ မတူဘူးလား။
ငါ့လက်တစ်ဖက်က မင်းလက်တစ်ဖက်ကို မနိုင်ဘူးလား။
မျက်လွှာတစ်ချက်ဝင့်တိုင်း ဘယ်ဘက်ရင်အုံမှာ ဒဏ်တစ်ချက် လာလာ ဖြစ်တယ်။
ငါ ပင့်သက်တွေ ရှိုက်နေရပါလား။

( ဤနေရာတွင် စာရိုက်နေသော လက်များ ခဏ ရပ်သွားကြသည်။ ဖြေးဖြေးချင်း သွားနေသော အာရုံများက လတ်လတ် ဆတ်ဆတ် ကခုန် လာကြပြန်သည်။ စိတ်ကူးတို့က စုန်ဆင်းသွားသည်။ အရှိန် အဟုန် ပြင်းသည် ။ ထိန်းမနိုင် သိမ်းမရ သံယောဇဉ် များ တစ်ထွေးကြီး ကျလာသည် ။ ရာသီခွင် စက်ဝိုင်းက တစ်ဖက်စောင်းနင်း တွန့်လိမ် ပဲ့ကျသွားကြလိမ့်မည် ထင်သည် ။ လူသူမရှိ ဆည်းဆာ၏ အရသာသည် သာယာလှပါဘိ ။ ဒဏ်ရာအတိနှင့် ရွှန်းရွှန်းလဲ့ နေကြတော့သည် ။ )

“မဂဿဿဿဿဿဿငလာပါ” ကြက်ဆံမြီးကျစ်ထားသော ပြသဿသနာတစ်ရပ်၏ နှုတ်ခွန်းဆက် စကားက ပီဘိ ယဉ်ကျေးသိမ်မွေ့သည်ဟု ဆိုရမည်။
မနက်ခင်းတေးသံသာများ များမကြာခင် လွှင့်ထုတ်ပေးပါတော့မည် တဲ့။ မယုံရခက် ယုံရခက်။
ပွင့်ပွင့်လင်းလင်းပဲ ဆိုရလျင်
ဤတေးသံသာများ ဆိုသည်ကလည်း
မယုံရခက် ယုံရခက်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: