မိုးပြာ

တကယ်ဆို ဒီမျက်လုံးက သိပ်ကြည့်လို့ မကောင်းတော့ဘူး။
အမြင်အာရုံတွေက မကြည်လင်တော့ စိတ်ထဲ ထိပါ ရောက်လာတယ်။
ဘယ်အချိန်မှာ အခါးသောက်မိမလဲ ။ တိုးတိုးတိတ်တိတ် ခယ ၀တ်တွားနေရတယ်။

ကျောပြင်နဲ့ ရင်ဘတ်က
လက်ညိုးတစ်ချောင်း ကြားခံအကွာကို ရောက်အောင် ထားလိုက်မိပြီ။
“သား …..မင်းကြိုက်တတ်တဲ့ အသားတုနဲ့ ဂေါ်ဖီလေ..
အမေ ဒယ်အိုးတပြည့် ကြော်ထားတယ်”

တားမနိုင် ဆီးမရ ကျလာတဲ့ ဒီအရည်တွေက..
ငါ့ ပါးနှစ်ဖက်ပေါ်မှာ။

လွမ်းလိုက်တာ။
အမေ- လို့ ခေါ်ဖို့ကို နှုတ်တွန့်…။ ငါ့အသံတွေ ဆွံ့နေပြီ။
ခေါင်းတိုးဝှေ့မိတတ်တဲ့ အခါတိုင်း ကောင်းကင်ကြီးလို အုပ်မိုးတတ်တဲ့ အရေတွံ့နေမယ့် လက်ကလေး ..၊ အခု …ဘယ်မှာ ။
“အမေ……….သားခြေထောက်က နကိုလို ပြန်ဖြစ်လာပြန်ပြီဗျ” လို့ တိုးတိုးပဲ ပြောပြော ၊ ကျယ်ကျယ်ပဲ ဆိုဆို….ချက်ချင်းလိုလို ပြေးလာတတ်တဲ့ အကြင်နာ အရိပ်အငွေ့လေး ဘယ်မှာ။ အမေ့နားမှာ အမြဲရှိနေပါ့မယ်လို့ ပြော ပြောနေတတ်ခဲ့တဲ့ သားလိမ္မာလေး ကျနော် ကရော…ဘယ်မှာ။

အခုတော့.. အပြင်ထွက်တိုင်း …မိုးပြာပြာကြီးကိုသာ မော့ကြည့်နေတတ်ပြီ အမေ။

ကောင်းကင်ကြီးရဲ့ ဘယ်နားမှာ
ကျနော် ကျပျောက် သွားခဲ့တာပါလိမ့်။၊
တိမ်စိုင်လေး လေတိုးရင်း ရွေ့သွားတော့ –
အမေ ပြုံးတာ မြင်လိုက်မိတယ်။
အမေ ကျနော့ကို တွေ့ပါတယ်တဲ့။
တားမနိုင် ဆီးမရ ကျလာတဲ့ ဒီအရည်တွေက
ကျနော့ ပါးနှစ်ဖက်ပေါ်မှာ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: