ဆောင်းအိပ်မက်

စာအုပ်တစ်အုပ် ကောက်လှန်လိုက်တိုင်း တွေ့တွေ့နေရတဲ့ စကားလုံးတွေက
နားလည်မှုတွေနဲ့ ချည်း တည်ဆောက်ထားကြတယ်။
ငါ ဒီစကားလုံးကို နားလည်လိုက်တယ်။ ဟိုစကားလုံးကို နားလည်လိုက်တယ်။
ဒီဟာကတော့ ငါ့အတွက် ရှုပ်ထွေးနေလေရဲ့။ ဟိုဟာကတော့ ငါ့အတွက်—
ဒါတွေနဲ့ ရပ်တည်ရင်း ဖြတ်သန်းရင်း စာအုပ်တစ်အုပ်နောက်ကြောဖုံးမှာ
“The End သို့မဟုတ် ပြီးပါပြီ ။”
ဒီစာသားနဲ့ အတူ  ငါ့စိတ်အစဉ်တွေ လွင့်ပါသွား။

နှင်းတောထဲကို ငါရောက်သွားမိပြန်တယ်။
အေးစိမ့်တဲ့ အပူရှိန်က ငါ့ကို ရောင်ပြန်ဟပ် လောင်ကျွမ်း..
အသားအရေ စအချို့ က စိတ်ဓါတ်နဲ့အတူ ကြွေကျသွားပြန်တယ်။
အခါခါ အလီလီ နွေဦးပေါက်ရာသီတွေ ဖြတ်သန်းခဲ့ဖူးပါရက်ကနဲ့…
ဒီနှစ်မှာမှ အေးလိုက်တဲ့ ဆောင်းရယ်။
သူ့ဈာပနအခမ်းအနားမှာ မျက်ရည်စတွေ လိမ့်ကျမလာအောင်ကို အေးတယ်။
ဒီလိုနဲ့ နွေးထွေးမှု ရာသီတွေက လှိုင်းလုံးတွေအဖြစ်နဲ့ လွင့်ပါသွား။

စင်တော်ရာသီခွင်က ဒီနှစ် မတောက်ပဘူး။
သိဟ်ရာသီကြယ်တွေကလည်း ဒီနှစ် မလင်းလှဘူး။
ဖုဿရထားရဲ့ နောက်မြီးဆွဲမှာ မာနတံခွန်းပါးပါးလေး ဆွဲပြီး တလူလူ လွှတ်ပေးလိုက်တယ်။
ဘယ်တော့မှ ပြန်ရောက်မလာတော့မယ့် ဖုဿရထားတစ်စင်းပေါ့။ ကြယ်ရောင်တွေနဲ့ အပြိုင် လွင့်သွား။
မင်းလောင်း အရှာထွက်မလို့တဲ့လေ။ ကြာခဲ့ပြီ… ငါ့အိပ်မက်တွေလဲ စာအုပ်တွေ ၊ ကြယ်တွေနဲ့ေ၀၀ါး။

ဘာသာတရား မပါတဲ့ ရိုကျိုးမှုမျိုး ရချင်ခဲ့ဖူးတယ်။
အသိဥာဏ်ရှိတဲ့ လွတ်လပ်မှုမျိုးကို လိုချင်ခဲ့ဖူးတယ်။
ဒီဆန္ဒတွေကို ကြားတော့ အုတ်နံရံ နှစ်ချပ်ကြားက ဖားတစ်ကောင်က ရယ်တယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: