Epiphenomenalism ( Script )

ရုပ်ဝါဒက စိတ်နှင့် သိမှု အစဉ်ကို ရုပ်ပိုင်း၏ ဖြစ်စဉ် တစ်ခု အနေနှင့်သာ သတ်မှတ်သည်။ သိစိတ်သည် ဦးနှောက်၏ ဖြစ်စဉ်ဖြစ်သည်။ ဦးနှောက် အတွင်းရှိ မော်လီကျူးလေးများ စူးရှစွာ ပွတ်လိုက်ရင်းမှ ထွက်ပေါ်လာသော အလင်းအမှုန်စကလေး များသည် သိစိတ် ဖြစ်သည်ဟု ဆိုသည်။ ယင်းအလင်း မှုန်ကလေးများသည် ဖော့စ်ဖရပ် သတ္တုဓါတ်များ ဖြစ်သည်။

သောမတ်ဟက်ဇ်လေ က-

“သားရိုင်းကောင်တွေရဲ့ သိစိတ်ဟာ သူတို့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ ဆက်နွယ်ဟန် ရှိတယ်။ ခန္ဓာ နဲ့ ဦးနှောက် မျဉ်းပြိုင် အလုပ်လုပ်တယ်။ မော်တော်ယာဉ် တစ်စင်းရဲ့ အလုပ်လုပ်ပုံမှာ ရေနွေးခေါင်းက မီးခိုးတွေ မှုတ်ထုတ် နေသလိုမျိုး ပဲ။ မီးခိုးမှုတ်ထုတ် တဲ့ ပုံ အပြောင်းအလဲ ရှိလာမယ် ဆိုရင် အဲ့ဒါက အတွင်း စက်ပိုင်း တစ်ခုခု ဖြစ်နေပြီလို့ သိရသလိုပဲ – စိတ်ကိုလဲ မှတ်ယူ နိုင်တယ်။ ဒါပေမယ့် အဲ့ မီးခိုးက စက်ကို ဖြစ်စေနိုင်တဲ့ ပင်မ အကြောင်းတရား မဟုတ် သလို စိတ်ကလည်း ရုပ်ကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားတော့ မဟုတ်ဘူး။

ကျုပ်တို့မှာ ရှိနေတဲ့ သိစိတ် အခြေအနေ အားလုံးဟာ အဲ့ဟာတွေလိုပါပဲ။ ဦးနှောက်တွင်း ရုပ်ပစ္စည်း မော်လီကျူး အပြောင်းအလဲတွေကြောင့် ရုတ်ခြည်း ဖြစ်ပေါ်လာတာမျိုးသာ ဖြစ်တယ်။ လူတွေဟာလဲ သားရိုင်းတွေလိုပါပဲ။ ဇီဝဖြစ်စဉ် လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ပင်မအကြောင်း တရား အဖြစ် သိစိတ်ရဲ့ ဘယ်အခြေအနေကိုမှ သတ်မှတ်လို့ မရနိုင်လောက်ဘူး။ သက်သေမရှိဘူး။

ကျုပ်တို့ဆီက ထွက်လာတဲ့ သိစိတ်တစ်ခုက ဖြစ်လာတဲ့ အပြုအမူတစ်ရပ်ရဲ့ အကြောင်းတရားကြီး မဟုတ်ဘူး။ ဦးနှောက်က ပြတဲ့ သင်္ကေတ တစ်ရပ်ပဲ ဖြစ်တယ်။ အဲ့အပြုအမူကို ချက်ချင်း ဖြစ်ပေါ်စေတဲ့ အကြောင်းတရားရဲ့ သင်္ကေတ တစ်ရပ်ပဲ ဖြစ်ပါတယ်။”

ဟက်ဇ်လေအဖို့ သိစိတ်ဟူသည် ဦးနှောက်အတွင်း လှုပ်ရှားမှုမှ အပြိုင်ထွက်နေပြီး ဦးနှောက်အပေါ် သက်ရောက်နိုင်စွမ်း မရှိသော ဖြစ်ရပ်တို့ အနေဖြင့်သာ ယူဆပုံရသည်။

ဤအယူအဆသည် သိစိတ်၏ လက်တွေ့စမ်းသပ် သိရချက်များနှင့် မကိုက်ညီပေ။ စိတ်၏ တည်ရှိနေမှု နှင့် ယင်းစိတ်၏ အကျိုးသက်ရောက်မှု ရှိနေသည်။ အပြုအမူကို မထိန်းကျောင်းနိုင်ဟု ဆိုသော ဦးနှောက်အတွင်းက အရောင်မှုန်စလေးမျှလောက် မဟုတ်။ ကိုယ်ခန္ဓာ စွမ်းအင်တစ်ခု လုံးကို စုစည်းနိုင်သည့် စွမ်းအားပြင်း ရှိသော ပင်မဗဟိုချက်သည် စိတ်သာ ဖြစ်သည်။ ကိုယ်ခန္ဓာ စွမ်းအင်ကို ညွှန်ကြားသည်။ ပုံမှန်လည်ပတ်စေသည်။ ထိန်းချုပ်ပေးသည်။ ယင်းတစ်ခုတည်းသော အရာမှာ စိတ် သာ ဖြစ်ပါသည်။ ဦးနှောက်၏ ပြိုင်တူထွက် အပိုပစ္စည်း တစ်ရပ် မဟုတ်ချေ။

Original: JADUNATH SINHA မှ ဘာသာပြန်ဆိုသည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: