သေသည်၏ အခြားမဲ့မရှိဟူသော ဟောကင်း

Stephen Hawking

 ဝဘ် စာမျက်နှာများ လှန်လှော ကြည့်ရင်း ဘာသာပြန်ဆို ချင် လာသော ကြောင့် ပြန်ဆို ထားသော တစ်ပုဒ် ဖြစ်ပါသည်။

ကိန်းဘရစ်ခ်ျမှ ကမ္ဘာ ကျော် ရူပဗေဒ ပညာရှင် စတီဗင် ဟောကင်း ၏ ပြောကြားချက် အချို့ကို တင်ပြရန် ဖြစ်သည်။

ဟောကင်းက ၎င်း၏ ယုံကြည်ရာ မှာ ကောင်းကင်ဘုံ သို့မဟုတ် သေသည် ၏ အခြားမဲ့ ဘဝ ဟူသည် တို့သည် သေခြင်း တရားကို ကြောက်လန့် တတ်ကြသော သူများ အတွက် ခြောက်လှန့် တတ်သော ပုံဝတ္ထု များသာ ဖြစ်သည်ဟု ဆိုသည်။

အချိန်၏ သမိုင်း အကျဉ်း ဟူသော နာမည်ကျော် ရူပဗေဒ ဆိုင်ရာ ကျမ်းကို လူပိန်း နားလည်အောင် ရေးသားခဲ့သူ ဟောကင်း ကို ပြီးခဲ့သည့် တနင်္လာနေ့က ဂါးဒီးယန်း သတင်းစာမှ အင်တာဗျူး ခဲ့သည်။ ယင်း အင်တာဗျူးတွင် ဦးနှောက် အတွင်း တုံ့ပြန်မှု ဖြစ်ပေါ်သမျှ နောက်ဆုံး အချိန် ခဏတာ၏ အလွန်၌ မည်သည့် အရာမှ မရှိ ဟု ပြောကြားခဲ့သည်။

ဟောကင်းသည် အသက် ၂၁ နှစ် အရွယ်ကတည်းက အာရုံကြော ချို့တဲ့မှု ရောဂါတစ်မျိုးခံစားနေရသူ ဖြစ်သည်။

၎င်းက “လွန်ခဲ့တဲ့ လေးဆယ့် ကိုးနှစ် ကတည်းက သေမယ် ဆိုရင် သေနိုင်တဲ့ ရောဂါ ဝေဒနာနဲ့ ကျွန်တော် အသက် ဆက်လာ ခဲ့တာပါ။ သေတာကို မကြောက်ဘူး ။ ဒါပေမယ့် မြန်မြန် လည်း မသေချင်ပါဘူး။ လုပ်လို့ ရသရွေ့မှာ အဖြစ်ချင်ဆုံး အကောင်းဆုံး တော့ လုပ်သွားဦးမှာ” ဟု ဆိုသည်။

After-life image of Ancient Egypt.

“ဦးနှောက် ဆိုတာ ကွန်ပျူတာ တစ်လုံး လိုပါပဲ။ သူနဲ့ ချိတ်ဆက် ထားသမျှတွေ တွဲပျက် သွားရင် သူလည်း ရပ်သွားမှာပဲ။ ကွန်ပျူတာ အပျက်ကြီး တစ်လုံးရဲ့ အလွန်မှာ ကောင်းကင်ဘုံ လဲ မရှိဘူး၊ နောက် ဘဝလည်း မရှိဘူး။ ကျနော့အနေနဲ့တော့ အဲ့ဒါတွေဟာ အမှောင် ကို ကြောက်တတ်တဲ့ လူတွေ အတွက် ခြောက်လုံးတွေ လို့ ထင်ပါတယ်။”

ဤအင်တာဗျူးတွင် ဟောကင်းက သေခြင်း၏ အလွန်တွင် ဘဝတစ်ဖန် မရှိဟု ငြင်းဆိုသည်။ ကျွန်ုပ်တို့ နေထိုင်ရာ အတွင်း အကောင်းဆုံးပြုမူ သွားခဲ့ခြင်းဖြင့်သာ ကမ္ဘာ၏ စွမ်းပကားကို ထိန်းသိမ်းသွားခဲ့နိုင်မည် ဟု ယူဆသည်။

ကျွန်ုပ်တို့ ဘယ်ကဲ့သို့ နေထိုင်ပြုမူ သင့်ပါ သနည်း ဟု မေးသောအခါ “ကျွန်တော်တို့ လုပ်သမျှ အပြုအမူတိုင်း ကို အကောင်းဆုံး တန်ဖိုးထွက်ရှိအောင်သာ ရှာသင့်ပါတယ်”ဟု ရိုးရှင်းစွာ ဖြေကြားသွားသည်။

အခြား မေးခွန်းများ နှင့် ပတ်သက်၍ ဖြေကြားရာတွင် ၎င်းက ဇီဝကမ္မဗေဒမှ DNA ၏ ဒွိသဘာဝ တွဲဖက် သဘော နှင့် ရူပဗေဒ ၏ အခြေခံ ညီမျှခြင်း များကဲ့သို့ သော သိပ္ပံ၏ အလှတရား များ အကြောင်း ပြောပြသည်။

ဤအင်္ဂါနေ့ တွင် ဟောကြားရန် ရည်ရွယ်ထားသော ဟောကင်း ၏ လက်ချာမှာ – “ကျွန်တော်တို့ ဘာကြောင့် ဤနေရာမှာ ရှိနေရပါသနည်း” ဟူသော ခေါင်းစဉ်ဖြစ်သည်။

“သိပ္ပံပညာဟာ အခြား အမျိုးမျိုး အပြားပြား ကွဲပြားတဲ့ စကြဝဠာတွေ ဘာမှ မရှိတဲ့ သုညတ ကနေ တစ်ပြိုင်နက် တည်း ထွက်လာနိုင်တဲ့ အကြောင်း ခန့်မှန်းထားပါတယ်။ အဲ့အထဲက မှ ဖြစ်တန်ရာ အရှိဆုံး အထဲမှာ ကျွန်တော်တို့ ရောက်နေရတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဟောကင်း၏ အကြံပြုချက် တစ်ခုမှာ ဥရောပ အာကာသ အေဂျင်စီမှ ပလန့်ခ် စီမံကိန်းကဲ့သို့သော ခေတ်ပေါ် အာကာသ အခြေစိုက် ကိရိယာများဖြင့် စကြဝဠာ၏ ရှေးအကျဆုံး ခြေရာကို အလင်းအလျင်နှုန်းအတိုင်း ပြေးလွှားရှာဖွေနိုင်မည် ဖြစ်ပြီး ကျွန်ုပ်တို့နေထိုင်သော ဤနေရာသည် အာကာသအတွင်း မည်သို့ ဖြစ်ပေါ်လာကြောင်း ခြေရာခံမိနိုင်ပေလိမ့်မည် ဟူ၍ ဖြစ်ပါသည်။

Hawking and Bill Gate

rediff.com

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: