NGC 5775

Hubble အာကာသလေ့လာရေး စခန်းက ထုတ်ပြန်တဲ့ ဓါတ်ပုံဖြစ်ပါတယ်။ အဲ့ ဂလက်ဇီရဲ့ အမည်က NGC5775 ဖြစ်ပြီး၊ ဂလက်ဇီများ အစုအဝေး ( Cluster ) တစ်ခု ဖြစ်တဲ့ Virgo ထဲမှာ တည်ရှိတယ်။ ကျနော်တို့ ကမ္ဘာနဲ့ အလင်းနှစ် ၈၅ မီလျံ လောက် ဝေးတယ် ဆိုပါတယ်။

( ဒီနေရာမှာ အလင်းနှစ် ဆိုတာကို မသိသူများ ရှိလို့ ရှင်းပါမယ်။ အလင်းဟာ ( ဘယ်အလင်းမဆို ) တစက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ သွားပါတယ်။ အဲ့ အလျင်နှုန်းနဲ့ တစ်နှစ်တာ ဆိုရင် ဘယ်လောက်သွားမလဲ။ တွက်ချက်လို့ ရလာတဲ့ အလင်းသွားနှုန်း တစ်နှစ်တာ အကွာအဝေး စုစုပေါင်းကို အလင်းနှစ် တစ်နှစ်လို့ သတ်မှတ်ပါတယ်။ )

NGC 5775 က ဗဟိုချက်တစ်ခုထား လည်ပတ်နေတဲ့ ဂလက်ဇီလည်း ဖြစ်တယ်။ သူ့ရဲ့ အနားစွန်းတွေကိုတော့ ပုံမှန်အားဖြင့် မြင်နိုင်ပါတယ် တဲ့။ ဒီပုံမှာ မြင်နေရမယ့် အထဲ တစ်ခုက ဆူပါနိုဗာ ပေါက်ကွဲမှု ကြောင့် ချပ်ပြားဝိုင်းထဲကနေ ဓာတ်ငွေ့ပူတွေ အရောင်ဟပ်ထွက်နေတာ ဖြစ်ပါတယ်။ အဲ့ချပ်ပြားဝိုင်းက အခု အေးလာနေပါပြီလို့ ဆိုတယ်။

NGC 5775 မှာ စိတ်ဝင်စားစရာ နောက်တစ်ခု ရှိပါတယ်။ သူ့ရဲ့ အနီးအနားက ဂလက်ဆီ NGC 5774 ကို ဟိုက်ဒြိုဂျင် ဓာတ်ငွေ့ တံတား သွယ်ဆက်ထားတယ် တဲ့ ။ အဲ့အချက်က နက္ခတ္တသမားတွေ ဆွဲဆောင်ထားပါတယ်။ ဒီဂလက်ဆီနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု တိုက်မိထားတဲံ အနေအထား ရှိတယ်လို့ ဟာဘဲလ် က သိပ္ပံပညာရှငများ အဆိုရှိပါတယ်။ ဒါပေမယ့် ဓာတ်ငွေ့တွေ ကြယ်တွေ တွန်းတိုက် ကွဲကြေထွက်တယ် ဆိုတဲ့ အနေအထားတော့ မတွေ့ရသေးဘူးလို့ ပြောတယ်။ ဒါဟာ အတွင်းပိုင်းကျ ဒြပ်ဆွဲအား အားပြင်း ပျက်ယွင်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပြောဖို့တစ်ခု ကျန်တယ်။ ဟာဘဲလ်အာကာသ လေ့လာရေးစခန်းဟာ နာဆာနဲ့ ဥရောပ အာကာသ အေဂျင်စီတို့ ပူးပေါင်းဖွဲ့စည်းထားတာ ပါတဲ့။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: