ပေါလ်အဲဒစ်ရှ်

ကျောင်းတက် ခဲ့တာက ရူပဗေဒ ဆိုပေမယ့် ဝါသနာ ပါတာက သူနဲ့ နှီးနွယ်နေတဲ့ သချာင်္ သက်သက်ရယ်။

Paul Erdos

သချာင်္တစ်ခုတည်း ဆိုတဲ့အတိုင်း ကျောင်းတက်တော့ အရူးအမူး အားသန်တာ အဲ့ဒီ သချာင်္သက်သက်။ အွန်လိုင်းမျက်နှာစာပေါ် ရောက်တော့လည်း သင်္ချာတွေသာ အဖတ်များတယ်။ သင်္ချာအကြောင်း တော်တော် များများ ( အထူးသဖြင့် သီဝရီပိုင်း၊ အီကေးရှင်း ပိုင်းတွေကို ) ဘလော့ပေါ် တင်ရေးမယ် ဆိုပြန်တော့ တင်လို့ မရတဲ့ အခက်အခဲရှိပါတယ်။ သင်္ချာဖောင့် အခက်အခဲတွေပါ ။ ကိုယ်လဲ ကွန်ပျူတာ ဆိုတာ နကန်းတလုံး မသိလို့ ဖြစ်ပါလိမ့်မယ်။ ပရိုဂရမ်းမင်း ဆိုလား ဂျာဗား ဆိုလား ကုတ်ဒင်ဆိုလား မသိလဲမသိ၊ ရေးလည်း မရေးတတ်တော့ – မတင်တတ်တာနဲ့ မတင်ဖြစ်ခဲ့တာ ကြာပြီ။ စိတ်ကူးက ရှိနေဆဲပဲ။

အခုနောက်ပိုင်းတော့ အလျဉ်းသင့် ရင် သင့်သလို သင်္ချာ၊ ရူပဗေဒ ဆိုင်ရာလေး နည်းနည်းပါးပါး ( မတောက်တခေါက် ) ရေးကြည့်ပါမယ် ။ ပညာရပ်ဆိုင်ရာ ..အဲ..အဲ့လိုပြောရင် နဲနဲ ဂန်ကျယ်တယ်။ ဘာသာရပ်ဆိုင်ရာ Terms လေးများ ပါခဲ့ရင် သည်းခံ ကြစေချင်တယ်။ အောက်မှာ ဖော်ပြထားတဲ့ သင်္ချာပညာရှင် ပေါလ်အဲဒစ်ရှ် အတ္ထုပ္ပတ္တိဟာ ဒီစိတ်ကူးအတွက် စဦး မိတ်ဆက်သဘော သက်သက်ပါ။

…………………….
Paul Erdos တဲ့။ ပေါလ်အဲဒစ်ရှ် ( Paul Air-dish ) လို့ အသံထွက်တယ်။ ဂျူးလူမျိုး ၊ ဟန်ဂေရီယန် နိုင်ငံသား ၊ သင်္ချာပညာရှင်။ ရှိခဲ့သမျှ သင်္ချာပညာရှင် တော်တော်များများ ထက် သချာင်္ပုစ္ဆာအများစုကို တွေးခေါ် တွက်ချက်ခဲ့သူ လို့ အဆိုရှိတယ်။ အခြား သင်္ချာပညာရှင်တွေနဲ့ မတူတာက သင်္ချာ သီဝရီ အသစ်တွေ ကြံဆ ဖော်ထုတ်တာတွေ မရှိဘူး။ နည်းတယ်။ သင်္ချာပုစ္ဆာ ပြဿနာတွေ ဖြေရှင်းဖို့နဲ့ အဲ့ပုစ္ဆာပြဿနာတွေ ဖော်ထုတ်ဖို့ တင်ပြဖို့ လုပ်ခဲ့တာ များပါတယ်။ အိမ်ထောင်မရှိ၊ ကလေးမရှိ။ အခြားအသက် မွေးဝမ်းကျောင်း မရှိ။ အခြား ဘယ်ဟာမှ ဝါသနာ မပါတဲ့သူ။ ဘဝတစ်လျောက်လုံး သင်္ချာနဲ့သာ ပျော်မွေ့ခဲ့တဲ့သူ လို့ ပြောပါတယ်။

အဲဒစ်ရှ်ကို ၁၉၁၃ ၊ မတ်လ ၂၆ ရက်နေ့က ဟန်ဂေရီနိုင်ငံ၊ ဘော်ဒါပက် မြို့ မှာ မွေးတယ်။ သူ့မိဘ နှစ်ပါးစလုံးက အထက်တန်းကျောင်း သင်္ချာဘာသာရပ် စာပြ ဆရာဆရာမတွေ ဖြစ်ပြီး သူ့သားဖြစ်တဲ့ အဲဒစ်ရှ်ကို ငယ်စဉ်ကတည်းက ကောင်းကောင်း လမ်းကြောင်းခဲ့ တယ်။ အဲဒစ်ရှ်ကလည်း ငယ်စဉ်ကတည်းက အစွမ်းအစ ရှိတဲ့သူ လို့ ပြောပါတယ်။ လေးနှစ်သား အရွယ်က သူ့အမေကို ပြောဖူးတယ်။ တကယ်လို့ ဒေါ်လာတစ်ရာထဲက ဒေါ်လာ ၂၅၀ နှုတ်ရင် သုညအောက်မှာ ဒေါ်လာ ၁၅၀ ကျန်လိမ့်မယ် တဲ့။ သင်္ချာဆိုင်ရာ အနှုတ်ကိန်း အကြောင်းကို လေးနှစ်သား ကတည်းက ပြောနိုင်ခဲ့တယ် ။ အဲ့လို ဖြစ်ရပ်မျိုး ဆိုတာ မြန်မာပြည်မှာတော့ မလွယ်လှတဲ့ ဒဏ္ဍာရီ ပုံပြင်လိုပါပဲ။ ( သင်္ချာနဲ့ ဆိုင်တာ ပြောတာပါ။ အခြားဟာတွေတော့ ရှိတယ် ကြားတယ်။ ဥပမာ ပါဠိစာကို ငယ်ငယ်ကတည်းက ရွတ်တတ်၊ ပြောတတ်တယ် ဆိုတဲ့ ဟာမျိုးပေါ့။ အရင်တုန်းက မြန်မာပြည်မှာ ပေါ်ခဲ့ဖူးတယ်။ )

Paul Erdos

အဲဒစ်ရှ် ၁၈ နှစ်သားရောက်တော့ ကျောင်းမှာ စာတမ်းတစ်ခု တင်သွင်းတယ်။ မသိကိန်း ( အပေါင်းကိန်းပြည့် ) တစ်ခု n နဲ့ အဲ့ကိန်းရဲ့ နှစ်ဆ 2n ကြားမှာ သုဒ္ဓကိန်းတစ်လုံး အနည်းဆုံး ရှိကို ရှိတယ် ဆိုတဲ့ အဆိုကို မှန်ကန်ကြောင်း သက်သေပြချက် အသစ် ဖြစ်ပါတယ်။ သက်သေပြချက် အသစ် လို့ ဆိုတာက နကို အခြား သက်သေပြချက်တွေလည်း ရှိခဲ့ဖူးလို့ပါ။ အဲဒစ်ရှ် တင်ပြတဲ့ သက်သေပြချက်က အဲ့ဒီ ရှိခဲ့ပြီးသား တွေနဲ့ မတူဘူး။ သီးခြား တစ်ခု။

အဲဒစ်ရှ် အသက် ၂၁ နှစ် ၁၉၃၄ ရောက်တော့ သူနေထိုင်ရာ ဟန်ဂေရီနိုင်ငံမှာ နိုင်ငံရေး အရှုပ်အထွေးတွေ များပြားလာတယ်။ ဂျူးလူမျိုးတွေ ဟန်ဂေရီက ထွက်ပြေးကြတော့ သူလည်း ပါတယ်။ နောက်ပိုင်းမှာ အဲဒစ်ရှ်က အတည်တကျ နေထိုင်တာမျိုး မလုပ်တော့ဘဲ လှည့်လည်ပြီး ခရီးသွားနေတာ များတယ် လို့ ဆိုပါတယ်။ သူ သေဆုံးတဲ့ အထိပါပဲ။ အဲ့တော့ သူ့မှာ သူ့ကိုယ်ပိုင် ပစ္စည်းဥစ္စာရယ်လို့ များများစားစား မရှိဘူး။ အတည်တကျ လိပ်စာရယ်လို့ မရှိဘူး ။ သူ့တစ်နိုင်စာ အိတ်ကလေးနဲ့ အဝတ်အစား စသဖြင့် နည်းနည်းပဲ။ ပြီးတော့ သူနဲ့ ရင်းနှီးကျွမ်းဝင်ရာ အခြားသင်္ချာပညာရှင်များ ဆီ လှည့်လည်သွားလာနေတာ များတယ်။ “တစ်ရွာ တစ်ကျီဆောက်” ဆိုတဲ့ စကားပုံမျိုး နဲ့ ခပ်ဆင်ဆင် တစ်ခု သူ့မှာ ရှိပါတယ်။ “အခြားအိမ် ခေါင်မိုးအောက်မှာ အခြားသက်သေပြချက် တစ်ခု ရှိတယ်” တဲ့ ။ ( Another Roof , Another Proof.!!! ) ဆိုလား။🙂

အစမှာ ပြောသလို သင်္ချာနဲ့ ချည်း ရှင်သန်နေခဲ့တဲ့ အဲဒစ်ရှ်ဟာ နောက်ပိုင်း နှစ်များရောက်လာတဲ့အခါ တစ်နေ့ ဆယ့်ကိုးနာရီ သချာင်္တွေချည်း လုပ်ကိုင် လာပါတယ်။ သင်္ချာပညာအပေါ် အစွဲအလမ်း ကြီးတဲ့ သူ့အတွက် ဘယ်အရာမှ တားဆီးလို့ မရလောက်အောင် စိတ်အား ပြင်းတယ်။ သင်္ချာကလွဲလို့ ကျန်တာ ဘာမှ သိပ်မသိဘူး။ ဝတ္ထု၊ စာပေ၊ ရုပ်ရှင် ဖတ်ခဲ၊ ကြည့်ခဲတယ်။ ( တစ်သက်လုံးမှာမှ နှစ်ခါလားပဲ ရုပ်ရှင်ကြည့်ခဲ့ဖူးတယ် တဲ့ ) ဆက်ဆံရေး နေရာမှာလည်း သင်္ချာပညာ နဲ့ ဆိုင်မယ့်လူ လောက်က လွဲရင် အခြားသူကို ဆက်ဆံခဲတယ်။ ဆက်ဆံလာရရင်လည်း “ဒီပုစ္ဆာလေး စဉ်းစားကြည့်ရအောင်” ဆိုတာက စတတ်တဲ့သူမျိုး ။ ( လွန်ကို လွန်တယ် လို့ပဲ ဆိုဆို ) သချာင်္နဲ့ချည်း ရှင်သန်လာတဲ့သူ့ကို အချို့က သင်္ချာဘိုးအေကြီး၊ သင်္ချာရသေ့ကြီး ( Mathematical Monk ) လို့ ခေါ်ကြတယ်။

ဘဝတစ်လျောက်လုံးမှာ သင်္ချာသုတေသန စာတမ်း ၁၅၀၀ ကျော် ရေးသားခဲ့တယ်။ အဲ့အထဲက ၉၂၇ ခု ကို သင်္ချာပညာရှင် ကေးလေး ( Cayley ) က ထိန်းသိမ်းပေးထားတယ်လို့ ဆိုပါတယ်။ အဲဒစ်ရှ်နဲ့ အတူတူ ရေးဖော်ရေးဖက် ဖြစ်ပြီး အဲဒစ်နံပါတ် ( ၁ ) လို့ သတ်မှတ်ခံထားရတဲ့ သူ လည်း ဖြစ်တယ်။

( အဲဒစ်နံပါတ် ဆိုလို့ Erodos number ဆိုတာ ဘာလဲ ပြောစရာရှိပါတယ်။ အဲ့ နံပါတ်တွေ၊ ကိန်းဂဏန်းသဘောတွေနဲ့ ပတ်သက်လို့ သီးသန့် ရေးမှ သင့်တော်ပါလိမ့်မယ်။ )

အဲဒစ်ရှ်ဟာ သူ့ရဲ့ ဂဏန်းသီဝရီ အတွက် ၁၉၅၁ ခုနှစ်မှာ အမေရိကန် သင်္ချာပညာရှင်များ အသင်းက ပေးတဲ့ Cole Prize ရရှိခဲ့ပါတယ်။ ၁၉၈၄ မှာ Wolf Prize ရခဲ့တယ်။ အဲ့တုန်းက ဆုကြေးငွေ အမေရိကန် ဒေါ်လာ ငါးသောင်း ဖြစ်ပါတယ်။ ဒါပေမယ့် ၇၅၀ ကိုသာ ယူထားပြီး ကျန်တဲ့ ငွေတွေကို ပေးပစ်တယ်လို့ ဆိုတယ်။ ဒီ ယူထားတဲ့ ၇၅၀ ဆိုတာကလည်း သူ တင်ပြတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနိုင်သူ ရှိခဲ့ရင် ဆုကြေးငွေ အဖြစ် ပေးဖို့တဲ့။ နောင်လာနောက်သား သင်္ချာပညာရှင်လေးများ ပေါ်ပေါက်လာဖို့ အားပြုတဲ့ သဘောပါ။

သင်္ချာပညာကို မြတ်နိုးတဲ့ အပြင် ဒီလိုမျိုး အားပေးတွဲခေါ်တတ်တဲ့ အဲဒစ်ရှ်ကို ကမ္ဘာတစ်လွှားက သင်္ချာသမားတိုင်းက လေးစားကြတယ်။ ချစ်ကြတယ်။ သူကိုယ်တိုင် လေ့လာခဲ့တဲ့ နယ်ပယ်က ကျယ်ဝန်းတယ် ။ အထူးပြု အားဖြင့် ဆိုရင်တော့ ဂဏန်းသီဝရီ၊ ဂဏန်းတွဲစဉ်ကိန်း သီဝရီ၊ ဂရပ်ဖ် သီဝရီ တို့မှာ အထူးကျင်လည် ခဲ့တယ်။ ( အဲ့ သီဝရီပိုင်းတွေကိုတော့ နောက်ပို့စ်များ အနေနဲ့ ရေးပါဦးမယ်။ )

၁၉၉၆ စက်တင်ဘာ ၂၀ ရက်နေ့ ပိုလန်နိုင်ငံ ဝါဆောမြို့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ပါတယ်။

သင်္ချာဂုရုကြီး ပေါလ်အဲဒစ်ရှ်ဟာ ကျနော် အလေးစားဆုံး သချာင်္ပညာရှင်များထဲက ထိပ်ဆုံးတန်းဝင် တစ်ယောက်ပါ။ သူ့အကြောင်း ပြောမယ် ဆိုရင် ပြောစရာ အများကြီး ကျန်ပါသေးတယ်။ တစ်ခါက သူ့ကို The man who loves only numbers. ( ကိန်းဂဏန်းများကိုသာ ချစ်မြတ်နိုးသူ ) လို့  Paul Hoffman က ရေးသားထားခဲ့ပါတယ်။   ( https://zayya.wordpress.com/2010/12/18/my-master-the-one-i-want-to-be/ ) မှာလည်း  My Master, the one I want to be. ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော် တစ်ချိန်က ပို့စ်တင်ထားခဲ့ပါသေးတယ်။ ကျေးဇူး။

Paul Erdos

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: