Milky Way အပြင်ဘက်မှ

ကျနော်တို့ နေအဖွဲ့အစည်း တည်ရှိရာ ဂလက်ဇီ ( နို့ရည်ဆမ်းလမ်း ၊ Milky Way လို့ ဆိုတဲ့ ဒီဂလက်ဇီ ) အကြောင်းနဲ့ ပတ်သက်လို့ တွေ့ရှိချက် အသစ်တွေ ရှိပါတယ်။အခု ဖော်ပြထားတဲ့ ပုံမှာ ဘယ်၊ ညာ အစွန်းနှစ်ဘက်က မက္ကဇီကို၊ကောင်းဘွိုင်များရဲ့ ကောက်ရိုးဦးထုပ်ပုံစံ လုံးထားပေမယ့် တကယ်တမ်းက တစ်ဆက်တစ်စပ်တည်း ပါ။ ညအခါ  ကောင်းကင်ပြင် တစ်ခွင် ကို ( ကြည်လင်နေမယ်ဆိုရင် ) ၃၆၀ ဒီဂရီ ၊ တစ်ပါတ် အပြည့် လှည့်ပတ်ကြည့်ရင် တစ်ဆက် တစ်စပ်တည်း တွေ့နေရမယ့် ကောင်းကင်ပြင် ဖြစ်ပါတယ်။

Milky Way ဟာ ကျနော်တို့ မုန်တိုင်းတစ်ခုမှာ လို လက်တံတွေနဲ့ လည်ပတ်နေတဲ့ ချပ်ပြားဝိုင်းပါ။ ခုချိန်ထိ မသိကြသေးတာ ကတော့ အဲ့လက်တံ ဘယ်နှစ်ခု ရှိသလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေ ဖြစ်ပါတယ်။ တော်တော်များများ ငြင်းခုံနေရဆဲပဲလို့ ဆိုတယ်။ မကြာသေးမီက သိပ္ပံပညာရှင်များရဲ့ အကြံပြုချက် တစ်ခု ထွက်လာပါတယ်။ ကျနော်တို့ ဂလက်ဇီမှာ ပင်မ လက်တံကြီး နှစ်ခုပဲ ရှိပါတယ်တဲ့။ ပါစီးယပ် လက်တံ ( Perseus arm ) နဲ့ စကူတမ် ဆန်တော်ရပ် လက်တံ ( Scutum-Centaurus Arm ) လို့ နာမည်ပေးထားတယ်။ ဒီလက်တံကြီး နှစ်ခုဟာ ဗဟိုကနေ အပြင်ဘက်ကို ဆန့်ကား ထွက်နေပါတယ်တဲ့။ ကျနော်တို့ အခုမြင်နေရတဲ့ နေဟာ ပါစီးယပ်လက်တံ အနီးမှာ ရှိပါတယ်။

ဒီလက်တံကြီး နှစ်ခုရဲ့ တည်ဆောက်ပုံကို အခုနောက်ပိုင်း ပိုလေ့လာ လာကြတော့ ရရှိလာတဲ့ အသစ်တွေအရ သိပ္ပံပညာရှင် များက စိတ်ကူးတစ်ခု ပေါင်းထည့်လာကြတယ်။ စကူတမ် ဆန်တော်ရပ် လက်တံဟာ အတွင်းဘက်ကို ကွေးကုတ်နေပြီး Milky Way ရဲ့ အနားစွန်းတွေကို ပတ်ခြုံထားလိမ့်မယ်လို့ အကြံပြုကြတယ်။

အာကာသ – ရူပ သိပ္ပံရဲ့ ဟားဗတ်-စမစ်ဆိုးနီးယား ဗဟိုဌာန က ရေဒီယိုလှိုင်း ဆိုင်ရာ နက္ခတ္တဗေဒပညာရှင် သောမတ်စ်ဒိမ်း နဲ့ ပက်ထရစ် သောဒီရပ်စ်တို့က ကောင်းကင်က လာတဲ့ မိုက္ခရိုဝေ့ဖ် လှိုင်း မြေပုံတွေကို အသုံးပြုခဲ့ကြတယ်။ အဲ့ဒီ မိုက္ခရိုဝေ့ဖ် လှိုင်းတွေဟာ စကူတမ် ဆင်တောရပ် လက်တံ အတွင်းက ဖြတ်လာတာတွေ ဖြစ်ပါတယ်တဲ့။ အဲ့ဒီကနေ သိလာကြတာက Milky Way ရဲ့ အခြားတစ်ဖက် အဲ့လက်တံနဲ့ နွယ်ဆက်ပြီး ဓာတ်ငွေ့တန်း တစ်ခု တည်ရှိနေတယ် ဆိုပါတယ်။ ဒါကို သိနိုင်ဖို့ ဌာနတွင်းမှာ သုံးတဲ့ သူတို့ရဲ့ တယ်လီစကုပ်က ၁.၂ မီတာ ရှိတယ်။

သောဒီယပ်စ်က ပြောပါတယ်။ ဒါဟာ ဒီဂလက်ဇီနဲ့ ပတ်သက်လို့ မမျှော်လင့်ဘဲ တွေ့ရတဲ့ အချက် တစ်ခုပါတဲ့။ ဒီ ဓာတ်ငွေ့တန်း ရှိနေတယ် ဆိုတာကို ဘယ်သူမှ မခန့်မှန်းထားမိ ကြဘူး ။ ကျနော်တို့ အာကာသ ဖွဲ့စည်းပုံအတွင်း ၃၆၀ ဒီဂရီ ပတ်ပတ်လည် တပြည့် ကြည့်ကြည့် လို့ ရနိုင်ပါတယ်

အခုတွေ့ရှိချက် အသစ်အရဆိုရင် Milky Way နဲ့ အဲ့ဒီ မော်လီကျူး ဓာတ်ငွေ့တိမ်တိုက်တွေဟာ ပျမ်းမျှ အလင်းနှစ် ၆၈၅၀၀ ဝေးပါတယ်။ ကျနော်တို့ ဂလက်ဇီ တစ်ခုလုံးရဲ့ အပြင်ဘက်စွန်း နားမှာ လှည့်ပတ်နေကြတယ်။ ဒါ့ကြောင့်လဲ နက္ခတ္တ ပညာရှင်တွေ တော်ရုံနဲ့ မသိခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဂလက်ဇီဟာ မက္ကဇီကန်လူမျိုးတွေရဲ့ ဦးထုပ်လို တကယ့် ပြားပြားချပ်ချပ် ပုံမျိုး ရှိပါတယ်။ သူ့ရဲ့ အနားစွန်းတွေမှာသာ ဒီဂရီ အနည်းငယ် ကွေ့ကောက်နေတယ်လို့ သောဒီးယပ်စ်က ပြောတယ်။ ဒီ ဓာတ်ငွေ တိမ်တိုက်တွေကြောင့် စကူတမ်- ဆင်တော်ရပ်စ် လက်တံဟာ သူ့ရဲ့ တစ်ဘက်က ပါစီးယပ်စ် လက်တံနဲ့ ခေါက်ချိုး ညီ သွားတယ်။ ကျနော်တို့နဲ့ အလင်းနှစ် ၆.၁ မီလျံ ကွာဝေးတဲ့ Great Barred Spiral ဂလက်ဇီ နဲ့ ပုံစံခြင်း တူသွားတယ်။ သောဒီးယပ်စ်ကပဲ ဆက်ပြောတာက – ကျနော်တို့ နကို တွေးထားတဲ့ ပုံစံမျိုးထက်ကို အခုတွေ့ရတာတွေက ပိုပြီး အချိုးကျ နေပါတယ် တဲ့။

အာကာသ – ရူပ သိပ္ပံ စာနယ်ဇင်း ( Astrophysical Journal Letters ) က စာတမ်းတစ်စောင်မှာ သူတို့ရဲ့ တွေ့ရှိချက်တွေကို ကျယ်ကျုယ်ပြန့်ပြန့် ရေးထားတာ ရှိပါတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: