US သမ္မတများနဲ့ နာဆာ ( ၁ )


၁၉၅၇ အောက်တိုဘာမှာ ရုရှားပြည်ထောင်စု က ကမ္ဘာ့ ပထမဦးဆုံး ဂြိုလ်တု ဖြစ်တဲ့ စပွတ်နစ်ခ် အမှတ် ၁ ကို လွှင့်တင်တယ်။ အဲ့ဒီအချိန်မှာ အမေရိကန် သမ္မတက ဒွိုက်အိုင်ဆင်ဟောင်ဝါ ဖြစ်ပါတယ်။ ရုရှား ဂြိုလ်တုကြောင့် အင်အားကြီး နှစ်နိုင်ငံအကြား ပါဝါယှဉ်ပြိုင်ရေး လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ အာကာသတွင်း စစ်အေးပြိုင်ပွဲ လို့တောင် ပြောရမယ် ထင်တယ်။ ဒီအကြောင်းကြောင့် ၁၉၅၈ မှာ NASA ကို စတင် ဖွဲ့စည်းပါတယ်။

အိုင်စင်ဟောင်ဝါက တာတို ကြည့်တတ်တဲ့သူ မဟုတ်ဘူး။ သိပ္ပံဆိုင်ရာ လုပ်ငန်းတွေမှာ စီးပွားရေးရော စစ်ရေးပါ ရေရှည် မျှော်တွေး ကြည့်တတ်တဲ့ သူလို့ ဆိုတယ်။ အာကာသ သိပ္ပံ ဖွံ့ဖြိုးတိုးတက်မှုကို တန်ဖိုးထားတယ်။ ဥပမာ – ရုရှား ဂြိုလ်တု စပွတ်နစ် အမှတ် ၁ မတိုင်ခင် ၁၉၅၇ – ၅၈ ခုနှစ် နိုင်ငံတကာ ဘူမိ-ရူပ နှစ်အတွက် အာကာသဂြိုလ်တု ပရိုဂရမ်တွေ ရေးဆွဲဖို့ ညွှန်ကြားခဲ့ဖူးတယ်။ ပရိုဂျက်တိုင်တွေနဲ့ သွားတဲ့ ( ကမ္ဘာ့ဆွဲအားအတွင်းတင် သွားတဲ့ ) ဒုံးပျံ နဲ့ လည်း ပတ်သက်တယ်။ ဒါကြောင့်လည်း ၁၉၅၈ ၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အိက်စ်ပလိုရာ အမှတ် ၁ ကို အောင်အောင်မြင်မြင် လွှင့်တင်နိုင်ခဲ့တယ်။ ဒါတင် မက သေးဘူး ၁၉၆၀ မှာ ဒစ္စကာဗာရာ ၁၄ ကို ထောက်လှမ်းရေး ဂြိုလ်တု အနေနဲ့ စတင်ခဲ့ပါတယ်။

၁၉၆၀ နောက်ပိုင်း နှစ်တွေမှာ နာဆာ အပေါ် အားပေးထောက်ကူ ပေးခဲ့တာက သမ္မတ ကနေဒီ။ ၁၉၆၁ မေလ ၂၅ ရက်နေ့ ကွန်ကရက် မတိုင်ခင် ပြောခဲ့တဲ့ ကမ္ဘာကျော် မိန့်ခွန်းစကား ဟာ နာဆာအတွက် အားဆေးလည်း ဖြစ်ခဲ့ပါတယ်။

၁၉၆၁၊ ဧပြီလ ၁၂ ရက်နေ့မှာ အာကာသတွင်း သွား ပထမဆုံး လူသားက ရုရှား အာကာသယဉ်မှုး ယူရီဂါဂါရင် ဖြစ်ပါတယ်။ ဒီလို ပါဝါ ပြိုင်ဆိုင်မှုမှာ အားနည်းနေတယ်လို့ မြင်လာတဲ့အခါ ရုရှားကိုနောက်ခံထားတဲ့ ကျူးဘား ခေါင်းဆောင် ဖီဒယ်လ်ကတ်စ်ထရို ကို ယိုင်နှဲ့မယ်ဆိုတဲံ အမေရိကန်တွေရဲ့ အစီအစဉ်ဟာ ၁၉၆၁ ဧပြီလမှာ ဖယ်ဖျက်လိုက်ရတယ်။

ရုရှားတွေနဲ့ ယှဉ်ပြိုင်ဖို့ နည်းလမ်းတွေ၊ အမေရိကန် တွေရဲ့ ဂုဏ်သိက္ခာ ပြန်လည် ထူထောင်ရေးတွေ (😀 ) ၊ တိုင်းပြည်ရဲ့ နိုင်ငံတကာ ရေးရာ ခေါင်းဆောင်ပိုင်း ကဏ္ဍ ပြန်လည် ကြီးကြပ်နိုင်ဖို့ တွေအတွက် ကနေဒီနဲ့ သူ့လူများက ပြန်လည် ညှိနှိုင်း ပြင်ဆင်ကြရပြန်တယ်။ အဲ့ဒီကနေ ၁၉၆၀ များ အကုန်မှာ လပေါ်ကို ခြေချမယ်ဆိုတဲ့ အစီအစဉ် ဖြစ်လာတော့တာပါပဲ။ ကနေဒီရဲ့ မိန့်ခွန်းဟာ ဒီကိစ္စကို အခြေပြုပါတယ်။

ရလာဒ်အဖြစ် အပိုလို စီမံချက် အကောင်အထည်ပေါ်လာတယ်။ နာဆာကလည်း လကမ္ဘာပေါ် ခြေချပေးနိုင်ရေး အသည်းအသန် ကြိုးပမ်းတယ်။ ၁၉၆၉ မှာ အောင်မြင်ပါသတဲ့။ ၁၉၇၂ အပိုလို ခရီးစဉ် အပြီးမှာ အမေရိကန်လဲ ဒီစီမံချက်အတွက် ဒေါ်လာ ၂၅ ဘီလျံ ( အခုခေတ်နှုန်းနဲ့ ဆို ဘီလျံ ၁၀၀ ကျော် ) ကုန်သွားတယ်။

ဆိုဗီယက် ရုရှားနဲ့ ပြိုင်ဖို့အတွက်ကို နောက်သမ္မတ လင်ဒန်ဂျွန်ဆင်ကလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါသေးတယ်။

၁၉၅၀ နောက်ပိုင်း ဆီးနိတ် အထူးခေါင်းဆောင် တစ်ယောက်အနေနဲ့ စပွတ်နစ်ကိစ္စကို သတိပေးခဲ့တဲ့သူ၊ မြေပြင်သာ မကဘူး၊ အာကာသတစ်ခွင်ပါ ပါဝါ အာဏာ ဖြန့်ကျက်နိုင်ရေး အတွက် ဂြိုလ်တု လွှတ်တင်ဖို့ ဖိအားပေးခဲ့တဲ့သူ ဖြစ်ပါတယ်။ သမ္မတ ကနေဒီ ကိုယ်တိုင်က သူ့ရဲ့ ဒုသမ္မတ ဖြစ်တဲ့ ဂျွန်ဆင်ကို ဒီအာကာသ စီမံကိန်းနဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချ လွှဲပေးထားတယ်။ ကနေဒီ လုပ်ကြံခံရပြီးနောက်မှာ ဂျွန်ဆင်ဟာ ဦးစီးမှုးချုပ် ဖြစ်လာပြီး အပိုလို စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်ခဲ့ပါတယ်။

ဒါပေတဲ့ ဗီယက်နမ် စစ်စရိတ်၊ လူမှုစီမံချက် အသုံးစရိတ်တွေ ထောင်းတာကြောင့် နာဆာရဲ့ ဘတ်ဂျတ်လည်း တော်တော်ကြီး ထိခိုက်ခဲ့တယ်။ စိတ်ကူးကနေ လက်တွေ့ ဖန်တီးမယ့် အစီအစဉ်တွေ ရယ်လို့ ဖော်ဆောင်လာခဲ့တဲ့ ပြင်ပ ဂြိုလ်ကမ္ဘာများနဲ့ ပတ်သက်ပြီး ထိန်းကွပ်နိုင်ဖို့ ၊ နျူ လက်နက်စွမ်းအင် တောင့်တင်းခိုင်မာဖို့ အဆိုပြုချက် တစ်ရပ် တင်သွင်းခဲ့ပါသေးတယ်။

ရလာဒ် အဖြစ် ၁၉၆၇ မှာ ပြင်ပအာကာသ စီမံကိန်း စာတမ်း ( OST ) ထွက်ပေါ်လာတယ်။ အဲ့စာတမ်းဟာ ကနေ့ နိုင်ငံတကာ အာကာသ ဆိုင်ရာ ဥပဒေရဲ့ အခြေခံလည်း ဖြစ်လာပါတယ်။ အဲ့ OST ကို ( အရင်၊ ဆိုဗီယက်ယူနီယံ၊ အခု ) ရုရှား အပါအဝင် အာကာသသိပ္ပံ ထွန်းကားတဲ့ နိုင်ငံ တိုင်းက အတည်ပြု လက်ခံထားကြပြီးပြီ လို့ ဆိုပါတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: