Electron’s shape

The Large Hadron Collider is searching for signs of supersymmetry

အီလက်ထရွန် မှုန်လေးတွေဟာ စက်လုံးပုံသဏ္ဍာန် နဲ့ နီးပါး တူနေ ကြောင်း စမ်းသပ် သိရှိကြပြီ လို့ ဆိုပါတယ်။
တော်တော်များများ သိပြီးတာကို ပြန်ပြောရရင် – ရုပ်ဝတ္ထုတိုင်းကို အက်တမ် ( Atom ) လို့ ခေါ်တဲ့ အမှုန်လေး တွေနဲ့ ဖွဲ့စည်းထားတယ်။ အဲ့အမှုန်လေး တွေကို ထပ်ခွဲကြည့်ရင် ပရိုတွန် ၊ နျူထရွန်၊ အီလက်ထရွန် ဆိုတဲ့ အမှုန်တွေ ပေါင်းစပ် ထားကြောင်း တွေ့ ရပြန်တယ်။ ဒါ့ကြောင့်မို့လဲ သူတို့ကို ( Sub-atomic particles ) အက်တမ်အောက် အမှုန်တွေ လို့ ခေါ်ခဲ့တယ်။ အဲ့ အမှုန်လေးတွေကို မှ ထပ် စိတ်ပိုင်း ကြည့်တော့ – Quark လို့ အမည်ပေးထားတဲ့ အမှုန်စလေးတွေနဲ့ ဖွဲ့တည်ထား ပြန်သတဲ့။ အခု လက်ရှိ Quark တွေကိုတော့ ထပ်မခွဲ နိုင်သေးပါဘူး။

အဲ့သလို ရုပ်ဝတ္ထု တွေကို ခွဲခြမ်း စိတ်ဖြာရင်း သေးငယ်သည်ထက် သေးငယ်တာတွေ တွေ့လာရတယ် ဆိုပေတဲ့ အဲ့တွေ့ပြီးသား အမှုန်တွေနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ သိနေရပြီ လို့ တော့ မဆိုနိုင်သေးပါဘူး။ ဒီလို အမှုန်တွေ ရှိတယ် ဆိုတာက မြင်ရတာလည်း မဟုတ်ဘူး။ သိပ္ပံ ဆိုင်ရာ စမ်းသပ်ချက် တွေကနေ အနုမာန သွယ်ဝိုက် မှန်းဆ သိခဲ့ရတာမျိုး။

အခု အီလက်ထရွန် ဆိုတာက အက်တမ်တစ်လုံးရဲ့ ဗဟိုကို လှည့်ပတ်နေတဲ့ အနှုတ်ဓာတ် သဘောဆောင် အမှုန် ဖြစ်ပါတယ်။ အက်တမ် တစ်လုံးရဲ့ အလယ်ဗဟိုမှာ အပေါင်းဓာတ် ဆောင် ပရိုတွန်နဲ့ ဓာတ်မရှိတဲ့ နျူထရွန်တို့က ပေါင်းရက်သားလေး ရှိကြတယ်။ နေကို ကျနော်တို့ ကမ္ဘာက လှည့်ပတ်နေသလို ပရိုတွန်၊ နျူထရွန် ပေါင်းပြီး တည်ရှိနေတဲ့ အဲ့အလယ် ဗဟိုကို အီလက်ထရွန် အမှုန်လေးတွေက သူ့လမ်းကြောင်းနဲ့ သူ လှည့်ပတ်နေကြတယ်။ အဲ့ဒီ အီလက်ထရွန် အမှုန်လေး ရဲ့ ပုံသဏ္ဍာန်နဲ့ ပတ်သက်လို့ ( အရပ်သား အခေါ်အနေနဲ့ဆိုရင် ) စက်လုံး ပုံစံ လုံးဝန်းနေလိမ့်မယ်လို့ အကြမ်းဖျဉ်း ပြောခဲ့ ကြတာ။ ဒါပေတဲ့ ရူပဗေဒ သီဝရီ တွေမှာတော့ – အီလက်ထရွန် ဟာ အပြည့်အဝ မလုံးနိုင်ဘူး လို့ မှန်းဆအဆိုတွေပြုထားတာ ရှိတယ်။ ဥပမာ- ကမ္ဘာလို ပေါ့။ ကမ္ဘာကို အကြမ်းဖျဉ်းအနေနဲ့ လုံးတယ် လို့ ခေါ်ဆိုနိုင်ပေမယ့် – တောင်ဝင်ရိုးစွန်း မြောက်ဝင်ရိုးစွန်း ထိပ် ၊ ဘိတ် နှစ်ဘက်က ညှပ်ပြီး အနည်းငယ်လောက်တော့ ပြားနေတယ်။ စက်လုံးပုံ သဏ္ဍာန် အပြည့်အဝ မဟုတ်ဘူး တဲ့။


London, Imperial ကောလိပ်က သုတေသန သမား တစ်ယောက် ဖြစ်တဲ့ Dr. Johny Hudson က “ပုံမှန်အနေနဲ့ ဆိုရင်တော့ အီလက်ထရွန်ကို ဘောလုံးလေး တစ်လုံး ပုံစံ တွေးကြတယ်။ ဒါပေသိ ရူပဗေဒ သီဝရီ အချို့မှာ ပြောထားတာ တွေက မလုံးပါဘူးတဲ့။ အဲ့တော့ အတိအကျ ဆုံးဖြတ်လို့ ရနိုင်အောင် လက်တွေ့စမ်းသပ်ချက် လုပ်ရပါတယ်။” လို့ ပြောထားတယ်။

လက်ရှိ သုံးနေတဲ့ အကောင်းဆုံး သီဝရီကို Standard Model လို့ ခေါ်ကြပြီး ၊ အဲ့မှာ – အီလက်ထရွန်ဟာ လုံးဝ လုံးဝန်းနေရမယ် ဆိုထားတာ ရှိတယ်။ ဒါပေမယ့် ဒြပ်ဆွဲအား ဘယ်လို အလုပ်လုပ်သလဲ ဆိုတာရယ်၊ စကြာဝဠာအတွင်း အခြား ဖြစ်စဉ်တွေ ဘယ်လို ဖြစ်ပေါ် လာရသလဲ ဆိုတာရယ် နဲ့ ပတ်သက်လို့ ဒီ Model က ရှင်းပြ မပေးနိုင်ဘူး။ အဲ့တော့ ဒီသီဝရီကို အပြည့်အဝ ကောင်းတဲ့ သီဝရီ လို့ မသတ်မှတ်ထားဘူး။

Hudson တို့ ရူပဗေဒ ပညာရှင်တွေက Standard Model ရဲ့ အလွန် – ရူပဗေဒ သဘောတရား တစ်ရပ်ကို ထည့်သွင်း စဉ်းစား တယ်။ အဲ့ ထည့်သွင်းထားတဲ့ သီဝရီကို Supersymmetry ( တန်းမြင့် ခေါက်ချိုးညီမှု သဘော ) လို့ လူသိများကြပါတယ်။ ဒီ သီဝရီမှာ ပြောထားတာက – Standard Model က ပြောသလိုမျိုး မဟုတ်ဘူး။ အီလက်ထရွန်တွေက အပြည့်အဝ လုံးနေရမယ် ဆိုတာ မဟုတ်ဘူး။ ကြက်ဥ ပုံသဏ္ဍာန် ၊ လုံးလုံးရှည်ရှည်မျိုး ရှိနေရမယ် တဲ့။

အဲ့ဂလို ဖြစ်လာတာတွေမို့ နောက်ပိုင်း သုတေသန သမားတွေဟာ အီလက်ထရွန် လုံးတယ်၊ မလုံးဘူးနဲ့ ပတ်သက်လို့ တော်တော် ခေါင်းစားပါတယ်။ စမ်းသပ်ချက် တော်တော်များများလဲ လုပ်ခဲ့ ကြတယ်။ အဖြေထွက်လာခဲ့ တာက Supersymmetry ပြောတာ မှားတယ်လို့ ပြဆိုနေတယ်။ ဒါကလည်း အကြမ်းဖျဉ်း သဘော ဖြစ်နေတယ်။ အဲ့ဒါကြောင့် Dr. Hudson က – “စမ်းသပ်ချက်တွေကို ဒီ ငါးနှစ်အတွင်း လေးဆ လောက် ပိုပြီး တိကျ အောင် လုပ်ရဦးမှာပါ ။ အဲ့ဒီနောက်မှ Supersymmetry နဲ့ ပတ်သက်လို့ အတိအကျ ပြောနိုင်မယ်။ Standard Model မရှင်းပြနိုင်တဲ့ ရူပဗေဒ ဖြစ်စဉ်တွေကို အခြားသီဝရီ တွေ နဲ့ ရှင်းပြနိုင်လာလိမ့်မယ် ထင်တယ်။ တကယ်လို့ ကျနော်တို့ မြင်ရတာက ပုံပျက်ပန်းပျက် အီလက်ထရွန် ဆိုရင်တော့ Supersymmetry ကို မှန်တယ်လို့ ဆိုရမှာပဲ။” လို့ ပြောသွားပါတယ်။

အမေရိကန် မက်ရှီကန် တက္ကသိုလ် ပါမောက္ခ အဲရွန် လင်းနတ် က ဒီကိစ္စကြောင့် အဏုမြူ ရူပဗေဒနဲ့ ပတ်သက်လို့ ကြီးကြီးမားမား ပြောင်းလဲသွား မှာတော့ ဟုတ်ဘူး တဲ့။ ဒါပေသိ တိုင်းတာ စမ်းသပ်လို့ ရလာသမျှ ကတော့ လက်ရှိသီဝရီ တွေအတွက် အထောက်အကူ ဖြစ်လာမှာ အမှန်ပဲ လို့ ဆိုတယ်။Dr. Hudson ကလည်း ဒီအီလက်ထရွန် ဆိုတာက ရုပ်ရဲ့ အခြေခံအကျဆုံး အုပ်မြစ်တွေထဲက တစ်ခုပါတဲ့။ အဲ့တော့ ဒီဟာလေးရဲ့ ပုံသဏ္ဍာန် တကယ်အစစ် အမှန် ဘယ်လို ဆိုတာ ကျနော်တို့ သိသင့်ပါသတဲ့။

The researchers used lasers to measure the shape of the electron

Ref – http://www.bbc.co.uk/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: