Innate Ideas ရှိ/မရှိ

“လူသည် မွေးရာပါ ကတည်း ကပင် အသိရှိပြီးသူ ဖြစ်သည်။” ဟု ဆိုကြသည်။

John Locke

ဟုတ်ပါသလား ။ ဤအဆို၏ အမှန် အမှားနှင့် ပတ်သက်၍ ခေတ်သစ် ဒဿနိက နယ်ပယ်တွင် အကျယ် တဝင့် ဆွေးနွေး ငြင်းခုံ နေကြဆဲ ဖြစ်သည်။ အထူးသဖြင့် လူ၏ အတွင်းစိတ်ကူးထည်များ တည်ရှိမှု ရှိ/မရှိ ဟု တနည်း မေးခွန်းထုတ်နိုင်သည်။

ဗြိတိသျှ လက်တွေ့ပဓာန ဝါဒီများ ဖြစ်ကြသော ဂျွန်လော့ဂ် ( Locke ) နှင့် ဒေးဗစ် ဟျုမ်း ( David Hume ) တို့က လူ့အတွင်းစိတ်ကူးထည် နှင့် ပတ်သက်၍ သံသယ ရှိကြသည်။ ကျနော်တို့သည် မိမိတို့ အာရုံ ငါးပါး ကို အသုံးချ ၍သာ သင်ယူမှု ပြုကြရ သူများ ဖြစ်သည်။ ပတ်ဝန်းကျင် နှင့် ကျနော်တို့ အာရုံများ တိုက်ရိုက် ထိတွေ့ အသုံးချ၍ အချက်အလက်များ စုယူပြီး မှသာ ကျနော်တို့ သိအပ်သည့် အရာ၊ သိရမည့် အရာ ၊ သိလိုသည့် အရာများကို ရရှိ လာခြင်း ဖြစ်သည်။

မီးသည် ပူသည်။
သကြားသည် ချိုသည်။ – တို့ကဲ့သို့ အသိမျိုး ကို တိုက်ရိုက်သိ ( Direct Observation ) ဖြင့် ရရှိ သကဲ့သို့ ယင်းတိုက်ရိုက်သိသော စိတ်ကူးထည် များကို ပေါင်းကူး ဆက်စပ်ကာ ဆင်ခြင်ယူသိ ( Inference ) ဟူ၍ ရသည်လည်း ရှိသည်။ ဥပမာ –

…………………………………………….

ရှေးကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့မြင် စမ်းသပ်ရခြင်း – တိုက်ရိုက်သိ
လက်ရှိ တွားသွား သတ္တဝါ အိမ်မြှောင်များ မြင်တွေ့ ရခြင်း – တိုက်ရိုက်သိ
………………………………
ထို့ကြောင့် –
ဒိုင်နိုဆော အသိပညာ ရရှိခြင်း – ဆင်ခြင်သိ

……………………………………………..

ထို့ကြောင့်ပင် “လူ၏ အသိဥာဏ်၊ အသိပညာ အစုအပေါင်း သည် ယင်းလူတို့နှင့် ပတ်ဝန်းကျင်၏ အညမည မှီတွယ် သုံးသပ်ပြီး ထွက်ပေါ် လာရခြင်း ဖြစ်သည်။” ဟူသော အဆိုတစ်ရပ်မှာ လွန်ခဲ့သော ရာစုနှစ် ၏ လူမှုသိပ္ပံ ပညာ အတွက် အခြေခံ အကျဆုံး အဆို ဖြစ်လာသည်။

ဤအဆိုသည် နိုင်ငံရေး အရ ဆွဲဆောင်မှု ရှိပါသည်။ လူ၏ စိတ်ကူးထည် ၊ အသိဥာဏ်သည် ပတ်ဝန်းကျင် အပေါ် အမှီသဟဲ ပြုရသည် ဟု သာ အမှန် ဖြစ်ခဲ့လျှင် ယင်း ပတ်ဝန်းကျင်ကို လုံးဝ ပြောင်းလဲပစ် လိုက်ခြင်းဖြင့် ကျနော်တို့၏ စိတ်ပိုင်း ဆိုင်ရာများ၊ အသိပညာများ ကို ပြောင်းလဲ ပစ်နိုင်ရမည်။ ကျနော်တို့၏ နိမ့်ကျနေသော စိတ် အစဉ် များ၊ ယုတ်နိမ့် နေရသော အသိပညာများကို ဤသို့ ပြောင်းလဲခြင်း နည်း အားဖြင့် တိုးတက်အောင် ဖော်ဆောင် နိုင်ရမည်။ ဤအချက်ကို နားလည် ရန် ခက်ခဲမည် မဟုတ်ပါ ။ သို့သော် ဤအတိုင်း ဧကန် အမှန် ဖြစ်ပါသလား။

ရှေးကျသော ဒဿန အစဉ်အလာ တွင်မူ ဤသို့ မဟုတ်ပေ။ ကျနော်တို့ စိတ်ပိုင်း၊ အသိပညာ ဖွဲ့စည်းမှု သည် မွေးဖွား လာကတည်းက အခြေခံအားဖြင့် တပါတည်း ပူးတွဲ ပါလာပြီး ဖြစ်သည် ဟု ဆိုသည်။ အရန်သင့် ဆော့ဖ်ဝဲများ ( Pre – packaged software ) များ ကြိုတင် ထည့်သွင်း ထားပြီးသော ကွန်ပျူတာ တစ်လုံးနှင့် ဆင်တူမည် ထင်သည်။

Plato

အများ အားဖြင့် ဤကဲ့သို့သော အယူအဆ မျိုးကို ပညာရှင် ပလေတို ၊ ဆော့ခရတ္တိ နှင့် နှောင်းခေတ် ရိုးရိုး သင်္ချာ ပညာရှင် အများစုက လက်ခံထား ကြသည်။ ပလေတို၏ မီနို ( Meno ) ကထာ တွင် ဆော့ခရတ္တိ နှင့် မီနိုတို့က အစေခံ ကောင်လေး တစ်ယောက်ကို စမ်းသပ် လျက် ၊ ဤ သဘောကို အခြေ အတင် ဆွေးနွေး ထားကြောင်း တွေ့ရမည် ဖြစ်သည်။ သင်္ချာ ပညာရပ် ဆိုင်ရာ သီဝရီ မဆိုထားနှင့်၊ ဝေါဟာရ မျှပင် မကြားဖူး လောက်သော သူငယ် တစ်ယောက်ကို မေးခွန်းပုံစံ ပြ လမ်းခင်း ပေးခြင်း ဖြင့် ယင်းသူငယ်သည် မိမိဘာသာ မိမိ သင်္ချာ အယူ အဆ တစ်ခုကို နားလည် လာသည်။

မီနို ကထာ ၏ တစ်နေရာတွင် အောက်ပါ အတိုင်း ပြောဆိုထားသည်။

Soc. This knowledge which he now has must he not either have acquired or always possessed?
Meno. Yes.
Soc. But if he always possessed this knowledge he would always have known; or if he has acquired the knowledge he could not have acquired it in this life, unless he has been taught geometry; for he may be made to do the same with all geometry and every other branch of knowledge. Now, has any one ever taught him all this? You must know about him, if, as you say, he was born and bred in your house.
Men. And I am certain that no one ever did teach him.
Soc. And yet he has the knowledge?
Men. The fact, Socrates, is undeniable.
Soc. But if he did not acquire the knowledge in this life, then he must have had and learned it at some other time?

အလားတူ ဤရက်ပိုင်းအတွင်း ဖတ်မိသော အခြား ဘလော့ တစ်ခု တွင် တွေ့ရ သည်မှာ လည်း အောက်ပါ အတိုင်း ဖြစ်ပါသည်။

“ဤအကြောင်းအရာတို့ နှင့် ပါတ်သက်၍ အသင်တို့သည် ဆော့ခရတ္တိကို မယုံကြည် ပါက အမေဇုံ တော အတွင်းရှိ ရှေးမျိုးနွယ် လူစု ဖြစ်သော Mundurucu လူမျိုး တစ်ဦးကို မေးမြန်း ကြည့်နိုင်သည်။ ယင်း လူမျိုး များသည် ဘာသာစကား အားနည်းသည့် အပြင် – ကျနော်တို့ အပါအဝင် အခြားမည်သည့် လူမျိုး နှင့်မျှ မဆက်နွယ်၊ စပ်ယှက်မှု မရှိ။ အထူးသဖြင့် သူတို့ ဘာသာ စကားတွင် ယနေ့ခေတ် သင်္ချာ အခြေခံ ဝေါဟာရများ လုံးဝ မရှိ။

“သို့သော် ယူကလစ် ဂဲဩမေတြီ၏ အခြေခံ Concept များ ဖြစ်သော

  • မျဉ်းတစ်ကြောင်းသည် အမှတ်နှစ်မှတ်ကို ဆက်သွယ်နိုင်သည်။
  • တြိဂံတိုင်း၏ အတွင်းထောင့်များ ပေါင်းခြင်း သည် တူညီသည်။
  • မျဉ်းပြိုင် နှစ်ကြောင်းသည် တစ်ခု နှင့် တစ်ခုမည်သည့်နေရာတွင်မျှ ဖြတ်သွားမည် မဟုတ် ။

စသော – အဆိုများနှင့် ပတ်သက်၍ နားလည် သိရှိကြကြောင်း တွေ့ရသည်။”

ဤ စကားရပ်များသည် ပြင်သစ် နိုင်ငံ အမျိုးသား သိပ္ပံဌာနမှ ပါမောက္ခ Pierre Pica နှင့် အဖွဲ့ ၏ လေ့လာချက် စာတမ်းများ မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ သူတို့က Mundurucu လူမျိုးများ ၏ သိမြင်နိုင်စွမ်းနှင့် ပတ်သက်၍ အထူးပြု လေ့လာသည်။ Dr. Pica က “Mundurucu တွေရဲ့ ဘာသာစကားမှာ ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ ပြောရရင် – နီးစပ်တန်ဖိုး အနေနဲ့ပဲ ရှိတယ်။ ဂဲဩမေတြီနဲ့ ပတ်သက်တဲ့ ဟာမျိုး၊ စကားလုံး မျိုး ဆိုရင် လုံးဝ မရှိဘူး။ ဥပမာ – စတုဂံ ၊ တြိဂံ၊ မျဉ်းပြိုင်၊ စသဖြင့် ပေါ့။ မရှိဘူး။ ဒါပေမယ့် ကျနော် တို့ဆီက တက္ကသိုလ် ဝင်တန်း ကျောင်းသား တစ်ယောက် ၊ အထက်တန်းကျောင်းသား တစ်ယောက် သိနိုင် လောက် တဲ့ သင်္ချာ အချို့ကို သူတို့ နားလည်ကြတယ်။ အဲ့တော့ .. ဒီ သင်္ချာအသိပညာ လို ဟာမျိုးက အခြေခံ ဘာသာစကား တောင် မလိုအပ်ဘူးလား၊ စဉ်းစားစရာ ဖြစ်လာတယ်”

Dr. Pica ၏ အမေး၊ စကားသည် ဘာသာစကား နှင့် သိမှု ဗေဒတို့ ထိပ်တိုက် တွေ့ဆုံမှု အကြောင်း ဖြစ်သည်။ သို့သော် ၎င်း၏ တွေ့ရှိချက် ၊ စမ်းသပ်ချက် တို့မှာ မီနိုကထာ တွင် ဆော့ခရတ္တိနှင့် လူငယ်တို့ စမ်းသပ်ကြသည် များနှင့် အလား သဏ္ဍာန် တူနေသည်ကို တွေ့ရသည်။

ထို့ကြောင့် “အသိဥာဏ်သည် အတွေ့အကြုံ နောက်မှ ဖြစ်သည်” ဟူသော ဂျွန်လော့ခ် တို့က တစ်ဖက်၊ “အသိဥာဏ် သည် အတွေ့ အကြုံ မပါဘဲလည်း တည်ရှိသည်” ဟူသော ပလေတို တို့က တစ်ဖက်၊ ဘက်နှစ်ဖက် လွန်ဆွဲ ကြရာ၌ ပလေတို တို့ဘက် က အနည်းငယ် အားသာ လျက် ရှိနေပေသည်။

Dr. Pica

Mundurucu လူမျိုး ကလေးငယ် များနှင့် ခရစ်ယာန် သီလရှင်များ

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: