ဘွိုင်းကောက် ဋီကာ ( Download )

DOWNLOAD
HOTFILE
MEGAUPLOAD
RAPIDSHARE

မနေ့က “ယူနီဘာစီတီ လေးချိုး” ( https://zayya.wordpress.com/2011/06/08/uni/ ) ၌ အကြောင်းကို မေးထားခြင်းကြောင့် အဖြေကို တင်ရှိပါသည်။ ယင်းလေးချိုးမှာ ဘွိုင်းကောက် ဋီကာ ၊ ပထမအကြိမ်ထုတ် ၊ စာမျက်နှာ ( PDF – page – 288 ) တွင် ပါရှိသည်။ အဘယ်အကြောင်း ဖြင့် ယင်း လေးချိုး ဖြစ်ပေါ်လာရခြင်း ဟူသည်ကို ဖြေဆိုရန်မှာ အကျယ် အနေဖြင့် ဘွိုင်းကောက်ဋီကာ တစ်စောင်လုံး ရှုကြည့်ပါက ပိုမို အကျိုးများ နိုင်သောကြောင့် Upload တင်လိုက်ပါသည်။ အဆင်ပြေရာ လင့်ခ်မှ ဒေါင်းယူနိုင်သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း – ယင်းလေးချိုး ရေးရခြင်း အကြောင်း ကို အကျဉ်းအနေဖြင့်သာ သိလိုပါလျှင် ဘွိုင်းကောက် ဋီကာ၏ အစဦး အဖွင့် တေးထပ်ဖြင့် ပေါ်လွင် ပါလိမ့်မည်။ အင်္ဂလိပ် ကိုလိုနီခေတ် ၊ ကျောင်းသားများ သပိတ် အတွက် ချီးမြှင့် ကွပ်ကဲပေးသော ကြွေးကြော်သံ – စာပေ – အမြှောက်တစ်လက် မြည်ဟိန်း ထွက်ပေါ်လာသည် ဟု အတိုချုံး အစပျိုး ထားသည် ဖြစ်ရာ အမေးစကား ဆိုထားသော ကိုရဲကျော်အောင် အတွက်လည်း သင့်မြတ်လောက်မည် ဟု ထင်ပါသည်။
……………………………….
ဘွိုင်းကောက်ဘွဲ့ တေးထပ်

ဘွိုင်းကောက် ခေါ် – ကျမ်း အစတွင်မှ ၊ ကမ္မဋ္ဌာန်း ဆရာ့ အာရုံ။ ပန်းသက၊ လွှာငုံလို။ မြန်မာဘုံ ပျံ့မွှန်း ။
သပိတ်ဓာတ် – မပြတ်တည်မည်၊ ကဗ္ဗဋ္ဌီ – ငါးဆင့် မော်ကွန်း။ ။

အင်္ဂလိပ် – အင်ပါယာမှာ ၊ မင်္ဂလာ ပေါ်ထွန်း၊ သင်္ခါရာ မျှော်ညွှန်းလို့။ ဩော် – လွန်းဘို့ သူဖန်။ ။
လောကီမှာ ယောဂီ မှိုင်း ပေလို့။ တောမှီဂိုဏ်း – ကျင့်ဝတ် စိတ်သန်။ ခွင့် မချွတ် – ဓိဋ္ဌာန်သည်။ သပိတ်သံ၊ အိတ်သံ၊ တရားရယ် နှင့်။ နိဗ္ဗာန် တံခါး – စကိုင်းချောက်ဆီမှာ။
ဘွိုင်းကောက် ဋီကာ၊ မှိုင်း အမြှောက် – မမှီသာအောင်၊ အမြည်မှာ လွန်လွန်းလိမ့်လေး။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: