စွမ်းအင်မည်း ရှာဖွေရေး သမားများ ( သို့မဟုတ် ) နိုဘယ်လ်ဆုရှင်များ

Saul Perlmutter, Adam Riess and Brian Schmidt

၂၀၁၁ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်၊ လောရင့်စ် ဘာကလေ အမျိုးသား ဓာတ်ခွဲဌာန က သိပ္ပံပညာရှင် ဆောလ် ပါမက်တာ (Saul Permutter) ၊ ဘယ်လ်တီမိုး-ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က အဒမ် ရိစ် (AAdam Riess)၊ ဝက်စ်တမ် ခရိ – ဩစတြေးလျ အမျိုးသားတက္ကသိုလ်က ဘရိုင်ယန် ရှမစ်ဒ် (Brian Schmidt)တို့က ခွဲဝေ ရရှိပါတယ်။

အဝေးတစ်နေရာက နေပေါက်ကွဲမှု ဖြစ်စဉ်တွေကို လေ့လာရင်း စကြာဝဠာရဲ့ ပြန့်ကားမှု အရှိန်နှုန်းကို တွက်ချက်ဖော်ထုတ်ခဲ့တာ တွေ အတွက် ချီးမြှင့်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပါမက်တာက နိုဘယ်ဆုရဲ့ ဆုကြေးဖြစ်တဲ့ SEK 10m ( စတာလင်ပေါင် 934,000 ) တစ်ဝက်ကို ရရှိတာဖြစ်ပြီး၊ ရိစ်နဲ့ ရှမစ်ဒ်တို့က အခြားတစ်ဝက်ကို ရရှိပါတယ်။

ဆွီဒင် သိပ္ပံဆိုင်ရာ တော်ဝင် အကယ်ဒမီက ပြောကြားရာမှာ “လွန်ခဲ့တဲ့ နှစ် ၁၄ ဘီလျံလောက်က စတဲ့ မဟာပေါက်ကွဲမှု ( Big Bang ) ဖြစ်စဉ် အပြီးမှာ စကြာဝဠာဟာ ပြန့်ကားထွက်လာနေတယ်လို့ ကျနော်တို့ သိခဲ့ရတာ ရာစုနှစ်တစ်ခု နီးပါး ရှိပါပြီ။ ဒါပေမယ့် ဒီပြန့်ကားနှုန်းဟာ အရှိန်မြင့်နေတယ်ဆိုတဲ့ တွေ့ရှိချက်ကတော့ အံ့အားသင့်စရာ ကောင်းတယ်။ တကယ်လို့သာ အဲ့သလို အရှိန်နဲ့ အဟုန်နဲ့ ပြန့်ကားနေမယ်ဆိုရင် ဒီစကြဝဠာဟာ အေးခဲသွားပါလိမ့်မယ်” လို့ ဖော်ပြတယ်။

၁၉၃၂ ခုနှစ်က အဲလ်ဘတ် အိုင်းစတိုင်းနဲ့ ဝီလ်လမ် ဒဲ စစ်တာ တို့နှစ်ဦး တင်ပြခဲ့တဲ့ ပုံစံငယ် တစ်ခုအရ ဒြပ်ဆွဲအားကြောင့် စကြဝဠာရဲ့ပြန့်ကားနှုန်းဟာ နှေးကွေးသွားမယ် လို့ သိပ္ပံပညာရှင်အများစုက ယုံကြည်ထားတာပါ။ ၁၉၈၀ ခုနှစ်များ လောက်မှာတော့ ဒီ ယုံကြည်ချက်ကို ထောက်ခံမယ့် ဘယ်အချက်အလက်မှ မတွေ့ရှိခဲ့ကြဘူးလို့ ဆိုတယ်။ အဲ့ဒါကြောင့်လည်း နောက်ပိုင်းမှာ အိုင်းစတိုင်းရဲ့ ယေဘုယျ နှိုင်းရသီအိုရီထဲက အိုဟောင်းနေပြီးဘေးဖယ်ထားခဲ့ရတဲ့ စကြာဝဠာ ကိန်းသေ ၊ ( Lambda λ ) ကို အချက်အလက်တွေ ဖြေရှင်းဖို့ မထည့်မဖြစ် ပြန်ထည့်ခဲ့ကြရတယ်။

ဒီစကြာဝဠာကိန်းသေ ကို ၁၉၁၇ ခုနှစ်က အိုင်းစတိုင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ အိုင်းစတိုင်းက စကြာဝဠာဟာ တည်ငြိမ်နေရမယ်လို့ ယုံကြည်ထားတဲ့အတွက် ဒြပ်ဆွဲအားရဲ့ ဆွဲငင်တတ်တဲ့သဘောကို ပြန်လှန်တွန်းကန် တဲ့အနေနဲ့ တွက်ချက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ သူက ဒါကို အာကာသ ( Space ) ရဲ့ ဂုဏ်သတ္တိတစ်ခု အနေနဲ့ စဉ်းစားခဲ့တာပါ။ နောက်ပိုင်းမှာတော့ အာကာသတစ်ခွင် အညီအမျှ ပြန့်နှံ့နေတဲ့ စွမ်းအင် တစ်ခု အဖြစ် ဖွင့်ဆိုလာကြတယ်။
အကယ်၍သာ Lambda တန်ဖိုးက သုညထက် ကြီးနေမယ်ဆိုရင် စွမ်းအင်ကြားမှာ ဖိအားလျော့နည်းပြီး ဆွဲငင်အားကို တွန်းလှန်ဖို့ အကြောင်း ရှိပါတယ်။ သို့ပေမယ့် အိုင်းစတိုင်းက ဒီကိန်းသေအပေါ် မကျေလည်တာကြောင့် နောက်ပိုင်း ၁၉၃၁ ခုနှစ်မှာ စွန့်ပယ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အက်ဒ်ဝင် ဟာဘယ်လ်နဲ့ မီလ်တန်ဟူမာဆင်တို့က စကြာဝဠာပြန့်ကားနေတယ်လို့ ဖော်ထုတ်နိုင်ခဲ့ကြတယ်။

၁၉၈၇ မှာ ဘာကလေ၊ ကယ်လီဖိုးနီးယား အမျိုးသားတက္ကသိုလ်နဲ့ လော့ရင့်စ် ဘာကလေ အမျိုးသား ဓာတ်ခွဲဌာနက ရူပဗေဒ ပညာရှင်များဟာ ကြယ်တာရာပေါက်ကွဲမှု ဖြစ်စဉ် လေ့လာရေး စီမံချက် ( SCP ) ကို စတင် အကောင်အထည်ဖော်ပါတယ်။ အဝေးတစ်နေရာက ပေါက်ကွဲနေကြတဲ့ ကြယ်များကို စူးစမ်းဖို့ ၊ အဲ့ဒီ ကြယ်တာရာ ပေါက်ကွဲမှု ( Supernova ) တွေကို မှတ်တမ်းပြုရင်း အရင်တင်ပြထားခဲ့တဲ့ သီအိုရီလို စကြာဝဠာရဲ့ ပြန့်ကားနှုန်း ဘယ်လို နှေးကွေးသွားမလဲဆိုတာ တွက်ချက်နိုင်ဖို့ မျှော်လင့်ထားခဲ့ကြတယ်။
တကယ်မှာတော့ အိုင်းစတိုင်းရဲ့ Lambda ( λ ) စကြာဝဠာကိန်းသေ တန်ဖိုး ကို ဖယ်ခဲ့ရင်တောင် စကြာဝဠာတွင်း ဒြပ်ပမာဏနဲ့ သိပ်သည်းဆ အချိုးအစားဟာ စကြာဝဠာ ပြန့်ကားနှုန်းကို နှေးကွေးသွားစေဖို့ လုံလောက်တယ်လို့ အများစု မျှော်လင့်ထားကြပါတယ်။ ဆိုလိုတာက စကြာဝဠာပြန့်ကားမှု အရှိန် တဖြေးဖြေး လျော့ကျသွားမှာလို့ ယုံကြည်ခဲ့ကြတာပါ။

၁၉၈၈ ခုနှစ်၊ လေ့လာချက်တွေ အပြီးမှာ Supernova လေ့လာရေး ပြိုင်ဘက် အုပ်စု နှစ်စု ဖြစ်တဲ့ ရှမစ်ဒ်နဲ့ ရိစ် တို့ဦးဆောင်တဲ့ the High-Z Supernova Search Team နဲ့ ပါမက်တာ ဦးဆောင်တဲ့ SCP တို့ဟာ ရလာဒ် တစ်ခုကို အတူတကွ ရှာတွေ့လာကြတယ်။ အဲ့ဒါကတော့ စကြာဝဠာဟာ မျှော်လင့်ထားကြသလို မနှေးကွေးသွားဘဲ ၊ အရှိန်အဟုန်မြှင့် ပြန့်ကားနေဆဲ ဆိုတဲ့ အချက်ပါပဲ။

ဒီအရှိန်နှုန်းကို တွက်ချက်၊ ထိန်းချုပ်ဖို့ က စကြဝဠာရဲ့ ဒြပ်-စွမ်းအင် ပမာဏတန်ဖိုး ၇၅ ရာခိုင်နှုန်းလောက် ကို ဒြပ်ဆွဲအားဆန့်ကျင် ဝတ္ထုတွေမှာ ထည့်ပေါင်းရပါလိမ့်မယ်။ အဲ့ဒီဝတ္ထုတွေက ဘယ်သူမှမမြင်ဘူးကြတဲ့ အရာတွေဖြစ်ပြီး dubbed dark energy လို့ အမည်ပေးထားကြတယ်။ ဒီဝတ္ထုတွေက ကျနော်တို့ စကြာဝဠာရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ်လို့ ယူဆနိုင်နေပါတယ်။

ဒီကနေ့ ရူပဗေဒ သီအိုရီများမှာ Dark energy ( စွမ်းအင်မည်း ) ဟာ လက်ရှိ စကြာဝဠာရဲ့ ၇၅ ရာခိုင်နှုန်း ရှိပြီး စွမ်းအင်မည်း ၂၁ ရာခိုင်နှုန်းနဲ့ ကျန်ဒြပ်ထု ၊ စွမ်းအင်များကြောင့် ကမ္ဘာအပါအဝင် ဂြိုလ်နဲ့ နေများ ဖွဲ့တည်ထားရခြင်း ဖြစ်တယ်လို့ ပါရှိတယ်။
“အခု ၂၀၁၁ ခုနှစ် နိုဘယ်ဆုက သိပ္ပံပညာမှာ စကြာဝဠာအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိဖို့ လိုနေသေးတယ်လို့ ဖော်ပြနေသလိုပါပဲ၊ ဘယ်အရာမဆို ဖြစ်သွားနိုင်တယ်” လို့ ဆွီဒင် သိပ္ပံဆိုင်ရာ တော်ဝင် အကယ်ဒမီမှာ ဖော်ပြထားတယ်။

ချီကာဂို တက္ကသိုလ်က စကြာဝဠာဗေဒ ပညာရှင် မိုက်ကယ် တာနာ ပြောကြာရာမှာတော့ “ပါမက်တာ၊ ရိစ်နဲ့ ရှမစ်ဒ်တို့ ရဲ့ နိုဘယ်ဆုက တကယ့်ကို ထိုက်တန်ပါတယ်၊ ရူပဗေဒပညာရှင်များနဲ့ အာကာသဗေဒ ပညာရှင်များကြားမှာ ဒီအုပ်စုနှစ်စုရဲ့ ယှဉ်ပြိုင်မှုက အားရစရာ ကောင်းပါတယ်။ ပိုပြီး အံ့ဩစရာကောင်းတာက အုပ်စုနှစ်စု စလုံး အဖြေတစ်ခုတည်း ရရှိနေကြတာ ဖြစ်ပြီး၊ တစ်စုနဲ့ တစ်စု ဘာတွေလုပ်နေခဲ့တယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြတာပဲ” လို့ ဆိုတယ်။

A NASA image of an unusual galaxy cluster that contains a bright core of relatively cool gas surrounding a quasar called 3C 186. (Courtesy: X-ray: NASA/CXC/SAO/A Siemiginowska et al.; optical: AURA/Gemini Observatory)

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: