ဥပါဒါန်ကိုယ်စီနှင့်


ကျနော်တို့ နေ့စဉ် မြင်မြင်သမျှ တွေက ကျနော်တို့ ထင်သလို အစစ်အမှန်တွေ ဟုတ်ပါသလား။ အကြောင်းရှိရင် အကျိုးဖြစ်တယ် ဆိုတဲ့ နိယာမကို ကိုယ့်အသိ၊ ကိုယ့်အတွေ့နဲ့ မှတ်ယူတတ်ကြတာ ကျနော်တို့ အတွက် ကျင့်သားရနေပြီ မဟုတ်လား ။ ဘယ်အချိန် ၊ ဘယ်အနားမှာ အကြောင်း နဲ့ အကျိုး ကွင်းဆက်စီးကြောင်းတွေ ပြတ်တောက်ခဲ့သလဲ သိပါ့မလား ။

ဒီမေးခွန်းတွေကို ဖြေဖို့အတွက်က – ကျနော်တို့ ဘဝတစ်လျောက်လုံး မှန်မှန်ကန်ကန်တွေချည်း လုပ်ခဲ့ဖူးပါသလားဆိုတဲ့ အမေးက စရပါမယ်။ လူသားတိုင်းနီးနီး ဘဝခရီးေ လျာက်လှမ်းရာမှာ အမှားဆယ်ခါမှာမှ အမှန်တစ်ခါ ရခဲ့ကြတာ။ ကိုယ့်အမြင် ကိုယ့်ဥပါဒါန်နဲ့ ကိုယ်သန်ရာ ကိုယ်စွဲပြီး ကောက်ချက်ချ ၊ အဖြေထုတ်၊ အလုပ်လုပ်ခဲ့ကြတာ များပါတယ်။

အသိလက်လွတ် ရှိသူတွေ မဆိုထားနဲ့၊ ဆင်ခြင်တုံတရား ပြည့်ဝလှချည့် ဆိုသူများမှာတောင် မမျှော်လင့်ရာ တစ်ထောင့်တစ်နေရာက ဖောက်ပြန်မှု၊ သွေဖည်မှု ၊ မအောင်မြင်မှု ဆိုတာ ကြုံကြရတာချည်းပါ။ အဲ့တော့ .. လူတွေရဲ့ ဆင်ခြင်ဥာဏ် ( Reason ) နဲ့ လူတွေရဲ့ အလေ့အလာ၊ အရှုအမှတ် ( Observation ) ဟာ ပန်းတိုင်တစ်ခုအတွက် ၁၀၀% အကျိုးပြု နိုင်ပါ့မလား။

ဒီမေးခွန်းကို စဉ်းစားရင်း – အဖြေမထုတ်ခင်မှာ အောက်က ဖိုင်လေးနှစ်ခုကို ကြည့်စေချင်ပါတယ်။ ဒီဖိုင်ကို Richard Wiseman ဆိုတဲ့ စိတ်ပညာရှင်လည်းဖြစ် ပဉ္စလက်ပညာရှင်လည်း ဖြစ်သူက သူ့ရဲ့ ဆိုဒ်လေးမှာ တင်ထားခဲ့တယ်။ အထက်က အတွေးတွေကိုလည်း ဒီဖိုင်လေး ကြည့်ရင်း တွေးကြည့်မိပါတယ်။ ဒီနေရာမှာ သိစေချင်တာ နောက်တစ်ခု က အတွေးဆိုတာ — အဖြေ မဟုတ်ပါဘူး။ အဖြေ ဆီသွားရာ လမ်းကြောင်းရှာခြင်းသာ ဖြစ်ပါတယ်။ စာရှုသူတို့ ကိုယ်စီကိုယ်စီ ဘဝဖြတ်သန်းရင်း ရခဲ့တဲ့ အမြင်တွေနဲ့ ကိုယ့် ကိုယ်ပိုင် အဖြေကို ကိုယ်ရှာတာ အကောင်းဆုံး ဖြစ်ပါတယ်။

Credit – http://richardwiseman.wordpress.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: