သတိရှိသူ = ရှင်သန်နေထိုင်သူ

ကျနော်တို့ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် အသိမူမိ ၊ သတိရှိမိတဲ့ အတိုင်းသာ ရှင်သန်နေကြတာ ဖြစ်ပါတယ်။ အသိရှိတယ်၊ သတိ ရှိတယ် ဆိုတဲ့အချက်ဟာ ရှင်သန်မှုနဲ့ ပျက်သုဉ်းမှု ကြားကို ပိုင်းခြားပေးထားတယ်။ အသက်ရှူ နေရုံမျှနဲ့က ရှင်သန် နေတာ မဟုတ်ပါဘူး။ နှလုံးခုန် နေရုံမျှနဲ့ ရှင်သန်နေတာ မဟုတ်ပါဘူး။ အသိ မရှိဘူးဆိုရင်တောင် ရုပ်ပိုင်း ဆိုင်ရာ အရတော့ ဆေးရုံပေါ်မှာ ဆန့်ဆန့်ကြီး ဖြစ်နေမယ့် လူနာ တစ်ယောက် ဆိုပါတော့။ သူကလည်း ပဲ ရှင်သန် နေနိုင်တယ်။ အသက်ရှင်နေတယ်လို့ ပြောမယ်။ ဒါပေမယ့် အဲ့ဒါက တကယ် အသက်ရှင်နေတာ ဟုတ်ပါရဲ့လား ။
ခင်ဗျားမှာ နှလုံးတွေ ခုန်နေဦးမယ်။ အသက်ကလည်း ရှူ နိုင်သေးတယ်။ နှစ်နဲ့ ချီပြီး ရှင်သန် နေနိုင်ဦးမယ့် ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ထိန်းထား နိုင်ဦးမယ်။ ဒါပေမယ့် ဒါဟာ စက်ပစ္စည်းတစ်ခုလို လည်ပတ်နေတာ၊ နှလုံးခုန်နေတာ ၊ သွေးစီးဆင်းနေတာ သက်သက် ဖြစ်ပါတယ်။
ဒီကမ္ဘာတစ်ခွင်က တိုးတက်ပါတယ် ဆိုတဲ့ တိုင်းပြည်တွေမှာ ဆေးရုံပေါ် ဆန့်ဆန့်ကြီး ငြိမ်သက်နေရတဲ့ လူနာဦးရေ အများ အပြား ရှိပါတယ်။ တိုးတက်တဲ့ နည်းပညာတွေ အရ သေချိန်ကို ဆေးဝါးနဲ့ ကိရိယာတွေနဲ့ ဆွဲဆန့်ထားတယ်။ မျှော်လင့်ချက် တွေနဲ့ ရုပ်ပိုင်းဆိုင်ရာကို ကုစား၊ ဆိုင်းငံ့ပစ်တယ်။ ရက်နဲ့လား၊ နှစ်နဲ့လား၊ ရာစုနဲ့ ချီလား၊ ဆန့်နိုင်သမျှ ဆန့်ကြည့်ကြမယ်။ ဒါဟာ ဘဝပါလို့ ဆိုရင် အဲ့လူတွေက အသက်ရှင်နေရုံ ပဲ ဆိုပါတော့။ စင်စစ် အနေ နဲ့တော့ ဒါဟာ ဘဝ မဟုတ်ဘူး။ ဘာ အသိမှ မရှိဘဲ ရှင်သန် နေရုံမျှလေးဟာ ဘဝ မဟုတ်သေးဘူး။
ဗုဒ္ဓ ဘာသာဝင် တွေရဲ့ အဓိပ္ပာယ် ခံယူချက်က ကွဲပြားတယ်။ အဲ့ အဓိပ္ပာယ် ခံယူချက်မှာ အသိ၊သတိရှိမှုက အဓိက နေရာမှာ ရှိတယ်။ အသက်ရှူရုံလေး ရှိမယ့် သူတို့ကို အသက်ရှင်တယ် လို့ဆိုကောင်း ဆိုကြပါလိမ့်မယ်။ ဒါပေတဲ့ ရှင်သန် နေထိုင်နေတာ မျိုးတော့ မဟုတ်ဘူး။ နှလုံးသွေး လျောက်နေရုံမျှနဲ့လည်း ရှင်သန်နေတယ်လို့ မခေါ်ဘူး။ သတိနိုးကြား ရှိနေသူကိုသာ ရှင်သန် နေတယ်လို့ ပြောကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် သတိရှိသူ၊ အပ္ပမာဒ မမေ့မလျော့ နေထိုင်သူကိုသာ စင်စစ် ရှင်သန်နေသူလို့ ဆိုရပါလိမ့်ယ်။ သူတို့လို ပကတိ ငြိမ်သက်လျက်သား မဟုတ်သေးဘူး – ကျန်တဲ့- လှုပ်ရှား၊ သွားလာ၊ နေထိုင် ပြောဆိုနေမှုတွေမှာလည်း အပ္ပမာဒ ကင်းလွတ်ရင် ကင်းလွတ်တဲ့ အလျောက် စက်ရုပ်လူ တွေချည်း ( တစ်နည်း ) သေလူတွေ ချည်း ဖြစ်နေပါတယ်။ ဒီအချက်ကို လေးလေးနက်နက် စူးစိုက်ကြည့်စေချင်ပါတယ်။
ဒါကြောင့်လည်း –
အပ္ပမာဒ၊ မမေ့မလျော့ ဖြတ်သန်း နေထိုင်သွားခြင်း သည်သာ စစ်မှန်တဲ့ ဘဝနေနည်းလို့ ဗုဒ္ဓက မိန့်ဆိုခဲ့တယ်။ များများ သတိကပ် နိုင်လေ၊ များများ ရှင်သန် နိုးကြားလာလေပဲ။ ဒီအကြောင်းတွေကြောင့် ရှင်သန် နိုးကြားမှု ဘဝနဲ့ အပ္ပမာဒကို ဗုဒ္ဓမြတ်စွာ အဖန်တလဲလဲ ဟောကြား ခဲ့ပါတယ်။ နိုးကြားမှု ဘဝဟာ ပန်းတိုင်ဆိုရင် အပ္ပမာဒ၊ မမေ့မလျော့ ၊ သတိရှိခြင်းဟာ လမ်း။ ဘဝရှင်သန်နိုးကြားမှု ရရှိနိုင်မယ့် လမ်းလို့ ခေါ်ဆိုရပါလိမ့်မယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: