ဇင် ( Paradox 1,2 )

ဥဿုံဗလာကျင်း ကောင်းကင်ပြင်ကျယ်လို
ဘောင်မရှိ၊ ကလနား မရှိ။ ။
လေးနက် ရှင်းလင်းတဲ့ ဒီနေရာလေး တစ်ခုသာ ရှိတယ်။

ခင်ဗျား ရှာကြည့်တဲ့အခါ
ဘယ်လိုများ တွေ့နိုင်ပါ့မလဲ
ခင်ဗျား ဘယ်လိုများ ဖမ်းယူ နိုင်ပါ့မလဲ
ဒါပေမယ့် ခင်ဗျားအတွက် ဘယ်တော့မှ မဆုံးရှုံးသွားမယ့် တစ်ခုလည်း ဖြစ်ပါတယ်။
ဖမ်းယူလို့ မရမယ့် ပစ္စည်းမဟုတ်တဲ့ ပစ္စည်းလို့ မြင်တဲ့အခါ ခင်ဗျား သူ့ကို ရမှာပဲ။
တိတ်တိတ်လေး နေကြည့်၊ သူ စကားပြောလိမ့်မယ်။
စကားနည်းနည်း ပြောကြည့်ပါ၊ သူ အသံတိတ်သွားလိမ့်မယ်။

မဟာ့မဟာတံခါးဝက လက်တံရှည်ကြီးနဲ့ ဟင်းလင်းဖွင့်ထားလေရဲ့
အဆီး မရှိ၊ အတားမရှိ။

၁။
အရှင်းလင်းဆုံးက စပြောတာ ကောင်းမယ်။ ဇင် ဟာ ဘုရားသခင်ဝါဒ မဟုတ်ဘူး။ သူက ဘာသာရေး တစ်ခုပဲ ။ ဘုရားသခင် ဝါဒ မဟုတ်တဲ့ ဘာသာရေးပါ။ ရှာမှရှားပဲ ဆိုပါတော့။ အခြား အခြား ဘာသာရေး တွေ ကမ္ဘာမှာ ရှိတယ်။ အားလုံးနီးပါး ဘုရားသခင် ဆိုတဲ့ အယူ အပေါ်မှာ အခြေခံကြတယ်။ ဘုရားသခင် ဝါဒတွေလို့ ခြုံပြီး ခေါ်နိုင်ပါတယ်။ ဘုရားသခင်ကို သာ အဓိက ဗဟိုပြုထားပြီး လူသားကို အဓိက မထားဘူး။ လူသားမှာ အဆုံးမသတ်ဘူး။ သူတို့ရဲ့ အဆုံးသတ်က ဘုရားသခင် ဆိုတာမှာသာ ရှိပါတယ်။ သို့ပေမယ့် ဇင်ကတော့ ဒီလို မဟုတ်ဘူး။ ဇင်ဟာ လူသားကို ပန်းတိုင် ထားတယ်။ လူသားဟာ သူကိုယ်တိုင်မှာသာ အဆုံးသတ်ရှိတယ်။ လူသားရဲ့ အထက်မှာ ဘုရားသခင် မရှိဘူး။ ဘုရားသခင် ဆိုတာ ရှိခဲ့ရင် လူသားအတွင်း ပုန်းကွယ်နေတဲ့ တစ်စုံတစ်ခုပဲ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ဇင်မှာ ဘုရားသခင် အယူအဆ မရှိဘူး။ ရှိစေချင်ရင်လည်း ခင်ဗျားရဲ့ ဇင်ဟာ ဘာသာရေး မဟုတ်တော့ဘူး။ ဒါဆို ခင်ဗျားက ပြန်မေးမယ်။ ဘုရားသခင် မရှိဘဲ ဒီ ဇင်ကို ဘာသာရေးလို့ ဘာလို့ ခေါ်ရတာလဲ လို့။ စင်စစ် ခရစ်ယာန်၊ မိုဟာမက်၊ ဟိန္ဒူ၊ ဂျူး တို့လို ဘာသာတွေဟာ ဇင်နဲ့ ဘယ်လိုမှ မတူဘူး။ ဒါဆို ဘုရားသခင် ဆိုတာ မရှိဘူး ဆိုရင် ဘုရားမဲ့ဝါဒ ပေါ့လို့ ခင်ဗျား ထပ်မေးမယ်။ ဘုရားသခင်မပါတဲ့ ဘုရားဝါဒပါလို့ ကျနော် ပြန်ဖြေရပါလိမ့်မယ်။

အရင်းခံ အကျဆုံး တစ်ခုက ဒီလိုပါ။ ခင်ဗျား ကိုယ်တွင်းကို ခင်ဗျား နက်နက်ရှိုင်းရှိုင်း မြင်ကြည့်ဖို့သာ လိုတယ်။ အဲ့အခါ ရှင်းရှင်းလင်းလင်း နားလည်သွားမှာပဲ။

ဇင် မှာ ပြောလိုတာတွေက ဘုရားသခင်ဆိုတာ ဘာသာရေးအတွက် အပြင်ပိုင်း ပစ္စည်း မဟုတ်ဘူး။ အတွင်းပိုင်းသာ ဖြစ်တယ်။ ဟိုမှာ မရှိဘူး။ ဒီမှာပဲ ရှိတယ်။ ဟုတ်ပါတယ်။ တကယ့်တကယ်တမ်းမှာ ဇင် အတွက် “ဟိုမှာ” ဆိုတဲ့ စကား မရှိဘူး။ အရာအားလုံးဟာ “ဒီမှာ” ပဲ ရှိတယ်။ အဲ့လိုပဲ ဘုရားသခင် ဆိုတာ နောင်အချိန်မှာ ရှိတာ မဟုတ်ဘူး။ “ဒါပြီးတဲ့နောက်” မဟုတ်ဘူး။ ဘုရားသခင်က “အခု” ပဲ။ အခြား အချိန် ဆိုတာတွေ မရှိဘူး။ အခြားဒေသ ဆိုတာ မရှိ၊ အခြား ကာလဆိုတာ မရှိ။ အခုခဏမှာသာ အားလုံးရှိပါတယ်။ အခုခဏမှာသာ ဘဝ၊ဖြစ်တည်ချက်၊ ရှင်သန်မှု ရှိတယ်။ ဒီခဏမှာသာ အားလုံး ဖြစ်ပျက်ပါတယ်။

ခင်ဗျားဒါကို မသိဘူးလား။ ခင်ဗျား မသိတာဟာ ဒါတွေက မမှန်ပါဘူးလို့ ဆိုလိုတာ မဟုတ်ဘူးရယ်။ ဒါတွေကို မြင်နိုင်ဖို့ ခင်ဗျားမှာ အမြင် မရှိသေးဘူး လို့ ပဲ ရိုးရိုး အဓိပ္ပာယ် ထွက်ပါတယ်။ တကယ်တော့ ဘုရားသခင်ဟာ ခင်ဗျား လိုက်ရှာဖွေနေဖို့ မဟုတ်ဘူး။ မျက်လုံး ဖွင့်ကြည့်ရုံလေး လိုအပ်တာပါ။ ဘုရားသခင်က ခင်ဗျားဆီမှာတင် ဖြစ်ရှိနေပြီးသား။

၂။
ဇင်မှာ ဘယ်ဆုတောင်းမှ အသုံးမဝင်ဘူး။ ဘယ် ဆုတောင်းမှ မလိုအပ်ဘူး။ ခင်ဗျား ဆုတောင်းမယ်ဆို ဘယ်သူ့ကို သွား ဆုတောင်းမလဲ။ ဘုရားသခင်က ဟိုမှာ ထိုင်နေတာလား။ ကောင်းကင်ပေါ်မှာ ထိုင်နေတာလား။ ခင်ဗျား ဆုတောင်းနေတဲ့သူက တစ်နေရာက နေပြီး ခင်ဗျား ဘဝကို ညွှန်ကြား ဖန်တီးနေတာလား။ အဲ့လို ညွှန်ကြားထိန်းကျောင်းနေသူ ရှိလို့လား။ တကယ်တော့ မရှိပါဘူး။ ဘဝဟာ ကိုယ်ပိုင် လမ်းကြောင်းနဲ့ ကိုယ် ရွှေ့လျားနေတာပဲ ဖြစ်တယ်။ ဘဝရဲ့ အပြင်ဘက်မှာ အမိန့်ပေး ညွှန်ကြားနေတဲ့ တစ်ဦး တစ်ယောက်မှ မရှိဘူး။ ဒီလို အခွင့်အာဏာနဲ့ ညွှန်ကြားမယ့်သူ ရှိမယ်ထင်ရင်လည်း ဘဝကို ကျွန်ဇာတ်သွင်းတာပဲ ဖြစ်တယ်။ ဘုရားသခင်က အမိန့်ပေးတာ ဆိုရင် ခင်ဗျားက အစေခံတစ်ယောက်၊ ကျေးကျွန်တစ်ယောက်တော့ အနည်းဆုံး ဖြစ်သွားရပြီ။ ခင်ဗျား လွတ်လပ်ခွင့်တွေ အားလုံး ဆုံးရှုံးသွားပြီ။

ဇင်မှာ အဲ့ဒါ မရှိပါဘူး။ ခင်ဗျားမှာ လွတ်လပ်မှု အပြည့်ရှိကြောင်းပဲ ပြောပါတယ်။ အုပ်စိုးသူ၊ ညွှန်ကြားသူ ဘယ်နေရာမှာမှ မရှိဘူး။ လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းသာ အဆုံးစွန်ဆုံး အန္တိမ ဖြစ်တယ်လို့ပဲ ပြောပါတယ်။

တကယ်လို့သာ ဇင်ရဲ့ အချို့အဝက်ကို နစ်ရှေး သိလိုက်ခဲ့မယ် ဆိုရင် သူဟာ ရူးသွားမယ့် အစား နက်နက်နဲနဲ နားလည်စရာ တစ်ခုခု ရသွား နိုင်ပါတယ်။ သူဟာ တကယ့်အချက်ကြီးကို ပစ်ဆောင့်ဝင်ခဲ့သူ ဖြစ်ပါတယ်။ “ဘုရားသခင် မရှိတော့ဘူး၊ ဘုရားသခင် သေပြီ၊ လူတွေ လွတ်လပ်ပြီ” လို့ ကြွေးကြော် ခဲ့သူပါ။ ဒါပေမယ့် သူ့ရဲ့ ပင်ကို အခြေခံကို ပြန်ကြည့်ကြည့်။ သူ့မူလ၊ သူ့ပတ်ဝန်းကျင်ဟာ ဂျူးတို့ရဲ့ ကမ္ဘာ၊ ခရစ်ယာန်တို့ရဲ့ ကမ္ဘာ ဖြစ်ပါတယ်။ အဲ့အတွက် သူ့  ကြွေးကြော်သံဟာ တောင်ကို ခေါင်းနဲ့ ပစ်ဆောင့်လိုက်သလိုပဲ။ လူသားတို့ရဲ့ လွတ်လပ်မှုကို ကြွေးကျော်ခဲ့တာပဲ။ ဒါပေမယ့် သူ့အတွက် များလွန်းသွားခဲ့တယ်။ သူ့အသိ အတွက် ၊ သူ့စိတ်အတွက် ဒီလို ဖောက်ထွက် လာရတာဟာ ပင်ပန်းလွန်းသွားခဲ့တယ်။ အဲ့ဒီနောက် သူရူးသွားတယ်။ စိတ် ကစဥ့်ကလျား ဖြစ်သွားတယ်။ တကယ်လို့သာ ဇင်လို ဘုရားသခင်ထက် လူသာ အဓိက ကျတယ်ဆိုတဲ့ ဘာသာရေး မျိုး တစ်ခုခု သူ နားလည်နိုင်ခဲ့မယ် ဆိုရင် ရူးသွပ်သွားစရာ မလို လောက်ဘူး ထင်ပါတယ်။ သူ့ အတွေးဟာ နက်နက်နဲနဲ တစ်နေရာကို ရောက်သွားလိမ့်မယ်။

………………………………….

Notes: Zen: The Path of Paradox , Ch: 1

Had Friederich Nietzsche known anything about Zen he might have turned into a mystic
rather than going mad. He had stumbled upon a great fact. He said, ‘There is no God. God
is dead — and man is free.’ But basically he was brought up in the world of the Jews and
the Christians, a very narrow world, very much confined in concepts. He stumbled upon a
great truth: ‘There is no God. God is dead, hence man is free.’ He stumbled upon the
dignity of freedom, but it was too much. For his mind it was too much. He went mad, he
went berserk. Had he known anything like Zen he would have turned into a mystic —
there was no need to go mad.

One can be religious without a God. In fact, how can one be religious with a God? That is
the question Zen asks, a very disturbing question. How can a man be religious with a
God? — because God will destroy your freedom, God will dominate you.
……………………….

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/
…………………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: