ဥာဏ်အလင်း ( or ) Enlightenment

မေး။ ။ဆရာအိုရှိုး။ ဥာဏ်အလင်း ရခြင်း ( Enlightenment ) အဖြစ်ကို ဆရာ ဘယ်လို ရှင်းလင်းမလဲ သိချင်ပါတယ်။ ဒီအဖြစ်က ပြောပြလို့ မလွယ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် တစ်ခုခု ပြောလို့တော့ ရနိုင်မလား။

ဖြေ။ ။ ကမ္ဘာမှာ ဥာဏ်လင်းပွင့်မှု ( Enlightenment ) လောက် လှပတာ ၊ ကျက်သရေ ရှိတာ အခြား မရှိပါဘူး။ ဥာဏ်အလင်း ရခြင်း အကြောင်း ၊ အဲ့ဒါနဲ့ ဆက်ဆိုင်တဲ့ အကြောင်း၊ အဲ့ဒီ ဥာဏ်လင်းပွင့်မှုက ထွက်လာတဲ့ အခြားတစ်ခုခု အကြောင်း အဲ့ဒါတွေဟာ လည်း လှပနေပါတယ်။ ဒါပေမယ့် တကယ့် ဥာဏ်အလင်းရရှိတဲ့ အဖြစ်ကိုတော့ မမှီဘူး။ ရေကန်ထဲမှာ ပေါ်နေတဲ့ လဟာ တကယ့် လ စင်စစ် မဟုတ်ဘူး။ ဒါပေမယ့် လှမြဲ လှနေဆဲပဲ မဟုတ်လား။ တကယ်လို့သာ ခင်ဗျားတို့ရဲ့ စိတ်တွင်း ရေပြင်ဟာ တိတ်ဆိတ် ငြိမ်သက်နေမယ် ဆိုရင် အဲ့ရေမှာ ပေါ်နေမယ့် လဟာလည်း တကယ့်လနဲ့ အတိအကျ တူနေမှာ။

ဒါဟာ ခင်ဗျား အတွေ့အကြုံ မဟုတ်ဘူး။ ခင်ဗျားချစ်တဲ့ သူ တစ်ဦးတစ်ယောက်ရဲ့ အတွေ့အကြုံ။ ခင်ဗျား ယုံကြည်သူ တစ်ဦးတစ်ယောက်ရဲ့ အတွေ့အကြုံ။ ခင်ဗျား ယုံကြည်လို့ ချစ်လို့သာ ခင်ဗျား ရရှိထားတာကို နူးညံ့သိမ်မွေ့တဲ့ တစ်နည်းနည်းနဲ့ မျှဝေ တာ ဖြစ်ပါတယ်။

ဒီ ဥာဏ်အလင်းရရှိတဲ့ အဖြစ်ကို ပြောရတာဟာ စင်စစ် ခက်ခဲပါတယ်။ ကျနော့ဘဝတစ်လျောက်လုံး ပြောသမျှ ဆိုသမျှ ဒါကိုချည်းသာ ဦးတည်ပါတယ်။ ဒီတစ်ခုတည်းသာ ဦးတည်ပါတယ်။ ကျနော် အခြားအကြောင်းတွေ ပြောရတာတွေ ရှိတယ်။ အဲ့ဒါတွေဟာလည်း ဒီအချက်ကို ရောက်နိုင်ဖို့ ဦးတည်တာပဲ ဖြစ်ပါတယ်။

အဲ့အဖြစ်ဟာ –

  • ခင်ဗျားရဲ့ တိတ်ဆိတ်နေတဲ့ အခြေအနေ။ တည်ငြိမ်သွားတဲ့ အဖြစ်ပါ။
  • တစ်နည်း ပြောရင် – အတ္တမရှိတော့ တဲ့ ခင်ဗျား၊ အတ္တရဲ့ အပေါင်းအပါ ဘယ်ပြဿနာမှ မရှိတော့တဲ့ ခင်ဗျား။
  • ဘယ်မေးခွန်း၊ ဘယ်အဖြေမှ မလိုအပ်တော့တဲ့၊ ပကတိ ရိုးရှင်းစွာ တိတ်ဆိတ်နေတဲ့ ခင်ဗျား ပဲ ဖြစ်ပါတယ်။

ဘယ်လောက်ထိ တိတ်ဆိတ်သလဲ ဆိုရင် ( သာမာန်သုံးနေတဲ့ ) ပျော်ရွှင်မှုတောင် မရှိပါဘူး။ သန့်စင်တဲ့ အလင်းပဲ ဖြစ်ပါတယ်။ သန့်စင်တဲ့ ပေါ့ပါးမှုပဲ ရှိပါတယ်။

……………………………….

Notes:

Enlightenment ကို ဥာဏ်လင်းပွင့်မှု၊ ဥာဏ်အလင်း၊ ဗောဓိဥာဏ် စသည် ပြန်ဆိုကြရာမှာ မူရင်း အဓိပ္ပာယ်သွားက တရားရရှိသွားခြင်း ဖြစ်ပါတယ်။ တရားဘာဝနာအရ ငြိမ်းအေးသွားခြင်းကို ဆိုလိုပါမယ်။ ကျနော် ဒီမှာ Enlightenment ကို ဥာဏ်အလင်း လို့သာ ပြန်ဆိုထားပါတယ်။

…………………..

Ref: Osho: Beyond Psychology
Youtube: http://www.youtube.com/watch?v=3WSjo7zryd8

………………….

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

…………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: