ဗဟိုရ်သံ ဝေးရပ်က

နက်နဲစွာ
( သို့မဟုတ် )
နက်ရှိုင်းစွာ
ကျင်လည်ခဲ့ပြီးတဲ့ ကာလဟာ
ဒီကမ္ဘာမှာ ခေါက်ချိုးပြည့်သွားပြီ အဖေ

အဖေပြောတဲ့-
“ငါ့စကားကို ဘယ်သူမှ နားမလည်ဘူး”
ကျနော် နားမလည်ခဲ့ဘူး
ကျနော်
နားလည်ပြီးပြီ အဖေ

အဖေ ပြောထားချင်ခဲ့တဲ့
မှတ်ပုံတင် စကားတွေ
စာသား အဖြစ်
ကျနော် ချရေးတယ်
တစ်နေ့တစ်ချိန်
မြင်ယောင်သာ ကြည့်လှည့်တော့။

ကျနော်နဲ့
ကျနော့စကား
အဖေသာ နားလည်လေမလား
ကျနော့ညီနဲ့ ညီမလေး
သူတို့ကော သိပါ့မလား

နက်နဲစွာ
( သို့မဟုတ် )
နက်ရှိုင်းစွာ
သူတို့ ကျင်လည်ကြဦးမှာ အဖေ
လွတ်လပ်စွာ
ကျင်လည် ကြပါစေ

အခု
သူတို့လည်း အဝေးမှာ–။

အဖေ့ရဲ့သား
ကျနော်ဟာ
အဖေ့ရဲ့ တစ်ချိန်က
မျှော်လင့်ချက် ဆိုလား အနာဂတ်ဆိုလား –
အဖေ ပြောခဲ့တဲ့ ဘာဆိုလား ကြီး ပေါ့

သဏ္ဍာန်မတူတဲ့ တစ်ခုခု
ကျနော် ဖြစ်ခဲ့ပြီးပြီ။

အဖေ သိစေချင်တဲ့ ပညာရပ်
အခု
ကျနော်
တတ်မြောက်ခဲ့ပြီးပြီ။
အဖေ ကျေနပ်ပါစေတော့။

အဖေ ဖြစ်ချင်တဲ့ ဆန္ဒ
တစ်ဖက်တစ်လမ်း
ကျနော် ဆက်ထမ်းနေမယ်

ဘာတဲ့
“ရောင်တော်ဖွင့်ခြင်း”
ဟုတ်ကဲ့
အဖေ ပေးခဲ့တဲ့ ခေါင်းစဉ်
ကျနော် ရှောင်လွှဲထားခဲ့လိုက်တယ်
သူတို့တွေက
အဖွင့် မခံချင် ကြဘူးရယ် အဖေ
To Think The Thinkable နဲ့သာ
ကျေနပ် နေပါစေတော့။

အဖေ့ခြေရာ
သား ဖြစ်သူ ကျနော်
မတိုင်းထွာဝံ့ဘူး

ကြာဆစ်ရိုး ချိုးခဲ့တဲ့ အချိန်က
ငါ့သား
အဖေလမ်း အဖေ တစ်နေ့ သွားလိမ့်မယ်—
“ငါ့သား သံသရာမှာ သောင်မတင်ပါစေနဲ့”
အဖေမှာခဲ့တယ်

အဖေ စိတ်ချလက်ချ
လွတ်လပ်စွာသာ သွားပေတော့။
“အဖေ့သား ကျနော့ အတွက်
နောက်ဆံမငင်ပါနဲ့တော့”
ကျနော် အမှာပါးလိုက်မယ်။

အဖေနဲ့ ကျနော်
အခု
ဒီနေရာမှာ
တွေ့နေကြပြီပဲ။
“ငါ့သားသမီး သုံးယောက်ထဲမှာ
ဒီအကြောင်းတွေကို မင်းပဲ သိလိမ့်မယ်”
အခု သိပြီ အဖေ
ကျနော့ညီနဲ့ ညီမလေးတို့လည်း
တစ်နေနေ့မှာ သိကြပါလိမ့်မယ်။

ဒါတွေကို
ဒီမှာထားခဲ့
ဒီအချိန်မှာသာ ထားခဲ့လိုက်တော့။
လွတ်လပ်စွာ။
တိတ်ဆိတ်စွာ။
အေးချမ်းစွာ။
အနှောင်အတွယ်မဲ့။
အရိပ်မဲ့။

နက်နဲစွာ
( သို့မဟုတ် )
နက်ရှိုင်းစွာ

လွန်လေပြီးသော နောင်လာမယ့် ပစ္စုပ္ပန်မှာ
အဖေနဲ့ ကျနော်
ပြန်ဆုံ ဖြစ်ကြဦးမှာ။

…………………………….
မတွေ့ဖြစ်တော့သော – အဖေ့ထံသို့။

24.11.2011
7:30 PM

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: