Just Definitions!

Meditation is not Escapist.

အနာဂတ်ကို မျှော်တွေးပြီး မျှော်လင့်ချက် အိပ်မက်တွေနဲ့ နေထိုင်သူဟာ လက်ရှိဘဝကို လျစ်လျူရှု နေထိုင်မိသူ ဖြစ်ပါတယ်။ တစ်နည်းပြောရင် – သူ့ရဲ့ အသက်ရှင် နေသမျှဟာ တကယ် အသက်ရှင် နေတာ မဟုတ်ဘူး ။ အသက်ရှင်နေတယ် လို့ ဟန်ဆောင်နေတာမျိုး သက်သက်ပဲ ဖြစ်ပါတယ် ။ သူ ဆက်လက် ရှင်သန် နေနိုင်ဖို့ မျှော်လင့်တယ်။ ဆက်လက် ရှင်သန် ရပ်တည် နေနိုင်ဖို့ ဆန္ဒ ရှိတယ်။ သူ ဘယ်တော့မှ မသေသွားဖို့ ၊ ဆက်လက် တိုးတက် ရှင်သန်နေ ဖို့ လိုလား နေတယ်။ ဒီလိုနဲ့ လက်ရှိ ပစ္စုပ္ပန် တည့်တည့်မှာ ရှင်သန်နေဆဲ ခဏ ကို မေ့လျော့ထားရစ် ခဲ့တယ်။ ဒါဟာ အခု သူ သေနေတာနဲ့ အတူတူပဲ မဟုတ်လား။

စင်စစ် မနက်ဖြန် ဆိုတာ ဘယ်တုန်းက ရောက်လာခဲ့ပါ သလဲ ။ အားလုံး ရရှိနေကြတဲ့ အချိန်ဟာ ယနေ့ ယခု၊ ဒီကနေ့၊ ဒီနေရာတွေချည်း ဖြစ်ပါတယ်။ ဘယ်သူ ဘယ်ပုံမျိုးနဲ့ ဘာဖြစ် လာလာ – အခု ခဏ ( Now and Here ) ကိုသာ ပိုင်ဆိုင် နေတယ်။ ဒါကို သာမန် အချိန်မှာ သတိမရှိဘဲ မေ့လျော့နေရင် သူ့ကို သေဆုံး နေတယ် လို့ ဆိုရ ပါလိမ့်မယ်။

ဘဝ ရှင်သန် နေမှုက ထွက်ပြေးနေတဲ့ တစ်ကြောင်း တည်းသော လမ်းဟာ – လိုအင်ဆန္ဒ တွေ ဖြစ်ပါတယ်။ ဗုဒ္ဓက ဒါကို “တဏှာ” ( Tanha ) လို့ သမုတ် တယ်။ လိုရင်းက လက်ရှိ ပစ္စုပ္ပန် တည့်တည့်က ရှောင်ခွာပြေးမှု။ အစစ်အမှန် ရရှိနေတဲ့ မိမိ အဖြစ်ကနေ – အတုအယောင်ထဲ ပြေးဝင် ခိုလှုံမှု ပါ။

ဒါ့ကြောင့် – အလိုဆန္ဒ တွေနဲ့ ရှိနေသူဟာ ထွက်ပြေးနေသူ ၊ ရှောင်ပြေးနေသူပဲ။ ဒါပေတဲ့ – အံ့အား သင့်စရာ တစ်ခုရှိတယ်။ ပစ္စုပ္ပန်တည့်တည့် နေထိုင်ဖို့ ကြိုးစားသူ – ဘာဝနာ ပွားသူ ကို ရှောင်ပြေးနေသူလို့ အများက ခေါ်ဆိုတတ်ကြတယ်။ အဲ့ဒါဟာ အဓိပ္ပာယ် မဲ့လွန်းရာ မကျဘူးလား။ တကယ် က ဘာဝနာနဲ့ နေထိုင်သူ တစ်ဦး တည်းသာ ဘဝက ရှောင်မပြေးဘဲ လက်တွေ့ကျကျ နေထိုင်နေသူ ဖြစ်ပါတယ်။ အခြား လူတိုင်း ထွက်ပြေးနေကြတယ်။

ဘာဝနာ ရဲ့ အဓိပ္ပာယ် ကိုယ်နှိုက်က – လက်ရှိ ပစ္စုပ္ပန် တည့်တည့် အပေါ် သိရှိ လက်ခံနေခြင်း ပါ။ ကမ္ဘာပေါ်မှာ ဘဝ စင်စစ်ကနေ ရှောင်မပြေးစေတဲ့ တစ်ခု တည်းသော နည်းလမ်း ဟာ ဘာဝနာ ပဲ ဖြစ်ပါတယ်။ ဒါကိုပဲ – ဘာဝနာဟာ စင်စစ် ဘဝက ရှောင်ပြေးတဲ့ ဖြစ်စဉ် ပဲလို့ လူအများ ခေါ်ဆိုတတ်ကြတယ်။ အဲ့လို ဘာဝနာ ကို ရှုံ့ချသူ တွေက -သူတို့ စကားရဲ့ အဓိပ္ပာယ်ကိုရော သူတို့ ကိုယ်တိုင် သိနားလည် ကြရဲ့လား။ အကြောင်းက – သူတို့ စကားဟာ အဓိပ္ပာယ် မဲ့လွန်း နေလို့၊ အဓိပ္ပာယ် ပြောင်းပြန် ဖြစ်နေလို့ပါ ။

ဘာဝနာအမှု ဟာ ဘဝကို ရှောင်းပြေး နေတာ မဟုတ်ဘူး။ ဘဝရဲ့ လက်ရှိ တည့်တည့် အပေါ် ခိုဝင် လက်ခံလိုက်ခြင်း သက်သက် ပါ။ တကယ်တမ်း ဘဝကို ရှောင်ပြေး နေတာတွေ က ခင်ဗျားရဲ့ စိတ်ကူး၊ အတွေး၊ စွဲလမ်းသမျှ မျှော်လင့်ချက်၊ အနာဂတ် အိပ်မက် – စတာ တွေချည်း သက်သက်ပဲ။ ဆိုလိုတာက လိုအင်ဆန္ဒ တွေ သာလျင် ဘဝက ရှောင်ပြေး နေတာ ဖြစ်ပါတယ်။

Meditation is Alertness.

ခင်ဗျား ဘယ်အရာကို လုပ်လုပ်၊ သိမြင်မှု သက်သက်နဲ့ လုပ်နိုင်လာတဲ့ အခါ အသေးအဖွဲလေးက အစ လေးနက် နေပါတယ်။ လမ်းလျောက်တာ၊ စကားပြောတာ၊ စားသောက်တာ၊ သန့်ရှင်းရေး လုပ်နေတာ – စသဖြင့် အားလုံး တည်ငြိမ် လေးနက် နေပါတယ်။ တနည်းပြောရင် – မြင့်မြတ်မှု ရှိတယ်။

ဒီနေရာမှာ – ခင်ဗျား ဘာကို လုပ်နေတာလဲ – ဆိုတာ အရေးမပါဘူး။ ခင်ဗျား ဘယ်လို လုပ်နေသလဲ ဆိုတာပဲ အရေးကြီးနေ ပါတယ်။ ခင်ဗျား ဒီစာ ဖတ်နေသလား။ တစ်လုံး ပြီး တစ်လုံးပေါ် ခင်ဗျား မျက်လုံးတွေ ဖြတ်ပြေးသွားမယ်။ စိတ်အတွေး တွေ ပုံဖော် စဉ်းစားနေမယ်။ – အဲ့ဒါကို ခင်ဗျား သိနေမယ်။ ဆက်ပြီး ဆက်ပြီး ဖတ်နေရင်း – ဆက်ပြီး ဆက်ပြီး အတွေးတွေ ရှိနေမယ်။ ခင်ဗျား သတိ ရှိနေမယ်။ – ဒါဆို ခင်ဗျားရဲ့ အခု ခဏ နေထိုင်မှုလေးက တန်ဖိုး ရှိပါတယ်။ ဒီစာကို သာမက ခင်ဗျား ဘဝရဲ့ အခု ခဏ အပေါ်မှာပါ ခင်ဗျား သိမြင်နေလို့ပဲ။

ဒီစာကို ဖတ်နေသလို ခင်ဗျား ပြောင်းလဲ သွားမယ့် အခြား အရာတွေ တိုင်းအပေါ်ကိုလည်း ခင်ဗျား သိမှတ်မှု ရှိနေမယ် ဆိုပါတော့။ ဒါဆို ခင်ဗျား သန္တာန်မှာ သိမြင်မှု သက်သက်နဲ့ လက်ရှိ ဘဝကို နေထိုင်နေတာ ဖြစ်ပါတယ်။ ခင်ဗျား သန္တာန်မှာ စောင့်ကြည့်နေမှုသာ ရှိတော့တယ်။ ခင်ဗျား လက်ရှိ ကို နိုးနိုးကြားကြား သတိရှိနေတယ်။ မရှိတော့တဲ့ အတိတ်၊ မရောက်လာသေးတဲ့ အနာဂတ်ထဲ စိတ်ကူးယဉ် အိပ်မက် ရှိမနေဘူး။ သူတို့ ဝင်ရောက်လာရင်လည်း ခင်ဗျား လက်ရှိ အဖြစ်ကို သိမှတ်နေမှုဟာ – သူတို့ကို အတွေးအဖြစ်မှာပဲ ထားရှိသွားပါတယ်။ ခင်ဗျား သန္တာန်မှာ အတွေးအနေနဲ့ ဖြတ်သန်း သွားမယ်။ ခင်ဗျား လက်ရှိ အခုခဏကို သိနေတယ်။ ကြံစည်စိတ်ကူးမှုကို အခုလက်ရှိ သိမြင်မှုနဲ့ လက်ခံ သိမ်းပိုက်တယ်။

အဲ့အတွက် ခင်ဗျားဟာ ဘဝ စစ်စစ် အတွင်း နိုးကြားမှု သက်သက်နဲ့သာ နေထိုင်သွားတော့တယ်။ ခင်ဗျား သန္တာန်မှာ ကြည်လင်တဲ့ သိမြင်မှု သက်သက် ကျန်ရစ်ခဲ့တယ်။

Meditation is Silence.

စိတ်ကူး အတွေး အားလုံး ဟာ ဝေါဟာရ ၊ စကားလုံး တွေ ချည်းသာ ဖြစ်ပါတယ်။ လူအများစု ရဲ့ အသိမှာ – အဲ့ဒီ စိတ်ကူး အတွေးအကြံ၊ အတွေးအခေါ် တွေသာ အရှင်သခင် ဖြစ်တယ်။ ဒါ့ကြောင့် လူသားတွေ ဖန်တီးတဲ့ ဝေါဟာရတွေဟာ အဲ့ဒီ အတွေးအကြံ ဘောင် အတွင်းမှာပဲ တည်ရှိ နေရတယ်။ ခင်ဗျား စိတ်ကူး၊ တွေးခေါ်နိုင် ရင် – အဲ့ဒီ တွေးခေါ်သမျှ ခင်ဗျား ပြောပြ နိုင်ပါတယ်။ သင်္ကေတ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖော်ပြနိုင်နေတယ်။

ဒါဆို အဲ့အတွေးအကြံတွေ ပယ်ပျောက် သွားတဲ့ အခါ၊ ချုပ်ငြိမ်းသွားတဲ့ အခါ ဘာဖြစ်မလဲ။ သူတို့ကို ကျော် လွန် ဖောက်ထွက် သွားတဲ့ အခါ – အတွေးတွေရဲ့ နောက်မှာ – ဘာသာစကားတွေ မဲ့ကုန်ပါတယ်။ ဝေါဟာရတွေ ပျက်သုဉ်း သွားတယ်။ ဆိုလိုတာက – အားလုံး ပျက်သုဉ်းနေတဲ့ တိတ်ဆိတ်မှု မျိုး ဖြစ် သွား တယ်။ ( ဒီစကားကလည်း အတိအကျမမှန်ပါဘူး ၊ တိတ်ဆိတ်မှု ပါ ရှိမနေတဲ့ တိတ်ဆိတ်မှုမျိုး )

တကယ်တမ်း အဲ့ဒီ အဖြစ်ဟာ ကျနော်တို့ ခင်ဗျား တို့ သန္တာန်မှာ အမြဲ ရှိနေပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ပြန်ငုံ့ မကြည့် ခဲ့ဘူး။ ပြန်မမြင်နိုင်ခဲ့ ဘူးရယ်။ ဘာလို့ဆို လူ့အဖွဲ့အစည်းက ၊ အရေးအရာ ပေါင်း သောင်းခြောက်ထောင်က၊ ခင်ဗျား ရဲ့ အစွဲအလမ်းတွေက၊ နောက်ဆုံး ခင်ဗျား ကိုယ်တိုင်က – ခင်ဗျား အဲ့လို တိတ်ဆိတ် သွားတာမျိုး ကို အဖြစ်မခံဘူး။ အမြဲတမ်း စကားလုံးတွေ ဖြည့်ထည့်တယ်။ စကားလုံးတွေ၊ ဝေါဟာရတွေ တွဲစပ် ဖွဲ့စည်းတယ်။ ကြီးမြတ်တဲ့ အတွေး အခေါ် ကြီးတွေ တည်ဆောက်တယ်။ အဆုံးသတ်မှာ အတွေးအခေါ် မရှိရင် လူ မဟုတ်ဘူး လို့ စွဲစွဲမြဲမြဲ ထင်မြင် လာစေတယ်။ အဲ့လိုနဲ့ ခင်ဗျား ကိုးကွယ် လိုက်တဲ့ တစ်ခု တည်းသော အရာဟာ ခင်ဗျားရဲ့ “စိတ်” ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။

ဘာဝနာ ကတော့ အဲ့လို မဟုတ်ဘူး။ ခင်ဗျားကို ဘယ်ကိုးကွယ်မှုမှ မပေးဘူး။ အခု ခင်ဗျား ကိုးကွယ်နေတဲ့ “ခင်ဗျား စိတ်ကူး၊ အတွေး၊ စကားလုံး” တွေကို သတ်ပစ် တယ်။ ခင်ဗျား ရဲ့ အရင်းအကျဆုံး နေရာကို ရှင်းလင်း ထုတ်ပေးတယ်။ တကယ် စင်စစ် ခင်ဗျားဟာ ဘာလဲ လို့ လမ်းပြပေးတာ သက်သက်ကို ဘာဝနာလို့ ကျနော် ခေါ်ဆိုပါတယ်။ ဘာဝနာနဲ့ နေထိုင်လာတဲ့ အခါ ခင်ဗျား အတွက် စကားလုံး မဲ့လာပါတယ်။ ခင်ဗျား အတွက် – ခင်ဗျား နေထိုင်မှု သက်သက်မှာ စကားလုံး ဝေါဟာရ ဘောင်တွေက ကင်းလွတ် သွားတယ်။ တိတ်ဆိတ် နေတဲ့ သန္တာန် သာ ကျန်နေရစ် တယ်။ ဒါဟာ ဖန်တီး လုပ်ယူတဲ့ အခြေအနေ မဟုတ်ပါဘူး။ ခင်ဗျား ရဲ့ မူရင်း သဘာဝ ကို ပြန်ရှာတွေ့ရှိတာ မျိုး သက်သက်ပါ။

………………..

Footnotes –

  • The man who desires is an escapist. Now, this is very strange that meditators are thought to be escapists. That is utter nonsense. Only the meditator is not an escapist – everybody else is. Meditation means relaxing in the moment, in the present. Meditation is the only thing in the world which is not escapist, although it is thought to be the most escapist thing. People who condemn meditation always condemn it with the argument that it is escape, escaping from life. They are simply talking nonsense; they don’t understand what they are saying.
  • Whatsoever you do, do it with deep alertness; then even small things become sacred. Then cooking or cleaning become sacred; they become worship. It is not a question of what you are doing, the question is how you are doing it.
  • Mind is nothing but all the words that you have accumulated; silence is that which has always been with you

………………..
Osho: The Dhammapada: The Way of the Buddha
…………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: