ကြာ

ဇင်ဆရာ ချီမွန်နဲ့ ကိုရင်တစ်ပါး စကားပြောကြတယ်။ ကိုရင်က –

“ရေထဲကနေ မထွက်လာခင်က အဲ့ဒီကြာပန်း ဘာဖြစ်နေမလဲ ? ”
“ကြာပန်း !”

“ဒါဆို အဲ့ဒီ ရေကန်ထဲက ထွက်လာပြီး တဲ့ အခါကျတော့ ရော ? ”
“ကြာရွက် ! ”
……………………

ဖြစ်တည်ချက် တစ်ခုဟာ ဖြစ်တည်ချက် သက်သက်သာ ရှိတယ်။ ပုံသဏ္ဍာန် ပြောင်းလဲသွားရင်တောင် သူ့ရဲ့ အဖြစ်က အတူအမျှ ကျန်ရစ်ခဲ့တယ်။ ကျနော်တို့ အများစုက နေထိုင်မှု ဘဝကို ပုံသဏ္ဍာန်တွေထဲ တွန်းပို့တယ်။ အဲ့ဒီ ပုံသဏ္ဍာန်တွေနဲ့ နေထိုင်တာကို လက်ခံကျင့်သုံး လေ့ရှိပါ တယ်။ ဒါဟာ ဘဝကို ဖြတ်သန်းနေတာပဲလို့လည်း မြင်ထားတယ်။ ဇင်မှာတော့ အဲ့ဒါကို အတုအယောင်တွေနဲ့ နေထိုင်ခြင်းသာ ဖြစ်တယ် လို့ မြင်ပါတယ်။

ဇင်ရဲ့ အမြင်ဟာ တွေးခေါ်မှု၊ အယူအဆ၊ ဝါဒတွေနဲ့ မသက်ဆိုင်ဘူး။ မြင်ကြည့်ဖို့သာ လိုအပ်ပါတယ်။ ဆိုလိုတာက မျက်လုံးစုံမှိတ် တွေးခေါ် ကြည့်နေဖို့ ၊ လိုက်ရှာနေဖို့ မဟုတ်ဘူး။ မျက်လုံးဖွင့်ကြည့်ဖို့၊ မိမိ သန္တာန်ကို “အခု” ကြည့်မြင်နိုင်ဖို့သာ ဖြစ်ပါတယ်။ ရှုမြင်ရမယ့် အရာဟာ ဟိုနေရာမှာ၊ နောင်တစ်ချိန်မှာ ရှိနေတာ မဟုတ်ဘူး – ကျနော်တို့ သန္တာန်မှာ “အခု၊ ဒီနေရာ” ဖြစ်နေ ၊ ရှိနေပြီးသား လို့ ဆိုလိုပါတယ်။

To live in the forms is to live in illusions.
To see the being is to transcend the world.
Only seeing is needed.

ကျနော်တို့ အရာတစ်ခုကို ခွဲခြား ဆုံးဖြတ်ကြတဲ့ အခါ အဲ့ဒီအရာ ရဲ့ သဘာဝ အပေါ် အခြေခံလေ့ မရှိပါဘူး။ ( အခြေခံပါတယ် လို့ တစ်ခါတစ်လေမှာ ထင်ကောင်းထင်နိုင်ပေမယ့် အများအားဖြင့် – မဟုတ်ဘူး ဆိုတာ စိစစ်ကြည့်ရင် တွေ့နိုင်ပါလိမ့်မယ် ) တကယ်က – မိမိ အာရုံ နဲ့ အာရမ္မဏိက ၊ သတ်မှတ် ၊ပုံသဏ္ဍာန် တွေနဲ့သာ ယှဉ်ထိုး ဆုံးဖြတ်တတ်ကြပါတယ်။

အခု ကြာပန်း ဆိုပါစို့။ — အစေ့သာ ဖြစ်နေသေးချိန်မှာ ကျနော်တို့ အမြင်ဟာ ကြာစေ့ အဖြစ်သာ ရှိပါတယ်။ အဲ့ဒါကို ကြာပန်းလို့ မခေါ်သလို ကြာပန်းလို့လည်း မမြင်ပါဘူး။ တကယ်လည်း မျက်မြင်မှာ သူဟာ ကြာပန်းမှ မဟုတ်ဘဲရယ်။ ပန်းတစ်ပွင့် အဖြစ် ဝင့်ဝင့်ကြွားကြွား ရေပေါ်မှာ ဖူးပွင့်လာမှ ကြာပန်း အဖြစ်သတ်မှတ်ကြမယ်။ စင်စစ် ဒါဟာ ကျနော်တို့ အာရုံအတိုင်းပါ။ နည်းနည်းလေး ဖြစ်ဖြစ် တွေးကြည့်ရင် သိနိုင်တာက ကြာပန်းရဲ့ သဘောဟာ ပင်ကိုကတည်းက အစေ့ အတွင်းမှာ ပါလာပြီးသား။ ကြာစေ့၊ ကြာပန်း၊ ကြာရွက် စသဖြင့် ခေါ်ဆိုခြင်းဟာ – ကျနော်တို့ အာရုံတွေပေါ် မူတည်ပြီး ပြောင်းလဲ ခေါ်ဆိုတာ ဖြစ်ပါတယ်။

အဲ့သလိုမျိုး နဲ့ အလားတူ ကျနော်တို့ ဘဝကို ပြန်ကြည့်တဲ့ အခါ –

ဥပမာ – ကျနော်။ ဇေယျ လို့ အမည်တပ်ထားတဲ့ သူ တစ်ယောက်ကို ငယ်စဉ်ကလည်း ဇေယျ၊ လူလတ်မှာ လည်း ဇေယျ၊ သေခါနီး လည်း ဇေယျ လို့ ခေါ်နေနိုင်တယ်။ ကလေး၊ လူငယ်၊ လူကြီး အသွင်သဏ္ဍာန်တွေ အမျိုးမျိုး ဖြတ်သန်း ခဲ့ပေမယ့် ( ဖြတ်သန်း ခဲ့တယ်လို့ အမြင်တွေ၊ အာရုံစိတ်ကူးတွေ အရ ဆိုကြပေမယ့် ) ဇေယျ ဆိုတဲ့ သတ္တဝါ တစ်ကောင်ရဲ့ ဖြစ်တည်မှု ၊ ဖြစ်ခြင်း သက်သက်ဟာ “အခုခဏ” အပေါ်မှာသာ ရှိပါတယ်။ ဆိုလိုတာက ကျနော်တို့ အာရုံတွေ၊ စိတ်ကူးတွေမှာ အကန့်အသတ် ရှိတယ် ။ နို့ပေမယ့် ဖြစ်တည်ချက် မှာ အကန့် အသတ် မရှိဘူး ။ ( မရှိဘူး ဆိုတဲ့ စကားက လိုနေသေးတယ်။ တကယ်က “အကန့်အသတ် ၊ ဘောင် – မဟုတ်ဘူး”။ သဘော သက်သက် ) ဒါ့ကြောင့် အာရုံတွေ ရဲ့ ကန့်သတ်သမျှ အပေါ် အခြေခံပြီး ဖြစ်တည်မှု သက်သက် အပေါ် လိုက် ကန့်သတ် မနေနိုင်ဘူး။

Being ( ဖြစ်ခြင်း သက်သက် ) ဟာ အာရုံ ( Sensation ) အပေါ် မှီခိုမနေဘူး လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

  • A lotus flower is a lotus flower. Whether you see it or not, whether it is in the seed or floating in the water, it is simply the change of the form. But the essence – and we are calling the lotus flower the essence – is not its particular expression.
  • You are asleep or you are awake…. Spiritually you are still asleep; perhaps one day you will become spiritually awake too. But all the time it is you – awake or asleep, enlightened or unenlightened. The lotus flower is the lotus flower.
  • Meditation gives a clarity and a different way of seeing. The lotus flower is a lotus flower in all its forms: when it is a seed, when it is a bud, when it is a flower.

1.1.2012
10:45 PM
…………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/.
…………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: