နှလုံးရဲ့ မီးအိမ်

မိမိရဲ့ အတွေး၊ စိတ်ကူး ၊ မိမိကိုယ်ကိုယ် မိမိ ထင်မြင်သည့် ဘဝင်တစ်လုံး ၊ ထင်တစ်လုံး တွေကို ဖြုတ်ချလိုက်တာနဲ့ တပြိုင်နက်၊ ကလေးသူငယ် တစ်ယောက် လို ဖြစ်သွား တတ်ပါ တယ်။ မိမိ ပတ်ဝန်းကျင် အပေါ် ရှုမြင်ပုံ ကြည်လင်သွားတယ်။ အရှုခံ အရာနဲ့ ရှုမြင်သူ မိမိကြား ဘယ် ကြားခံ တစ်စုံတစ်ခုမှ မပါဘဲ – တိုက်ရိုက် ထိတွေ့ သွားပါတယ်။

ကျနော်တို့ ကြီးပြင်းလာတာနဲ့ ထပ်တူ ပုံမှန်အားဖြင့် တွဲဖက် ပါလာတာက – အသွတ်သွင်းခံ အသိ အတတ်တွေ ၊ အမြင်တွေ ၊ စကားလုံး၊ ဝါဒ၊ အယူ အဆ၊ မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။ အဲ့ဒီ သန္တာန်စဉ် အများစု ဖယ်ကျ သွားတဲ့ အခါ ငယ်စဉ် ကလေးသူငယ် တစ်ယောက်ရဲ့ ကြည့်ခြင်းမျိုးနဲ့ မိမိ လောက ကို မိမိ မြင်ကြည့် တတ် လာတယ်။ ရှုပ်ထွေးမှု ကင်းပြီး ရှင်းလင်း လှပနေပါတယ်။ လောကကို စရောက်လာခါစ နားမလည်ပါးမလည် ၊ ဖြူဖြူစင်စင် ကလေးငယ် တစ်ယောက် လို မျိုး ဥပမာပေးရလိမ့်မယ်။ အရာရာဟာ အထူးတဆန်းနဲ့ အပြစ်ကင်း နေမယ် လို့ ဆိုချင်တယ်။

နှင်းဆီပန်းလေး တစ်ပွင့်ကို ကလေးငယ်လည်း ကြည့်တယ်။ ကျနော် တို့လည်း ကြည့်တယ်။

ကျနော်တို့ ဒီနှင်းဆီကို မြင်တယ်။ ကျနော်တို့ စိတ်အတွင်းမှာ စကား တစ်လုံး အနေနဲ့ ဖြစ်ပေါ်ပါတယ်။ ဆိုပါစို့ – ဒါဟာ နှင်းဆီပန်း ဖြစ်တယ်- အရင်က ဒီလို နှင်းဆီပန်းမျိုး တွေ့ဖူးတယ်- အဲ့တုန်းက နှင်းဆီကမှ ပိုလှသေးတယ် – ဒီနှင်းဆီက အရောင်လွင်လွန်းတယ် – သူ့ဆူးက ပိုပြီး ကိုးရိုးကားယား ဆန်တယ် – ဘာပဲ ပြောပြော ချစ်သူ အတွက် ခူး၊ ပန်တော်ဦး သွားပေးရင်တော့ သူပျော်သွားမှာပဲ – စသဖြင့် – စကားတို့ ယောက်ယက်ခတ်ရင်း – လက်ရှိ အခုခဏ အသက်ရှိ ပန်းလေးတောင် ပျောက်ကွယ် သွားရတတ်သေး တယ်။

ကလေးငယ် လည်း နှင်းဆီပန်းကို ကြည့်မယ်။ ဒါပေမယ့် ဒီကလေးငယ် အဖို့ တော့ ဒီပန်းဟာ နှင်းဆီပန်းလား၊ ကြာပန်းလား၊ မြတ်လေးပန်းလား၊ ငုဝါပန်းလား ခွဲခွဲခြားခြား မသိဘူး။ ပန်းအမည် နာမ ကို သူ မသင်ရသေးဘူး။ နားမလည်သေးဘူး။ သူ့အနေနဲ့ ရှေ့တည့်တည့်က နီဆွေးဆွေးပန်းကလေး ကို ကြည့် နေရုံမျှလေး သာ ဖြစ်ပါတယ်။ အခုမှ မြင်ဖူးမယ့် အရာတစ်ခု မို့ “ပန်း” လို့တောင် အမည် တပ်နိုင်ကောင်း မှ တပ်နိုင်လိမ့်မယ်။ အရောင်နဲ့ ပတ်သက် လို့လည်း ထူးဆန်း နေဦးမယ်။ အံ့အားတသင့် ဖြစ်နေဦးမယ်။ ဆိုလိုတာက – နှင်းဆီပန်းကို ရှုမြင်နေတဲ့ ကလေးငယ် တစ်ဦးရဲ့ အမြင်ဟာ တိုက်ရိုက် ဆန်ပါတယ်။ နှင်းဆီနဲ့ သူ့ရဲ့ ကြားမှာ ဘယ်နံရံ၊ ဘယ်တံတိုင်း၊ ဘာ စကားလုံးမှ ခြားမနေဘူးရယ်။ စိတ်နှလုံး တစ်ခုနဲ့ တစ်ခု တိုက်ရိုက်ထိ တွေ့ နေသလိုမျိုး – ကလေးငယ်နဲ့ ပန်းပွင့်ကြား တိုက်ရိုက် ထိတွေ့တယ်။ တစ်သွေးတည်း တစ်သားတည်း အချင်းချင်း မြုပ်နစ်ဝင်သွားမယ်။

ပန်းပွင့်ရဲ့ ဖြစ်တည်ရုံမျှလေးဟာ ကလေးငယ် အပေါ် ရိုက်ခတ် နေရုံမျှလေး ဖြစ်ပါတယ်။ သူ့ရဲ့ အလှအပ အားလုံး ၊ မွှေးရနံ့အားလုံး ကလေးငယ်ရဲ့ လေးဘက်လေးတန်မှာ ဖြန့်ကျက် ထားနိုင်တယ်။ ဖြစ်တည်ချက် နှစ်ရပ်ချင်း တိုက်ရိုက်ထိတွေ့တဲ့ ဖြစ်စဉ်ကြောင့် – ကလေးငယ်ဟာ ပန်းပွင့် ဖြစ်နေသလို၊ အဲ့ပန်းဟာ ကလေးငယ်လေး ဖြစ်နေပြန်တယ်။

ဒီလို အတွေ့အကြုံ သိမ်မွေ့မှုကို ရရှိလိုတယ် ဆိုရင် – ခင်ဗျား အတွင်း သန္တာန်မှာ တွယ်ညိနေတဲ့ စိတ် မာန်၊ အတွေးအကြံ၊ အစွဲအလမ်း ဖယ်ပစ်နိုင်တဲ့ အခါမှသာ ဖြစ်နိုင်ပါတော့မယ်။ ကောက်ကျစ်တဲ့ ဥာဏ်နဲ့ ရိုက်အထည့်ခံ စကားဝေါဟာရ တွေ ကို – ကောက်ကျစ်မှု မပါ၊ အဖြူစင်စစ် ရှင်းထုတ်ပစ်နိုင်ဖို့ လိုအပ်လာပါမယ်။ ခင်ဗျားရဲ့ စိတ်သန္တာန် မကြည်လင်သွားမချင်း – ဒီကလေးရဲ့ အတွေ့အကြုံကို ပြန်သိနိုင်မှာ မဟုတ်ဘူးရယ်။

လောက်ဇူနဲ့ ယေရှု ခရစ် တို့ဟာ သူတို့ရဲ့ အဟောစကားတွေမှာ “ကလေး” တစ်ဦးရဲ့ ကြည်လင်တဲ့ အမြင် သန္တာန်ကို အလေးအမြတ်ပြု ထားတာတွေ ရှိနေရခြင်းဟာလည်း ဒီအချက်ကြောင့်ပဲ ဖြစ်ပါသတဲ့။

………………..

Reading Saya Paragu
………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: