ငွေ့ရည်မှုန် တစ်စ၏ ဒဏ္ဍာရီ

  • စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတယ်။ ဘာ ကို စောင့်နေတာလဲ – ဘယ်အရာလဲ- ဘယ်လောက်ထိ စောင့်ရမှာလဲ စသဖြင့် – တကယ်စင်စစ် စောင့်ခြင်း သက်သက် မှာ အဲ့ဒီ မေးခွန်းတွေ မရှိပါဘူး။ စောင့်နေတာ ဟာ စောင့်နေတာ သက်သက်သာ ဖြစ်ပါတယ် ။ အဲ့ဒီ – to wait, to wait for nothing ကို ဇင်ရဲ့ အနှစ်ကျတဲ့ အရာတစ်ခု လို့ ညွှန်းဆိုလေ့ ရှိတယ်။

ဇင်မှာ စကားလုံး ဝေါဟာရ မရှိဘူး။ စာအုပ်မရှိဘူး။ ဘုရားသခင် မရှိဘူး။ ပြည့်ဝတဲ့ အဓိပ္ပာယ်၊ စွဲမြဲထားရမယ့် အဓိပ္ပာယ်တစ်ရပ် ဆိုတာ မရှိဘူး။ ဒါ့ကြောင့် ပြင်ပ ဂိုဏ်းဂဏ တံဆိပ်တွေက ဇင်ကို ဝေဖန်ကြတဲ့အခါ ~ “ ကြိုးတန်းမပါတဲ့ အကန်းလျောက်နည်းမျိုး” နဲ့ လျောက်နေတယ်လို့ ဝေဖန် စကား ဆိုကြတယ်။ ~ ဟုတ်ပါတယ်။ ဇင်ဟာ စာအုပ်စာတမ်း မရှိ၊ လမ်းညွှန်မရှိ ခြင်းကြောင့် ကန်းနေတယ် ဆိုပါစို့– စင်စစ် ဇင်ဟာ- “စာအုပ်စာတမ်း-စကားလုံးတွေ ကြောင့် ကန်းနေရတာမျိုး” ကိုတော့ ပိုကြောက်တယ်။ အဲ့လို အကန်းမျိုးဟာ ပြုရပြင်ရ ခက်တဲ့ အကန်းမျိုးသာ ဖြစ်လိမ့်မယ်လို့ ဆိုလိုတယ်။

  • စင်စစ် ဇင်ရဲ့ အခြေခံဟာ တစ်ကြောင်းတည်းသာ ဖြစ်ပါတယ်။ မိမိတို့ လက်ရှိဘဝဟာ “အခုခဏ” အတွင်းမှာ “အားလုံး” ဖြစ်တည်နေတယ်။ ဒါလေးပဲ။

ဓမ္မစင်စစ်ကို ရှာတွေ့ကြသူတွေဟာ အဲ့ဒီ ခဏတိုင်းအပေါ် သိမြင် စောင့်ဆိုင်းတယ်။ အဲ့ဒီ အသိနဲ့ ရှင်သန်တယ်။ နောက်ဆုံး – စင်စစ် ဘာကိုမှ မတွေ့ရ တော့တဲ့သူတွေ၊ ( တနည်း ) နတ္ထိက ဘာမှ မရှိခြင်း ၊ သုညတ ကို လက်ခံ သိမြင်သူတွေ ဖြစ်သွားတယ်။

ဒါ့ကြောင့် ဇင်ဟာ အရာ တစ်စုံတစ်ခု နဲ့ မသက်ဆိုင်ဘူး။ အထည်ဒြပ် တစ်ခုခု မပါဘူး။ အနုမာန မှန်းဆ စိတ်ကူး မရှိဘူး။ မြင်သိမှု ၊ အတွေ့အကြုံ သက်သက်သာ တည်ရှိပြီး၊ တွေးခေါ်မှု အရာ မဟုတ်ဘူး။ ဆင်ခြင် ယုတ္တိ ၊ စကား၊ ဝါကျ၊ ဝေါဟာရတွေ မပါဝင် ဘူး။ ကြည်ရွှင်နေတဲ့ သန္တာန်သက်သက်သာ တည်ရှိပြီး အဲ့ဒီ အတွက် အကြောင်းတရားလည်း မလိုအပ်ဘူးရယ်။ ဆိုလိုတာက အကြောင်း အကျိုးတို့ရဲ့ အစဉ်အဆက် ယုတ္တိကို ချိုးဖျက်ရုံမျှ၊ လွတ်လွတ် ရှင်းရှင်း ကင်းလွတ်တယ်။ လက်ရှိ ခဏ တည်ရှိရုံမျှဟာ – ဒီခဏ တည်ရှိ နေရုံမျှ သာ ဖြစ်ပါတယ်။

ကမ္ဘာမှာ “ဘုရားသခင်” ကို ယုံကြည်ကြသူတွေ ရှိတယ်။ “ဘုရားသခင် မရှိဘူး” လို့ ယုံကြည်ကြသူတွေလည်း ရှိတယ်။ တစ်ခါက ~ လူသားပဓာန ဝါဒီ တွေ ရဲ့ စာတမ်း တစ်ခုမှာ ဖတ်ရဖူးတယ်။“ကျုပ်တို့ဟာ ဘုရားသခင် မရှိဘူးလို့ ယုံကြည်တယ်။ ကမ္ဘာမှာ လူသာလျှင် အဓိက ဖြစ်တယ်၊ အဲ့အတွက် ခိုင်မာတဲ့ ယုတ္တိ လည်း ရှိပါတယ်” တဲ့။ ဒါဆို ဇင်မှာရော ~ လို့ တစ်ဦးက မေးပါတယ် ။ တကယ် စင်စစ် ဇင်မှာ အဲ့ဒီ နှစ်တန်း နှစ်စား စလုံး မပါဝင်ပါဘူး။ ဘာလို့ဆို – ဇင်ဟာ ယုံကြည်မှု နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး။ ယုံကြည်ချက် ရဲ့ တရားကိုယ်ကို စေ့ငှ နားလည်မယ် ဆိုရင် – အဲ့ဒီ ယုံကြည်မှု ( Believe ) ဟာ မသိမှု ကို အခြေခံပါတယ်။ မသိမှု အတွင်းမှာ အရှိတစ်ခု တည်ရှိနေကြောင်း ဘဝင်တကျ လက်ခံလိုက်ခြင်းဟာ ယုံကြည်မှု ဖြစ်ပါတယ်။ ဇင်မှာတော့ – “မသိရင် မသိဘူး လို့ သာ သိထားတယ်”။ အဲ့ဒါပဲ ရှိတယ်။

  • နောက်တစ်ခုက ယုတ္တိ၊ ဆင်ခြေ၊ Reason။

— မသိတာကို မသိဘူးလို့ ပြောရမှာ – ခင်ဗျား ကိုယ် ခင်ဗျား အတွက် ဆင်ခြေ၊ ယုတ္တိ ရှင်းထုတ်ပြစရာ မလိုဘူး မဟုတ်လား။ လူ့ဘဝဟာ တရားခွင်ရုံး မဟုတ်ပါဘူး။ အခြားသူတွေ လည်း လိုက်သိနေမှ ခင်ဗျား ရှင်သန်နေမှာ မဟုတ်ဘူး။ သူတို့ သိသိ မသိသိ – ခင်ဗျား ရှင်သန်နေလို့ ရတယ်။ ခင်ဗျား ဘဝဟာ သူတို့လက်ထဲမှာ မဟုတ်ဘူး။ ခင်ဗျား လက်ထဲမှာသာ တည်ရှိတယ်။ ဒါကို အပြည့်အဝ လက်မခံနိုင်တဲ့ လူတွေကြားမှာ – စစ်မက်တွေ၊ သတ်ဖြတ် ယုတ်ရင်းတဲ့ ရာဇဝတ်မှုတွေ ပေါ်ပေါက်တယ်။ စင်စစ် – ဘဝ ရှင်သန်မှုဟာ အသက်ရှူနေရုံ မဟုတ်ဘူး။ သိမြင်မှု ပါ ရှိနေပါတယ်။ ဒါ့ကြောင့် – တစ်စုံတစ်ခုကို ခင်ဗျား မသိရင် – ခင်ဗျား တစ်ဦးတည်း အတွက် အဲ့ဒါဟာ “မသိတာ” သက်သက်ပဲ။ အဲ့ထက် မပိုပါဘူး။ ဒါကို ခင်ဗျား ကိုယ် ခင်ဗျား ပြန်ရှင်းပြနေစရာ မလိုဘူး ။ ခင်ဗျား မသိရင် မသိတာ သက်သက်ပဲ ခင်ဗျား သန္တာန်မှာ တည်ရှိနေလိမ့်မယ်။

— အဲ့ဒီ မသိတဲ့ အရာတစ်ခုကို – ခင်ဗျား ရှုကြည့်၊ အားထုတ်မှုကြောင့် – သိပြီးပြီ ဆိုပါတော့ ။ ဒါဆိုရင်လည်း – အဲ့ဒီ အသိကို အခြားသူ လက်ခံနိုင်ဖို့ ခင်ဗျား ဖွင့်ချပြနေလို့ မရဘူး။ အတင်းကာရော ကြိုးစားရင်လည်း – အဲ့ဒီ လူဟာ ( ခင်ဗျားဟာ ) တကယ် မသိသေးဘူး လို့ပဲ ပြောရလိမ့်မယ်။ စင်စစ် သိမှု သက်သက်ဟာ – ယုတ္တိ ချပြစရာ မလိုပါဘူး။ သိမြင်နိုင်မယ့် လမ်းကို လက်ညှိုးညွှန်ပြရုံသာ ရှိတယ်။ အသိတစ်ခုကို ရောက်ရာ ရောက်ကြောင်း – ရှယ်ယာ ( Sharing ) လုပ်ပေးလို့ပဲ ရတယ်။ အဲ့ထက်ပိုပြီး ဘာမှ လုပ်လို့ မရဘူး။ အတင်းခွံ့ကျွေးလို့ မရဘူး။ ဒါ့ကြောင့် ဇင်မှာ အခိုင်အမာ တည်ရှိတဲ့ နောက်ခံ အချက်တစ်ချက်က – “သစ္စာ၊ အမှန်ဟာ သက်သေ ၊ ဆင်ခြေ မလိုဘူး” ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အသိ တစ်ခု ဟာ သိတဲ့ ခဏမှာ ပြီးပြည့်စုံနေပါတယ်။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် – ကာလနဲ့လည်း မသက်ဆိုင်သလို၊ ဒေသ၊ ဂိုဏ်းဂဏ၊ တံဆိပ်၊ ဝါဒတွေနဲ့လည်း မသက်ဆိုင်ဘူး။

ဒါ့ကြောင့် အနှစ်ချုပ်အားဖြင့် ~

မြင့်မြတ်တဲ့ အရာတိုင်း ဟာ သေးနုပ်တဲ့ ပစ္စုပ္ပန် တခဏတိုင်း အတွင်း မှာ တည်ရှိတယ်။ အဲ့ဒီ ခဏတိုင်းဟာ လွတ်လပ်ရှင်သန်နေတယ်။ ယုတ္တိ ဆင်ခြေတွေကနေ ကင်းလွတ်တယ်။ ဒီခဏဟာ “ဘာလုပ်နေတဲ့ ခဏလဲ၊ သန့်စင်နေတာလား ~ ညစ်ညမ်း နေတာလား – ကိုယ်ကျင့်တရား နှုန်းစံတွေ ရှိသလား၊ ဘာလုပ်နေရမှာလဲ~ ငါ ဘယ်မှာလဲ” ~ စသဖြင့် အတွေးအခေါ် စည်းဘောင်တွေဟာ ဒီခဏ မှာ ရှုမြင်နိုင်သူ သန္တာန်က လွင့်ပျောက်နေပါတယ်။ အသိ သက်သက်နဲ့ ခဏတိုင်းမှာ နေထိုင်နေသူဟာ တခဏချင်းရဲ့ အရသာကို အတိအကျ တွေ့ထိ ထားပါတယ်။ သိုးမွှေးလေး တစ်မျှင် ထိပ်ဖျားက တွယ်ညိနေတဲ့ နှင်းဝတ်ရည် တစ်စကို တယုတယ စုတ်ယူ သောက်သုံး လိုက် သလို အနုစိတ်တယ် ။ ဒါပေတဲ့ ပေါ့ပါး လွတ်လပ်တယ်။

  • Touch to the tip & Taste .

ဒါဟာ ဇင်အတွက် ပင်မအကျဆုံးနဲ့ အရိုးရှင်းဆုံး ရှင်းလင်းချက် ဖြစ်ပါတယ်။ဒါ့ကြောင့် ဒီခဏတာ အတွင်း သိမြင်ရှင်သန်နေသူဟာ လွတ်မြောက်မှု အတွင်း မှာသာ ကြည်ကြည်လင်လင် ပွင့်လန်း တည်ရှိတယ်။ သူ့အတွက် သစ္စာတရား၊ မေတ္တာတရား စသည်တို့ဟာ စကားလုံး သက်သက် မဟုတ်ဘူးရယ်။ ပြည့်ဝတဲ့ လွတ်မြောက်မှု ရှိနေပါတယ်။ သူ့အတွက် ဝါဒ၊ တံဆိပ်၊ ဂိုဏ်း အဖွဲ့အစည်း၊ အစုအဝေးတွေရဲ့ အရိပ်အာဝါသ က ကင်းလွတ်တယ်။ အထီးတည်း ရှင်သန် ဖြစ်တည်နေတယ်။

……………..
ရေးထားမိတဲ့ အပိုင်းအစ အချို့ အတွက်-
“Mystery of the Dewdrop” လို့ အမည်ပေးမိပါတယ်။
မပြင်ဆင်တော့ဘဲ ၊ ဒီအတိုင်းသာ တင်လိုက်တယ်။
…………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: