အချက်အလက်များနှင့် ခေါင်းကိုက်ခြင်း

A: အိုရှိုး – ခင်ဗျားကို အချက် အလက် တစ်ခု တင်ပြတဲ့အခါ တစ်ခါမှ အနှောင့်အယှက်ဖြစ်သွားဟန် မရှိဘူး။ အဲ့ဒါကို မြင်တော့ ကျနော့ အနေနဲ့- တော်တော် ကသိ ကအောက် ဖြစ်တယ်။

B: ခင်ဗျား ရူးနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော့ကို အနှောင့်အယှက် မရှိတဲ့အရာတွေက ခင်ဗျားကိုပါ ရောပြီး ဘယ်လို အနှောင့် အယှက် ပြုနိုင် မှာလဲ။ တကယ်တမ်း ပြောရင် ~ ကျနော် အချက်အလက်တွေကို သိပ်တန်ဖိုး ထားလေ့မရှိဘူး။ အချက်အလက်ဟာ အမှန် သိတဲ့ အရာ မဟုတ်သေးဘူး။ ကျနော်တို့ အမှန်ကို ရောက်နိုင်ဖို့ အထောက်အကူ တစ်ခုသာ ဖြစ်တယ်။ ခင်ဗျားမှာ ဘယ်လို အထောက် အကူ တွေ ရှိ လဲ။ အယူဝါဒ အစွဲတွေလား၊ မျက်ကန်း ယုံကြည်ချက်တွေလား ၊ ဒါမှမဟုတ် မသိတဲ့ အသွင် သန္တာန် နဲ့ ယောင် နန အပိုင်းအစတွေ လား။ ဒီလို မသိတဲ့ အချက်အလက်တွေ အတွက် ကျနော် ကိုယ် ကျနော် ဘာလို့ အနှောင့်အယှက် အဖြစ် ခံရမှာ တဲ့လဲ။

မနေ့က အရာ တစ်ခု ဖြစ်ခဲ့တယ်။ ဒါဟာ အချက်အလက် တစ်ခု ဖြစ်မယ်။ ဒါပေတဲ့ ဒီနေ့ မဖြစ်ဘူး မဟုတ်လား။ ယေရှုခရစ် ၊ မောရှေ၊ အာဗြဟံ စသည် သူတို့ အတွက် “နေဟာ ကမ္ဘာကို ပတ်တယ်” ဆိုတာ အချက် အလက် တစ်ခု ဖြစ်နိုင်မယ်။ ဒါပေမယ့် အဲ့ဒါဟာ အချက် အလက် တစ်ခုထက် မပိုဘူး ဆိုတာတော့ သိထားရလိမ့်မယ်။ အခု ကနေ့ကာလမှ “ကမ္ဘာက နေကို ပတ်နေတယ်” ဆိုတာဟာ အချက် အလက် တစ်ခု ဖြစ်သွားတယ်။ သူတို့ ခေတ် အခါနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ဒါကရော ခင်ဗျားကို ဘယ်လောက် ကသိ ကအောက် ဖြစ်စေနိုင် မှာလဲ။ ခင်ဗျားကရော ဒီအချက်အလက်တွေနဲ့ ဘာကြောင့် ကသိကအောက် အဖြစ် ခံရတာလဲ။ လူဟာ အမြဲ ရှေ့ ကို ပြောင်းလဲ တိုးတက်နေတယ်။ ပိုပိုပြီး အသိအမြင် ဥာဏ် ကြွယ်ဝလာတယ်။ သိပ္ပံ အသိသညာတွေ ၊ နည်းနာတွေ သုံးစွဲမယ်။ သဘာဝ လောကဓာတ်ရဲ့ အစစ်အမှန် ဆီကို နည်းအမျိုးမျိုးနဲ့ နေ့စဉ်နေ့တိုင်း ချဉ်းကပ် ရှာဖွေ ကြည့်မယ်။ ဒါဆို အချက်အလက်တွေဟာ အသစ် အသစ် တွေနဲ့ အမြဲ ပြောင်းလဲနေမှာပဲ မဟုတ်လား။

ကျနော် အချက်အလက် ကို တန်ဖိုး မထားဘူး။ တကယ့်အဖြစ်ကိုပဲ တန်ဖိုးထားတယ်။ ဆိုလိုတာက အချက်အလက် ကို လူလုပ် လို့ ရတယ်။ တကယ့် အဖြစ် ကို လူလုပ်လို့ မရဘူး။ ကျနော် ကြံတွေးကြည့်ပြီး အချက်အလက် တစ်ခု ဖြစ်နိုင်ပေမယ့် ~ ကျနော် ကြံတွေး တဲ့ စိတ်နဲ့ တကယ့်အဖြစ်အရှိ တစ်ခုကို ချေဖျက်ပစ်လို့ မရဘူး။ အမှန်တရား ( ဝါ ) သစ္စာဟာ တည်ရှိပြီးသား ဖြစ်ပါတယ်။ ခင်ဗျား မသိ တာ သိတာ ခင်ဗျားနဲ့ပဲ ဆိုင်တယ်။ တကယ့်အဖြစ် သစ္စာက ရှိပြီးသား ၊ ရှိနေပြီးသားပဲရယ်။

ဆိုလိုတာက ~

သစ္စာ တရားနဲ့ ပတ်သက်ပြီး ခင်ဗျား တွေးကြံ ကြည့်လို့ မရဘူး။ အမှန်တရားဟာ စိတ်ကူးကြည့်ရုံနဲ့ သိရတာ မဟုတ်ဘူး။ ခင်ဗျား တွေ့ကြုံမှ သိရတဲ့ အရာ ဖြစ် ပါတယ်။ ခင်ဗျား ခံစားနိုင်တယ်။ ဒါပေမယ့် တွေးလို့တော့ မရဘူးရယ်။ သစ္စာ ( ဝါ ) အမှန်နဲ့ ကြုံဆုံတဲ့ အခိုက် ခင်ဗျား သိသွား တယ်၊ အဲ့ဒါ အပြင် ခံစားမှု၊ မြင်မှု လည်း ရှိလာပါတယ်။ တပြိုင်နက်တည်းမှာ – အဲ့ဒါဟာ တွေးကြည့်ရုံနဲ့ မရတဲ့ အရာ ဆိုတာပါ သိပါ တယ်။

ဘာနဲ့ ဥပမာ ပေးရမလဲ။ မှောင်ပိန်းနေတဲ့ အခန်းထဲကို မီးတိုင်ကိုင်ပြီး ဝင်သွားသလိုမျိုး။ ခင်ဗျား ဝင်သွားတဲ့ အခါ အခန်းထဲမှာ အမှောင်ပျောက် သွားမယ်လို့ ဆိုကြတယ်။ တကယ်က အမှောင်ဟာ ဘယ်တုန်းကတည်းက ရှိနေပါသလဲ။ စင်စစ် အမှောင်ဆိုတာ အလင်း မရှိတာ ကိုပဲ ခေါ်တာ မဟုတ်လား။ အလင်းရှိတဲ့ ခဏ အမှောင် မဟုတ်တော့ဘူးရယ်။ ဒါလေးပဲ ကွာပါမယ်။

ဒါ့ကြောင့် အတွေးအကြံတွေ၊ အချက်အလက်တွေနဲ့ ခရီးဆက်မယ် ဆိုရင် ခင်ဗျား အတွက် အဲ့အရာတွေဟာ လေးလံနေမှာပဲ။ တစ်ခါ တစ်လေမှာ အချက်အလက်နဲ့ အမှန်တရားဟာ အတူတူပဲလို့ ခင်ဗျား ခံယူကောင်း ခံယူမိသွားမှာပဲ။ အချို့ စိတ်ကူးအတွေးတွေဟာ အချက်အလက်တွေထက် ပိုပြီး အမှန်သဘော ဆန်နေတတ်တာမျိုးတောင် ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးရာခန့်က သိပ္ပံရဲ့ အခြေအနေ ကိုပဲ ကြည့်ကြည့်ပါ။ အခုတော့ အဲ့အရာတွေဟာ အားလုံးလိုလို ပြောင်းလဲပြီးခဲ့ကြပြီ။ ဟိုးတစ်ခေတ်က အရစ္စတိုလ်တယ်ရဲ့ ယုတ္တိ ဗေဒ ဟာ ကြီးမြတ် တဲ့ ရှာဖွေတွေ့ရှိချက်ကြီးပဲ။ နှစ်ပေါင်း ထောင်ချီပြီး လက်ခံ ကျင့်သုံးခဲ့ကြတာပဲ။ ဒါပေတဲ့ အမှောင်ခေတ် နောက်ပိုင်းမှာ အဲ့ဒါတွေဟာ ဝန်ထုပ်ဝန်ပိုးကြီး သက်သက် အဖြစ်ပဲ ကျန်ရစ်ခဲ့တော့တယ်။ Non-Aristotelian Logic တွေက သူ့နေရာကို ဝင်ယူလာ တယ်။ ဆက်လက် တွင်ကျုယ် ကျင့်သုံးတယ်။ နောက်နောင် အချိန်မှာ ဒီ Logic ဟာလည်း ဝန်ထုပ်ဝန်ပိုး ပြန်ဖြစ် သွားဦးမှာပဲ မဟုတ် လား။

အချက်အလက်ကို အမှန်တရားပါ လို့ ခေါ်တွင်ကြတဲ့ အခါ အဲ့ဒီ အမှန်တရားဟာ ကြာရှည် မတည်မြဲဘူးရယ်။ ဒါကို နားလည်ထား ရပါ လိမ့်မယ်။ ဝမ်းတွင်းကန်း နေတဲ့ သူက အလင်းနဲ့ ပတ်သက်ပြီး စိတ်ကူး ထုတ် နေသလို မျိုး။ နဲ့ တူမယ်။ အဲ့လို အသိအမြင် မပါတဲ့ စိတ်ကူး ယဉ် မှု သက်သက်၊ အချက်အလက် သက်သက်ကို ကျနော် ဘယ်လို အလေးထားပေး ရမှာတဲ့လဲ။ ဒီထက် ပိုဆိုးတာက ~ အခု ခင်ဗျား ကတောင် ကြားချောင်ပြီး ကသိကအောက် ဖြစ်လိုက်သေးတယ်။🙂 အဲ့ဒါ ဘာလိုအပ်လို့လဲ။

ဖြစ်ကောင်း ဖြစ်နိုင် တာက ~ ဒီ အချက် အလက် တွေဟာ ~ အစစ်အမှန် အသိ ၊ အသိပညာ၊ မဟုတ် ကြောင်း ကျနော် နားလည် ထားချိန် မှာ – ခင်ဗျား အနေ နဲ့ က အသိပညာ ထည် စစ်စစ် တွေ ဖြစ်ကြောင်း လက်ခံ သိမ်းပိုက်ထားပုံ ရတယ်။

…………………
Ref: Osho: From the False to the Truth
…………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: