ချမ်းမြေ့မှု သည် သဘာဝ အတိုင်း သာ ဖြစ်၏

A: အခု ရှိနေတာတွေ အားလုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ။

Osho : ခင်ဗျား ဘဝရဲ့ ရည်ရွယ်ချက် ( ဝါ ) ခင်ဗျား ရှင်သန်နေထိုင်ရခြင်း အကြောင်းက ဘာလဲ။ ခင်ဗျား ဘဝမှာ ရည်ရွယ်ချက် တစ်ခုခုများ ထားရှိ ထားပါသလား။ အခု ကျနော်နဲ့ အင်တာဗျူး လုပ်ဖို့လား။

A: ဗျာ !?

Osho: ကျနော်နဲ့ အင်တာဗျူး လုပ်ဖို့ဟာ ခင်ဗျား ဘဝ ရည်မှန်းချက်လား !!!??

စင်စစ် လောကမှာ ရည်ရွယ်ချက် ရည်မှန်းချက် ဘာမှ မလိုအပ်တဲ့ အရာတွေ ရှိပါတယ်။

ဘဝ(ဝါ) ရှင်သန်နေခြင်း သက်သက် မှာ ရည်ရွယ်ချက် မရှိဘူး။ မလိုအပ်ဘူး။ ချစ်ခြင်း၊ မေတ္တာ မှာ ရည်ရွယ်ချက် မရှိဘူး။ အလှတရားမှာ ရည်ရွယ်ချက် မရှိဘူး။ ချမ်းမြေ့ခြင်း သန္တိမှာ ရည်ရွယ်ချက် မရှိဘူး။ ရည်ရွယ်ချက် အမျိုးအစား ခေါင်းစဉ်တွေ ခွဲခြား တည်ရှိတဲ့ အရာတွေဟာ စင်စစ် အသုံးမဝင်တဲ့ အလဟဿ ၊ အချည်းနှီး ပျက်စီးရာ အကြောင်းခံ တွေသာ ဖြစ်ပါတယ်။ စက်ယန္တရား တစ်ခုမှာ ရည်ရွယ်ချက် ရှိမယ်။ ဒါပေတဲ့ လူသား ဖြစ်ခြင်းမှာ ရည်ရွယ်ချက် မရှိဘူး။

ကဲ… ကခုန်တယ် ။ ဘာ ရည်ရွယ်ချက်နဲ့လဲ။ ပျော်ရွှင်တယ် ~ သီချင်းဆိုကြတယ် ~ ဘာ ရည်ရွယ်ချက်နဲ့လဲ။ ပန်းချီဆွဲတယ် ~ ကဗျာရေးဖွဲ့မယ် ~ ဘာရည်ရွယ်ချက် ရှိပေးရမလဲ။ မိုက်ကယ် အိန်ဂျလို၊ လီယိုနာဒို ဒါဗင်ချီ၊ ပီကာဆို ~ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

တစ်ချိန်က ပီကာဆို ပန်းချီဆွဲနေတဲ့ အခိုက်ပေါ့။ – လူတစ်ယောက် က ကြည့်နေခဲ့တယ်။ နှစ်နာရီလောက် ကြာမယ်။ ပန်းချီကား ဆွဲပြီးတော့ ပီကာဆိုကို အဲ့ဒီ လူက မေးတယ်။ “ခင်ဗျား ဒီပန်းချီကို ဘာရည်ရွယ်ချက်နဲ့ ဆွဲသလဲ။ ဒီပန်းချီကားရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ပီကာဆိုက ပြန်ပြောတယ်။ “ကျုပ်လည်း ခင်ဗျားကို မေးမလို့ပါ။ အကြောင်းက ခင်ဗျားလည်း နှစ်နာရီလောက်နီးနီးကို အချိန်ပေး ကြည့်နေခဲ့တာ မဟုတ်လား။ ခင်ဗျားများ သိမလားလို့။”

သူပြောတဲ့ စကားဟာ တန်ဖိုးကြီးတဲ့စကား ၊ မှတ်သားဖွယ်ရာ စကား ဖြစ်ပါတယ်။

နှင်းဆီပန်းလေး တစ်ပွင့်ဆီကို သွားပြီး “မင်း ရည်ရွယ်ချက်က ဘာလဲ၊ မင်း ဘာအကြောင်းကြောင့် ဖူးပွင့်လာတာလဲ” ဘယ်သူ သွားမေးမလဲ။ နှင်းဆီ ပန်းလေးဟာ လေထဲ၊ မိုးထဲ၊ နေရောင်ခြည် အလင်းတွေ ကြားထဲမှာ သူ့သဘာဝနဲ့ သူ ဖူးပွင့် ကခုန် နေနိုင်ပါတယ်။ သူ့အတွက် ဘယ်မေးခွန်းတွေနဲ့ ဘယ်သူ အနှောင့်အယှက် ပေးနိုင်မလဲ။ အလားတူ ~ ကျနော်ကရော။ ကျနော့် ပန်းချီကား တွေမှာ ဘာရည်ရွယ်ချက် ရှိရမလဲ။ စင်စစ် ကျနော် ပန်းချီဆွဲရတာ ပျော်တယ် ~ ကြည်နူးတယ် ~ ဒါဆို လုံလောက်ပါတယ်။ အဲ့ဒါထက် ပိုပြီး ဘာမှ မလိုအပ်ဘူး။

ရည်ရွယ်ချက်နဲ့ မောင်းနှင်နေတဲ့ ဘဝဟာ ကျွန်တစ်ဦးရဲ့ ဘဝသာ ဖြစ်တယ်။ ရည်မှန်းချက် မရှိ၊ မလိုအပ်တဲ့ ဘဝဟာ ချမ်းမြေ့သာယာနေပါတယ်။ တခဏတိုင်း တခဏတိုင်း အပေါ် အပြည့်အဝ နှစ်လို ချမ်းမြေ့ နေထိုင်တာ သာ ရှိတယ်။ သူအတွက် မနက်ဖြန် မရှိဘူး။ အဆုံးသတ် မလိုဘူး။ အခြား ဘယ်တနေရာရာကိုမှ သွားနေတာ မဟုတ်ဘူး။ အခု အချိန်၊ အခု နေရာ ( Now and Here ) မှာသာ ရိုးရိုး ရှင်းရှင်း တည်ရှိနေတာ ဖြစ်ပါတယ်။

ကျနော် အခု ပျော်ရွှင်တယ် ~ ကျနော့ ရောင်းရင်းတွေလည်း ပျော်ပျော်ရွှင်ရွှင် ရှိမယ်။ ဘာထပ် လိုအပ် ပေးရဦးမလဲ။ ဒီလို ရည်ရွယ်ချက်က ဘာလဲလို့ မေးကြတဲ့ လူတွေ၊ အပြင်မှာ ရှိနေတဲ့ လူတွေဟာ ~ သူတို့ ဘာလို့ ဒီမေးခွန်းတွေ မေးကြသလဲ ဆိုတာ သူတို့ ဘာသာ သူတို့ ~ သတိ မပြုမိကြဘူးရယ် ။ သူတို့ ရှင်သန် နေရတာ ကို စင်စစ် သူတို့ဘာသာ မပျော်ရွှင်တာ ဖြစ်ပါတယ်။ သီချင်းသံ မသာ ဘူး။ ကောင်းကောင်း မဖူးပွင့်နေ နိုင်ဘူး။ ရနံ့ကောင်း ကောင်း မထွက်နိုင်ဘူး။ သူတို့ ဘဝ ရှင်သန်မှုကို သူတို့ ဘာသာ အတင်းဆွဲခေါ် ယူနေရတာသာ ရှိမယ်။ အဲ့ဒီ အခါ ဒီလို “ရည်ရွယ်ချက်” မေးခွန်း တွေ ဟာ သူတို့ အတွေးထဲက ထွက်လာပါတယ်။ ဒါဟာ သဘာဝ လည်း ကျတယ်။ “ရည်ရွယ်ချက်က ဘာလဲ” စသဖြင့် မေးကြမှာပဲ။ ~

ဒါပေတဲ့ – ဥပမာ – ကျန်းမာနေတဲ့ သူတစ်ယောက်က “ကျန်းမာရေး ရဲ့ ရည်ရွယ်ချက်က ဘာလဲ” လို့ မမေးဘူး။ ကျန်းမာနေတဲ့ လူဟာ ဆရာဝန် တစ်ယောက်ဆီ သွားပြီး “ကျုပ် ဘာလို့ ကျန်းမာ နေရသလဲဗျာ” လို့ ဘယ်တော့မှ သွားမမေးဘူး။ ကျန်းမာရေး ချို့တဲ့နေတဲ့သူ သာ – သူ မကျန်းမမာ ဖြစ်ရခြင်း အကြောင်း ကို မေးခွန်း ထုတ်ပါတယ်။ ကျန်းမာနေခြင်းဟာ သဘာဝ၊ မကျန်းမာနေခြင်းဟာ သဘာဝ မကျတဲ့ အရာသာ ဖြစ်တယ်။ အဲ့လိုပဲ ~ ချမ်းမြေ့တဲ့ နေထိုင်မှု ဘဝ သက်သက်ဟာ စင်စစ် သဘာဝ ကျတဲ့ အရာသာ ဖြစ်ပါတယ်။ သူ့မှာ ဘာ အကြောင်းခံ၊ ဘာရည်ရွယ်ချက်၊ ဘာအဆုံးသတ်မှ မလိုအပ်ဘူး ။ အတွင်းပိုင်း အနှစ်သာရ တန်ဖိုး ရှိနေတယ်။ အဲ့ဒါလေးပဲ။


~ First Part of this Youtube Link – http://www.youtube.com/watch?v=npnN9htA1FE

………………
‘To Live Joyfully is Natural’,
Excerpt from an interview with Bill Harlan, Denver Post.
………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: