Osho ~ Christ Keizer : Interview ( 1 )

8 October 1985 pm in Sanai Grove
Interview with Christ Keizer, The Boston Globe, Boston, MA

Q: ဟိုဘက်နံရံမှာ ချိတ်ထားတဲ့ ရှင့်ရဲ့ စာကြောင်း တစ်ချို့ကို ကျမ ကြည့်မိတယ်။ တစ်ခုမှာ ပြောထားတာက — “လူရဲ့ နှလုံးသားဟာ လောကမှာ အန္တရာယ် အကြီးဆုံး အရာ ဖြစ်ပါတယ်” တဲ့။ ဟုတ်တယ်ဟုတ်။

A: ဟုတ်ပါတယ်။

Q: ဘာဖြစ်လို့ပါလဲ။

A: ခင်ဗျား နှလုံးကို ခင်ဗျား နားထောင်ကြည့်ကြည့်ပါ။ ဘယ်လောက် နှလုံးခုန်နေသလဲ။ —

စင်စစ် ဆရာသခင်တိုင်းဟာ အန္တရာယ် ကြီးမားကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဆရာသခင် တစ်ပါးရဲ့ အနားကို ချဉ်းကပ် ရောက်လာရင် ခင်ဗျားရဲ့ အတ္တဟာ ကျဉ်းကျုံ့လာတယ်။ ပျောက်လုမတတ် ဖြစ်သွားရမယ်။ အဲ့ဒီ အတ္တကို ဖယ်ဖျက်ခြင်း ဟာ ကမ္ဘာပေါ်မှာ အခက်အခဲဆုံး အရာ ဖြစ်ပါတယ်။

Q: လူသားရဲ့ နှလုံးသား အတွက် အန္တရာယ် ဆိုတာ ဘာလဲ။

A: အန္တရာယ်ဆိုတာ အတ္တအတွက်ကို ဆိုလိုပါတယ်။ အတ္တကြောင့် အရာအားလုံး အရုပ်ဆိုး သွားတယ်။ ဒါပေမယ့် အခု လူ့အဖွဲ့အစည်း၊ ပညာရေး၊ ဘာသာရေး အားလုံး နီးပါး ဟာ ရည်ရွယ်ချက် ရည်မှန်းချက်တွေ ခင်ဗျား ရင်ထဲကို ထည့်သွင်းပေးနေတယ်။ အဲ့ဒီ စိတ်ဇော အဟုန်တွေနဲ့ ခင်ဗျားရဲ့ အတ္တဟာ အာဟာရ ပြည့်လာတယ်။ အားပြည့် ကြီးထွားလာတယ်။

ဆရာသခင် လုပ်ရမယ့် အလုပ်က အဲ့ဒီ အဖွဲ့အစည်း၊ ဘာသာရေး၊ ယဉ်ကျေးမှု တွေက သင်ကြားသမျှ ခင်ဗျားဆီက ဖျက်ချပစ်ဖို့ ပဲ ~ ခင်ဗျား ကို လုံးဝ ရပ်တန့် ပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကို- ဘယ်သူက အဖျက်ခံနိုင်သလဲ။ ဘယ်သူမှ အသိဥာဏ် ပျောက်ဆုံး မသွားချင်ဘူး၊ မရပ်တန့် သွား လိုဘူး မဟုတ်လား။ မိမိ ကိုယ်ကိုယ် ထင်မြင်ထားတဲ့ ဘဝင် ကို ဖျက်မချနိုင်ဘူး။ မိမိကိုယ်ကိုယ် ရိုသေ ခံယူထားတဲ့စိတ် မဖြေဖျောက် နိုင်ဘူးရယ်။

Q: ဒါဆို ဘယ်သူ့အတွက် အန္တရာယ် ရှိနေတာလဲ။

A: အတ္တအတွက် အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။

Q: ရှင့်အနေနဲ့ လောကမှာ အန္တရာယ် အကြီးဆုံးဟာ ဒါပါလို့ ပြောတယ်။ ဟုတ်ပြီ။ ဒါဆို ရှင်ဆိုလိုတာက လူ့အဖွဲ့အစည်း နဲ့ အခြား အရာတွေကလည်း အန္တရာယ် ဖြစ်နေတယ် လို့ ဆိုလိုတာလား။

A: ဟုတ်ပါတယ်။ အားလုံး လိုက်လံ ပြောင်းလဲနိုင်ရပါလိမ့်မယ်။ အခု အတိုင်း ရှိနေသမျှ ဟာ ~ အားနည်းလွန်းတယ်။ ရူးသွပ်လွန်းနေပါတယ်။

Q: ကျမ ကြားသိရသလောက် ~ ရှင်ဟာ ဘယ် အစဉ်အလာ လမ်းကြောင်းနောက်ကို မှ မလိုက်နာဘူး။ ဘယ်အစဉ်အလာရဲ့ လက်အောက်မှာမှ ရှိမနေဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် ကျမ မျက်မြင်မှာ ~ ရှင် လုပ်နေသမျှဟာ အစဉ်အလာတွေ အပေါ်မှာချည်း ဖြစ်နေတာ တော်တော်များနေတယ် ( ထင်ပါတယ် ) အဲ့ဒါကို ဘယ်လို ရှင်းပြနိုင်မလဲ။

A: ကျနော် ဘယ်အစဉ်အလာ ကိုမှ မလိုက်နာပါဘူး။ အစဉ်အလာ နောက်ကို လိုက်လံ နေမယ့် လူဟာလည်း ဘယ်လိုမှ သစ္စာ (အမှန်) ကို မရောက်၊ မသိနိုင်ဘူး။ ဘာလို့ဆို အစဉ်အလာ၊ ဓလေ့ထုံးစံ အားလုံးဟာ အသေသား ( Dead ) တွေ ဖြစ်ပါတယ်။ ဒါကို ခင်ဗျား အခု မြင်နေရတဲ့ အရာတွေနဲ့ သွားမရောထွေး ပါနဲ့။ ရှင်သန်နေတဲ့ အစဉ်အလာ ဆိုတာ မရှိဘူး။ အစဉ်အလာ ဓလေ့ ဆိုတာရဲ့ အဓိပ္ပာယ်ကိုက သေဆုံးပြီးသား လို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ယခင် တစ်ချိန်က ကောင်းကောင်း ရှင်သန်ခဲ့တဲ့ အရာတွေ ဖြစ်တယ်။

Q: ဒါဆို ဘာဝနာ အသိတွေ ထုံကူး လက်ဆင့်ကမ်းတဲ့ အခါ ~ ဆရာသခင်နဲ့ တပည့် ဖြစ်သူတွေဟာ မျိုးဆက် တစ်ဆက်ကနေ နောက်မျိုးဆက် တစ်ဆက်ကို အစဉ်အဆက် ကြိုးပမ်း ကြရတယ်။ ဟုတ်တယ် ~ မဟုတ်လား။ အခု ဒီမှာ ရှိနေတဲ့ ရှင့်တပည့်တွေ လိုမျိုးပေါ့။ တစ်ဦး သိမြင်တဲ့ ဥာဏ် အလင်းကို တစ်ဦးကို လက်ဆင့်ကမ်း ပေးကြရမယ် ဟုတ်တယ်ဟုတ် ။ သိမြင်ထားတဲ့ အသိဥာဏ် အလင်း ကို ရပ်တန့် ကင်းပြတ် မသွားစေဖို့ ~ နောင်မျိုးဆက်သစ် တွေ အပေါ် ဆင့်ကမ်း ပေးသွားရမယ်။ ဟုတ်တယ် ~ မဟုတ်လား။

A: လုံးဝ မဖြစ်နိုင်ပါဘူး။ ကျနော် တွေ့ကြုံတဲ့ အရာတစ်ခုကို အခြား မျိုးဆက် တစ်ခုခုကို ကူးပြောင်းမပေးနိုင်ဘူး။ ကျနော် သိရှိတဲ့ အရာ တစ်ခုကို အနီးအပါးက တပည့်တစ်ဦးကိုလည်း ကူးပြောင်း ထည့်မပေးနိုင်ဘူး။ အသိဥာဏ် အလင်းကို ဖော်ပြလို့ မရဘူး။ အလွန်ဆုံး လုပ်နိုင်တာက ညွှန်ပြလို့ပဲ ရပါတယ်။ ရှင်းပြလို့ မရဘူး။

Q: ကျမကလည်း “ရှင်းပြဖို့” လို့ ပြောတာ မဟုတ် ပါဘူး။ ဆိုလိုတာက ~ ကူးပြောင်းပေးဖို့၊ လက်ဆင့်ကမ်းပေးဖို့၊ အခြေအနေ တစ်ခု ဖန်တီးပေး ဖို့။ နောက်ဆုံးမှာ သူတို့ဟာ သူတို့ အသိဥာဏ်ကို သူတို့ဘာသာ နားလည်သဘောပေါက်သွားဖို့။ ထောက်ကူဖို့။

A: ဟုတ်ကဲ့။ ဒါဆို ရပါတယ်။ အထောက်အကူ ၊ အခြေအနေဆိုတာ ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက် သူ့အသိဥာဏ်အလင်းကို မြင်တဲ့အခါ အဲ့ဒါဟာ သူ့အပိုင် အရာသာ ဖြစ်ပါတယ်။ သစ္စာတရားဟာ သူ့သစ္စာသာ ဖြစ်တယ်။ ကျနော့ဆီက တစ်ခု မဟုတ်ဘူး။ သူ့ကိုယ်ပိုင်။

ဒါ့ကြောင့် ကျနော့အနေနဲ့ ~ သူ့အမြင်ကို သူ့ဘာသာသူ ရသွားစေဖို့ အခြေအနေ ဖန်တီးရာမှာ ဝင်ကူပေးနိုင်တယ်။ ဒါပေမယ့် ကျနော့ သစ္စာ မဟုတ်ဘူး။ ကျနော့ အသိဥာဏ် မဟုတ်ဘူး။ ကျနော် သိတဲ့အရာကို ထည့်ပေးတာတော့ မဟုတ်ဘူးရယ်။ နောက်ပြီး ဒီအချက်ကြောင့် လည်း ~ သစ္စာတရားဟာ အစဉ်အလာ ဓလေ့ ၊ တံဆိပ် ၊ ရိုးရာ ဖြစ်မလာနိုင်ဘူးလို့ ပြောရတာ ဖြစ်ပါတယ်။ အကြောင်း က သစ္စာအမြင်ဟာ သီဝရီ ၊ ဒဿန စနစ်၊ ဘာသာ တံဆိပ် မဟုတ်ဘူး။ သစ္စာဥာဏ် အမြင်ကို ရှာဖွေသူ တစ်ဦးဟာ အခြေအနေတွေကို အမြောက် အများ ဖန်တီးနိုင်ပါလိမ့်မယ်။ လူတွေကိုလည်း ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သိမြင်တဲ့အခါမှာတော့ လူဟာ မိမိအရာ ကိုသာ မိမိ သိမြင်နိုင်ပါတယ်။

Q: ကျမ ဆိုလိုတာက အဲ့ဒီ သစ္စာဥာဏ် အမြင် စွမ်းအင် ( ဒါမှမဟုတ် ) ဥာဏ်အမြင်ကို မျိုးဆက် တစ်ဆက်ကနေ တစ်ဆက် ဆက်ဖြစ်သွားဖို့ —

A: ဒါဟာ နည်းလမ်း မဟုတ်ဘူး။ တစ်ယောက်ကနေ တစ်ယောက်ဆီကို မျိုးရိုးဗီဇ ဆန်ဆန် ကူးပြောင်းနိုင်တဲ့ အရာ တစ်ခု မဟုတ်ဘူး။ သစ္စာတရားဟာ ဒါ့ကြောင့်သာ အစဉ်အမြဲ သစ်လွင်နေတာ ဖြစ်ပါတယ်။ အမြဲ အသစ် ဖြစ်နေတယ်။ သူဟာ ဘယ်အချိန် မှာမှ အိုဟောင်းသွားမယ့် အရာ မဟုတ်ဘူး။ လူပေါင်း သန်းသောင်းမက တွေ့ကြုံ သိရှိသွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒါဟာ သူတို့ရဲ့ သစ္စာ၊ သူတို့ရဲ့ အတွေ့အကြုံသာ ဖြစ်ပါတယ်။

Q: ဟုတ်ပြီ။ ဒါဆို ~ ဧက၊ တစ်ခုတည်းရှိတဲ့ ၊ ကာလဒေသ ဘောင်စည်းမဲ့တဲ့ သစ္စာတရားဆိုတာ မရှိဘူးပေါ့။

A: ဒါဟာ ~ ဧက၊ တစ်ခုတည်းရှိတဲ့၊ ကာလဒေသ ဘောင်စည်းမဲ့တဲ့ သစ္စာ ဖြစ်ပါတယ်။ သူ့မှာ တူညီနေတယ်။ ဒါပေမယ့် အမြင်ဟာ တစ်သီး ပုဂ္ဂလနဲ့ပဲ ဆိုင်တယ်။ ကျနော် ဒီလို ပြောကြည့်မယ်။ —

သစ္စာတရားရဲ့ တစ်သီးပုဂ္ဂလ သီးခြား ဖြစ်မှုဟာ အားလုံးမှာ တူညီပါတယ်။ ဒါ့ကြောင့် လူတစ်ဦး သစ္စာအမြင် ရှိတဲ့အခါ သူ့အမြင် သူ့အသိသာ ဖြစ်တော့တယ်။ အဲ့ဒီ အစဉ်အမြဲ သစ်လွင်နေပြီး သူ့အမြင် သူ့အသိသာ ဖြစ်ရခြင်း ဆိုတဲ့ အချက်ဟာ အားလုံးမှာ တူညီနေပါတယ်။ ဧက၊ တစ်ခုတည်း ဖြစ်နေတယ်။

Q: ဒါဆို ဆရာသခင် နဲ့ တပည့်အပေါင်း တွေရဲ့ ဆက်နွယ်ချက် ကြားမှာ ကူးပြောင်းဖလှယ်ပေးစရာ ဘာအသိဥာဏ်မှ မရှိဘူး လို့ ရှင် ထင်တယ် ပေါ့။

A: ထည့်သွင်းပေးအပ် နိုင်တာ ဘယ်အရာမှ မရှိပါဘူး။

Q: အနည်းဆုံး ကူးပြောင်းပေးနိုင်မယ့် တစ်ခုခုလောက်ကော မရှိဘူးလား။

A: မရှိဘူး။ ကူးပြောင်းပေးနိုင်တဲ့ အရာ၊ လက်ဆင့်ကမ်းပေးနိုင်တဲ့ အရာ၊ ထည့်သွင်းပေးနိုင်တဲ့ အရာ၊ ထုံကူးပေးနိုင်တယ် ဆိုတဲ့ အရာတွေဟာ သိပ်အပေါ်ယံ ဆန်လွန်းတဲ့ စိတ်ပိုင်းဆိုင်ရာ အချို့၊ ဓလေ့ထုံးစံ အယူအဆ အချို့ စသည် အရာတွေသာ ဖြစ်ပါတယ်။ ဥာဏ်အမြင်တော့ မဟုတ်ဘူး။

Q: ဒါဆို ရှင့် တပည့်တွေထဲမှာ အသိဥာဏ်အမြင် ရှိတဲ့အခါ သူတို့ ဘာလုပ်မလဲ။ သူတို့ကလည်း ရှင်နဲ့ တစ်နည်းတစ်ဖုံ ဆက်နွယ် ပြီးမှ ဖြစ်လာတာ မဟုတ်လား။

A: ဒါဟာ အထောက်အပံ့ ၊ ကျေးဇူး အားဖြင့်သာ ဖြစ်ပါတယ်။ ဒါဟာ ဆက်နွယ်ချက် ၊ ကူးပြောင်းယူတာ မဟုတ်ဘူး။ အထောက်အပံ့ ဟာ ကူးပြောင်းတာ လက်ဆင့်ကမ်းတာ မဟုတ်ဘူး။

Q: အခြေအနေကို ဖန်တီးသူ တစ်ယောက် အနေနဲ့တောင် ရှင် ဘာမှ မလုပ်နိုင်ဘူးလို့ ဆိုလိုတာလား။

A: ကျနော် ဘာမှလုပ်လို့ မရပါဘူး။

Q: ဒါဆို ရှင့်ရဲ့ အခု Rajneeshpuram ( အိုရှိုး အပေါင်းအဖော်တို့ တစ်စုတစ်ဝေးတည်း နေထိုင်ရာ ရိပ်မြုံ ) ဟာ ဘာအတွက်လဲ။

A: ကျနော် ပျော်နေတာ။ ဒါလေးပဲ။ ဒီမှာ အခြေအနေ ဘယ်လိုအကြောင်း ဖန်တီးဖန်တီး ~ ကျနော့မိတ်ဆွေတွေ ပျော်ပျော်ရွှင်ရွှင် ရှိနေနိုင်တယ်။ ဒါပဲ။

Q: ဒါဟာ ရှင် အခြေအနေတစ်ရပ် ဖန်တီးတာပဲ မဟုတ်လား။ ဒီနည်း သုံးပြီး ဆက်နွယ်နေရတာပဲ မဟုတ်လား။

A: ဒါဟာ အပေါ်ယံ အကျဆုံး နည်းလမ်းပါ။ သူတို့ရဲ့ မီးညွှန့်လေးဟာ သူတို့ ရင်တွင်းမှာသာ ရှိပါတယ်။ သူတို့ဆီမှာ နကိုကတည်းက ရှိပြီးသားပဲ။ အထောက် အပံ့ ပြုတဲ့ ပစ္စည်း ပစ္စယ ဆိုတာ ခင်ဗျား သိမြင် နိုးကြားဖို့ အသုံးပြုတဲ့ ဗျူဟာ တစ်မျိုးပဲ။ အဲ့ဒါပဲ ဖြစ်ပါတယ်။

Q: ဒါဆို သူတို့ဟာ ရှင့်ဆီမှာ မရှိရင်တောင် အသိအမြင်နိုးကြားလာနိုင်မှာပဲ လို့ ရှင်ထင်တယ်ပေါ့။ ဥပမာ – နယူးယောက်ခ်မြို့မှာ ၊ အခြားမှာ ရှိနေရင်လည်း သူတို့ဘာသာ သူတို့ အသိရှိမှာပဲလို့ ရှင်တွေးထားတယ်ပေါ့။

A: အမြင်ဥာဏ် နိုးကြားနိုင်ဖို့ ဖြစ်နိုင်စွမ်း ဟာ နေရာတိုင်းမှာ ရှိပါတယ်။ ဒီမှာနေရင်လည်း နိုးကြားချင်မှ နိုးကြားလိမ့်မယ်။ အဲ့ဒီ အသိဥာဏ် အမြင် ( Awakened ) အဖြစ်ဟာ ခန့်မှန်းတွေးရ ခက်ခဲပါတယ်။ လေးနက် သိရခက်တယ်။

Q: ရှင်ကရော ဘယ်သူ့ဆီကမှ သင်ယူခဲ့တာ မဟုတ်ဘူးပေါ့။

A: ဘဝ လို့ ဆိုရုံမျှနဲ့ ပြည့်စုံပါတယ်။

Q: အခြား ဓလေ့၊ အယူဝါဒကွဲ တစ်ခုခု သင်ယူ ခဲ့သလား။

A: ဓလေ့ထုံးတမ်း တစ်ခု မဟုတ်ဘူး။ အားလုံးနီးပါး ကျနော် သင်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ အားလုံးဟာ စကား အသေ တွေချည်း ပဲ။ သူတို့တွေက ခင်ဗျား ကို ဘာ အကူအညီ မှ ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကို သိထားဖို့ လိုတယ်။ အဲ့ဒီ အစား ~ ခင်ဗျားကို စွဲယူဝါးမျို ပစ်လိုက်လိမ့်မယ်။ တကယ်လို့သာ သူတို့ အယူဝါဒ တစ်ခုခုရဲ့ စကားလုံးတွေ၊ စာသားတွေ ကို ခင်ဗျား သိပ်သဘောကျ တွယ်တာမိ သွား မယ် ဆိုပါတော့ ။ ဒါဆို သူတို့ရဲ့ အသိသညာ အချက်အလက်တွေ ခင်ဗျားဆီမှာ အဆမတန် တိုးပွား ရရှိနေနိုင်တယ်။ ခင်ဗျား သုတေသီ တစ်ဦးလည်း ဖြစ်သွားနိုင်တယ်။ ပညာရှင်ကြီးလည်း ဖြစ်သွားမယ်။ ဒါပေမယ့် ခင်ဗျား သစ္စာအမြင်တော့ ရမှာ မဟုတ်ဘူး။ ခင်ဗျားကိုယ် ခင်ဗျားတော့ သိမှာ မဟုတ်ဘူး ရယ်။

To be continued.


…………………….
~ Second Part of this Youtube Link- http://www.youtube.com/watch?v=npnN9htA1FE
…………………….
‘Every Master is a Dangerous Person’,
Excerpt from an interview with Christ Keizer, The Boston Globe, MA
ဆီလျော်သလို ပြန်ဆိုထားပါသည် ~
…………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: