ဘာဝနာ

ဘာဝနာ ဟာ စိတ်အတွေးအကြံ ကင်းရှင်းနေတဲ့ ခင်ဗျားရဲ့ သန္တာန် အခြေအနေ ဖြစ်ပါတယ်။ သိမှု အဖြူထည်နဲ့ အခြား ဘယ်အရာမှ မနွယ်ယှက်ထားတဲ့ အခြေအနေ ကို ဘာဝနာ လို့ ကျနော် ခေါ်ဆိုတယ်။

သာမာန် အခြေအနေ မှာ သိစိတ် ဟာ ညစ်ထေး နေတယ်။ ဖုန်တက် နေတဲ့ မှန် တစ်ချပ် လို မှုန်မှိုင်း နေ တယ်။ မကြည်လင် အရိပ် မထင်နိုင်တဲ့ မှန်တစ်ချပ် ဖြစ်နေပါတယ်။ ဘာလို့ဆို ~ အတွေးအကြံ စိတ်တွေ ဟာ ခင်ဗျား သန္တာန်မှာ တဖြတ်ဖြတ် သွားနေလို့ ပဲ။ အလိုဆန္ဒတွေ ကူးယှက် နေမယ်။ အတိတ်ရဲ့ မှတ်ဥာဏ် ခံစားချက် တွေ ဝင်လာမယ်။ ရည်မှန်းချက်တွေ ဖြတ်သန်း သွားမယ်။ တစ်ခုနဲ့ တစ်ခု တွန်းတိုက် ထိခိုက်တယ်။ အချိန်ပြည့် ရွှေ့လျား လှုပ်ခတ် နေရတယ်။ အဲ့ဒါတွေဟာ နေ့တစ်နေ့ အစကနေ နေ့တစ်နေ့ အဆုံး ထိပဲရယ် ။

ခင်ဗျား အိပ်ပျော်နေချိန်မှာတောင် စိတ် အတွေး တွေက အလုပ်လုပ် နေနိုင်တယ်။ ဆိုလိုတာက အိပ်မက် မက်တယ်။ အိပ်မက် ဆိုတာဟာ လည်း အတွေးအကြံ ပုံစံ တစ်မျိုး ဖြစ်ပါတယ်။ ခင်ဗျား အိပ်မက် ထဲမှာ စိုးရိမ်မှု ရှိနေ နိုင် တယ်။ တွေဝေ ငေးမော ရယ်မော နေနိုင် တယ်။ အိပ်မက် ကနေ ခင်ဗျား နိုးထ လာရင်လည်း နောက်တစ်နေ့ အတွက် တွေးပြန် တယ်။ ဒါတွေ အကုန် လုံး ဟာ ခင်ဗျား စိတ် သန္တာန် မှာ ပြင်ဆင်နေမှု ၊ ကြောင့်ကြမှု တွေသာ အထပ်ထပ် ဖြစ်နေစေတော့ တယ်။

ဘာဝနာ မရှိတဲ့ အခြေအနေလို့ ဒါကို ခေါ်ကြစို့။ အဲ့ဒီ အခြေအနေလေး ရဲ့ ဆန့်ကျင်ဘက် မျှလေး ဟာ ဘာဝနာ ဖြစ်ပါတယ်။ ဘယ် အတွေး အကြံ မှ လှုပ်ခတ် မနေတဲ့ အချိန်၊ အတွေးအကြံတွေ အားလုံး ရပ်တန့်သွားတဲ့ အချိန်၊ ဘယ်အတွေးအခေါ်တွေမှ လှုပ်ခတ် မနေတော့ တဲ့ အချိန်၊ ခင်ဗျားရဲ့ အလိုဆန္ဒတွေ အကုန်လုံး ရပ်တန့်ပြီး ခင်ဗျား အပြည့်အဝ တိတ်ဆိတ် ငြိမ်သက် သွားတဲ့ အချိန် ။ အဲ့ဒီ တိတ်ဆိတ် ငြိမ်သက် သွားမှု ( Silence ) ကို ဘာဝနာ လို့ ကျနော် ခေါ်ဆို ပါတယ်။ အဲ့ဒီ တိတ်ဆိတ် ငြိမ်ဝပ်သွားတဲ့ အတွင်းမှာသာ ခင်ဗျား သစ္စာ တရား ကို သိရှိနိုင်တယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်လိုမှ တွေ့မှာ မဟုတ်ဘူး ။ ဒါ့ကြောင့် ဘာဝနာ ကို “အတွေးအကြံ တို့ လုံးဝ ဆိတ်သုဉ်းနေ တဲ့ အခြေအနေ” လို့ ကျနော် ခေါ်ဆို တယ်။

စိတ်အတွေးအကြံ တွေ အတွင်းမှာ ခင်ဗျား ဘာဝနာ ကို ဘယ်လို မှ ရှာမတွေ့ဘူး။ ခင်ဗျား သန္တာန်မှာ ဘာဝနာ မဖြစ်ပွား နေဘူး။ စိတ် အတွေး တွေက ခင်ဗျား ကို အမြဲ ဝင်ရောက် နှောင့်ယှက် နေလိမ့်ဦးမယ်။ အဲ့ဒီ စိတ်အတွေး တွေ ကို အကြွင်းမဲ့ ဘေးဖယ် ထားနိုင်တဲ့ အခါမှ သာ ဘာဝနာ အစစ်အမှန်ကို ခင်ဗျား ရှာတွေ့ ပါလိမ့်မယ်။ ဘာဝနာ ပြည့်စုံတဲ့ အခါ ခင်ဗျား သန္တာန် ချက်ချင်း အေးကျသွား တယ်။ သတ်မှတ် ကန့်သတ်ချက်တွေ ရပ်တန့်သွားတယ်။ စိတ်ကူး ယုံကြည်ချက် တွေ ဖြတ်သန်း ကုန်ဆုံးသွားတယ်။ “ငါဟာ ဒါပဲ” ဆိုတဲ့ အတွေး စိတ် ပါ ပျောက်ကွယ် သွားကြောင်း တွေ့ရ ပါလိမ့်မယ်။

စိတ် အတွေး အကြံ မဟုတ်တဲ့ ဘာဝနာ ဟာ သိမှု သက်သက်သာ ဖြစ်ပါတယ်။ သိမှတ် စောင့်ကြည့်မှု သက်သက်၊ ဒီတစ်ခုတည်းသာ ခင်ဗျား သန္တာန်မှာ လိုအပ်နေတယ်။ အဲ့ဒီ ဘာဝနာ ဟာ ခင်ဗျား သန္တာန်အတွင်း တဖြည်းဖြည်း ၊ နက်နက်နဲနဲ ဖြစ်ပေါ်လာမယ် ဆိုတဲ့ အခါ သိပ်မကြာခင် ~ လုံးဝ ဆိတ်ငြိမ် သွားတဲ့ အဖြစ်ကိုလည်း ရရှိ ပါတယ်။ တိတ်ဆိတ် သွားတဲ့ ခဏ ၊ အပြည့်အဝ ရှင်းလင်းသွားတဲ့ ခဏ၊ ကြည်လင် ငြိမ်းအေးသွားတဲ့ ခဏ လည်း ဖြစ်ပါတယ်။ အဲ့ ခဏမှာ ခင်ဗျားရဲ့ အတွင်း သန္တာန်မှာ ဘယ်အရာမှ အနှောင့်အယှက် မရှိဘဲ အရာ အားလုံး ငြိမ်သက်သွားတယ်။ ဒီခဏမှာပဲ ခင်ဗျား ဟာ ဘယ်သူ ဖြစ်ကြောင်း၊ ခင်ဗျား ရှင်သန် တည်ရှိနေတဲ့ လောက အကြောင်း~ စကားလုံး တွေ မလိုအပ်ဘဲ နားလည်သွား ပါလိမ့်မယ်။

စိတ် အတွေးအကြံဟာ ခင်ဗျားကို သဘာဝက ဝေးကွာအောင် အမြဲတွန်းပို့ နေတတ်တယ်။ စိတ်ကူး အတွေးတွေထဲ နေရင်း သဘာဝနဲ့ အပြည့်အဝ ပေါင်းစည်း သွားဖို့ ခင်ဗျား ဘယ်လိုမှ မဖြစ်နိုင်ဘူးရယ်။ ဟုတ်တယ်ဟုတ် ? ဒါကို ဘာဝနာ ကသာ စွမ်းဆောင် ပေးနိုင် ပါတယ်။ တနည်းဆိုရရင် ~ ကျနော်တို့ ပျောက်ဆုံး နေတဲ့ ကောင်းကင်ဘုံ ( Paradise ) ကို ဘာဝနာ တစ်ကြောင်းတည်း နဲ့သာ ထွင်းဖောက် ဝင်ရောက် နိုင်ပါတယ်။

အတွေးအကြံ တွေ များများ စားစား မခြယ်မှုန်း ထားသေးတဲ့ အကလေးငယ် တစ်ယောက်ကို ခင်ဗျား ကြည့်ကြည့်ပါ။ သူ့ရဲ့ မျက်ဝန်းမှာ တိတ်ဆိတ် နေတဲ့ ၊ ရိုးစင်း နေတဲ့ အဖြစ်ကို ခင်ဗျား မြင်နိုင် ပါလိမ့်မယ်။ ခလေးငယ်တွေဟာ ဘာဝနာ အဖြစ်နဲ့ အနီးကပ်ဆုံးမှာ ရှိတယ်။ ဒါပေမယ့် သူတို့ မှာ သိမှု အားနည်းနေတာ တစ်ခုတည်းကြောင့် စိတ်အတွေး အကြံ ၊ လူမှု ၊ ပတ်ဝန်းကျင်၊ သင်ယူသင်ကြားမှု ရိုက်သွင်း ခံရဖို့ လုံလောက် နေရတယ်။ လူ့အဖွဲ့အစည်း ၊ အသိုင်းအဝိုင်းက အဲ့ကလေးငယ်ကို ဘယ်လို တွေးခေါ်ရမယ်၊ ဘယ်လို တွက်ချက် ရမယ်။ ဘယ်လို ပြောဆိုပြီး ဘယ်လို ပြုမူရမယ် ဆိုတာကို ရိုက်သွင်း ဖြည့်စွက်တယ်။ ကလေးငယ်ရဲ့ မသိမှုကြောင့် သူ လွယ်လွယ်ကူကူ လက်ခံ လိုက် တယ်။ မူလ ရိုးစင်း ဖြူစင်နေမှု လေးဟာ သူ့သန္တာန်မှာ တဖြည်းဖြည်း ပျောက်ဆုံး သွားတယ်။ လူ့အဖွဲ့အစည်း ဂိုဏ်း ဂဏတွေရဲ့ ဆေးရောင်တွေ ၊ အညစ် အညမ်းတွေ ကပ်ညိ ဖုန်တက် သွားတယ်။ အဲ့အခါ သူဟာ လူသား တစ်ယောက် မဟုတ်တော့ဘူး ရယ် ~ စက်ရုပ် တစ်ရုပ်သာ ဖြစ်သွားတော့ တယ်။

ဘာဝနာ ဟာ အဲ့ဒီ အညစ်အကြေးတွေကို သိမှုနဲ့ တိုက်ဖျက် တယ်။ စင်စစ် လိုအပ်တာ က အဲ့ဒီ မှန်လေး ပြန်ကြည်လင် သွားဖို့ သာ ဖြစ် ပါတယ်။ တိမ်မြုပ် ဖုန်တက်နေတဲ့ မှန်ကို နောက်တစ်ကြိမ် ထပ်မံ နှောင့်ယှက် ခွင့် မပေးအောင် ဘာဝနာ ကသာ စွမ်းဆောင် နိုင်တယ်။ ကျနော်တို့ သဘာဝ ၊ ကျနော်တို့ရဲ့ ရတနာ အမြုတေ ဟာ ကျနော်တို့ ရင်တွင်းမှာသာ ရှိတယ်။ တိမ်မြုပ်နေရင် ~ ရှင်း ထုတ် ဖယ်ပစ်မယ် ၊ အရှင်းလင်း ဆုံး ဖြစ်နေ စေ့မယ်။ အဲ့ဒီ အရာဟာ စင်စစ် ခင်ဗျား ပိုင်ဆိုင် တဲ့ ခင်ဗျား တစ်ဦးတည်းပိုင် အရာသာ ဖြစ်တယ်။ ဘဝ မှာ ပျော်ရွှင် ချမ်းမြေ့ စရာ အကောင်းဆုံး အရာ ဟာလည်း အဲ့ဒီ အရာကို ပြန်လည် ရှာတွေ့ နိုင်ဖို့ သာ ဖြစ်ပါတယ် ။

………………
Footnotes ~

  • When there is no traffic and thinking has ceased, no thoughts move, no desire stirs, you are utterly silent – that silence is meditation. And in that silence truth is known, and never otherwise. Meditation is a state of no-mind.
  • Mind is something unnatural; it never becomes your natural state. But meditation is a natural state – which we have lost. It is a paradise lost, but the paradise can be regained. Look into the child’s eyes, look and you will see tremendous silence , innocence. Each child comes with a meditative state, but he has to be initiated into the ways of the society – he has to be taught how to think, how to calculate, how to reason, how to argue; he has to be taught words, language, concepts. And, slowly slowly, he loses contact with his own innocence.

…………..
~ Osho
……………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: