တောင်ထိပ်ဖျားက ဆိုက်ပရပ်စ်ပင်

ဇင်ဆရာကြီး ချောင်းချောင် ( Chou Chou ) ဆိုတာ ရှိတယ်။ တနေ့ ဘုန်းကြီး တစ်ပါး သူ့အနားကို ချဉ်းကပ်လာရင်း မေးခွန်း တစ်ခု ထုတ်ပါတယ်။

“စစ်မှန်တဲ့ ဘာသာရေး ဆိုတာ ဘာကို ပြောတာလဲ”

အဲ့ဒီအချိန်က ~ ညအခါ ဖြစ်ပါတယ်။ ကောင်းကင်မှာ လဝန်းက တပြည့်တဝ ဝင်းပနေတယ်။ ရွှန်းရွှန်းလဲ့လဲ့ ကြည်လင်နေတယ် လို့ ဆိုနိုင်ပါတယ် ။ မေးခွန်း ထုတ်လိုက်ပေမယ့် ~ ထိုင်နေတဲ့ ဇင်ဆရာကြီး ချောင်းချောင် က အချိန်တော်တော် ကြာ အောင် ကို တိတ်ဆိတ် နေဆဲ ရှိ တယ်။ ပတ်ဝန်းကျင် တစ်ခုလုံး ဒီဘုန်းကြီးနဲ့ ဒီဇင်ဆရာ နှစ်ဦးတည်း။ အချင်းချင်း ဘာစကား မှ မဆိုဘဲ တိတ်ဆိတ် နေကြတယ်။ တစ်ဦးကလည်း စိတ်ရှည် လက်ရှည် စောင့်ဆိုင်း နေတယ်။ အဲ့သည် နောက်တော့ ဇင်ဆရာကြီးက ရုတ်တရက် လှုပ်ရှား လာပြီး ကောင်းကင်ကို တစ်ချက် မော့ကြည့် တယ်။ ပြီးတော့ ဟိုးအဝေးက တစ်နေရာကို လက်ညှိုးထိုး ပြတယ်။

“ဟိုးတောင်ထိပ်ဖျား က ဆိုက်ပရပ်စ်ပင်လေး ကို ကြည့်ကြည့်စမ်းပါ”

သူ ညွှန်ပြရာ နေရာမှာ ဆိုက်ပရပ်စ်ပင်တွေ ရှိပါတယ်။ အဲ့သည်အချိန်နဲ့ တပြိုင်တည်း မှာ လေနုအေးတွေ တစ်ချက် တစ်ချက် သုတ် လာနေတယ်။ လေပြေအေးတွေ လှုပ်ခတ်တိုင်း အဲ့သည် ဆိုက်ပရပ်စ် ပင်လေး တွေ ယိမ်းထိုး သွားကြတယ်။ သူတို့ရဲ့ အပင် ထိပ်ဖျား မှာတော့ ရွှမ်းရွှမ်းမြနေ တဲ့ လမင်းက ဝင်းဝင်း လဲ့နေ ပါတယ် ။ နှစ်ယောက်သား ငေးမော ရင်း အဲ့ဒီ အလှကို အမိအရ ခံစားမိကြတယ်။ ဒီ အချိန် မှာ ဒီအရာတွေ ထက်များ ဘယ်အရာ က ပိုလှနေဦးမလဲ။

ဒါပေမယ့် ဘုန်းကြီးက ပြောတယ်။

“ဆရာသခင်။ ဒါဟာ ကျနော် မေးတဲ့ မေးခွန်း မဟုတ်ပါဘူး။ ကျနော် အဲ့ဒီ ဆိုက်ပရပ်စ်ပင် တွေ အကြောင်း မေးနေတာ မဟုတ်ဘူး။ လမင်း အကြောင်း၊ လေပြေ အကြောင်း ၊ အလှအပတွေ အကြောင်း မေးနေတာလည်း မဟုတ်ဘူး။ ကျနော့် မေးခွန်း ဟာ ဒါတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ဘာမှ လုပ်မရ ပါဘူး။ ကျနော့မေးခွန်းဟာ ~ ဘာသာရေး အစစ်အမှန်ဟာ ဘာလဲ လို့ပဲ ကျနော် မေးခဲ့တာ ဖြစ်ပါတယ်။ ဆရာသခင် ကျနော့မေးခွန်း ကို မေ့နေပြီ ထင်တယ်”

ဇင်ဆရာ ချောင်းချောင်ဟာ ပြန်ပြီး ငြိမ်သက်သွား ပြန်တယ်။ ပတ်ဝန်းကျင် တစ်ခုလုံး အချိန်အတန်ကြာ ပြန်တိတ်ဆိတ် သွားကြပြန်တယ်။ တအောင့် ကြာတဲ့အခါ ဆရာကြီးက ရုတ်တရက် ထလာပြီး ပြန်ပြောတယ်။

~ “ဟိုးတောင်ထိပ်ဖျား က ဆိုက်ပရပ်စ်ပင်လေး ကို ကြည့်ကြည့်စမ်းပါ” ~

စစ်မှန်တဲ့ ဘာသာရေးဟာ အခုပစ္စုပ္ပန် နေရာတည့်တည့် မှာသာ ဖြစ်ပါတယ်။ ဒီခဏရဲ့ ခဏ အပေါ် အပြည့်အဝ သက်ဆိုင် တယ်။ ခင်ဗျား အခု ဒီအချိန်မှာ ဝမ်းနည်း အားငယ် နေပါသလား။ ဒါဟာ ခင်ဗျားရဲ့ ဆိုက်ပရပ်စ် ပင်လေး ပဲ ဖြစ်ပါတယ်။ ဇင်ဆရာ ပြောသလို ~ ကြည့်ကြည့်စမ်းပါ ~ လို့ ပြောရလိမ့် မယ်။ ကြည့်ရုံမျှလေး သာ ဖြစ်ပါတယ်။ ဖြတ်ခနဲ ခဏ ကြည့်ရင်း တန်းလန်း ~ “ကြည့်နေရင် ဘာဖြစ်မှာလဲ” ဆိုတဲ့ မေးခွန်း ပေါ်ပေါက် လာ တာ ဟာ မကြည့်တော့တာ သက်သက်ပဲ ။ ကြည့်ရုံမျှလေး ဆိုတာရဲ့ အလွန်ကို ရောက်သွား တယ်။ စင်စစ် ကြည့်နေ တာ မဟုတ်တော့ ဘူးရယ်။

ကျနော်တို့ ဘဝနေထိုင်မှု ဟာလည်း အဲ့သလို ဖြစ်ပါတယ်။ ရှင်သန် နေတဲ့ ဘဝဟာ ရှင်သန် နေရုံမျှ မဟုတ်ဘူး။ “အခုလို နေ လို့ ဘာဖြစ်မှာလဲ” ဆိုတဲ့ မေးခွန်း ထွက်လာလေ့ ရှိပါတယ်။ အဲ့ဒီ မေးခွန်း ကနေသာ ပြဿနာ ပေါင်း များစွာ ဖြစ်ထွန်း သွားရ တယ်။ တစ်နည်း – ဘဝ နေထိုင်မှု ကနေ ~ အတွေးအကြံနဲ့ ရှောင်လွဲ ထွက်သွား တယ်။

စစ်မှန်တဲ့ ဘာသာရေး ( True Religion ) ဟာ ~ ဒါကို သတိပေး လမ်းညွှန် ပါတယ်။ အခုခဏ “ကြည့်” ပါ~ လို့ လက်ညှိုးထိုးပြ တယ်။ အဲ့သည့်အခါ ~ အခု ( တစ်ခုခု ရှိလား ~ ရှိရင် ) “ရှိ” ~ “သိ” ပါတယ်။ “သိပြီးရင် ငါတို့က ဘာဆက်လုပ်ရမှာလဲ” ~~ ဒီမေးခွန်း ဟာ ပေါ်ပေါက်လာစရာ မရှိဘူးရယ် ။ ကျနော်တို့ ခဏတိုင်း ခဏတိုင်း ရှိရင် ~ အဲ့ဒီ ခဏတိုင်း ခဏတိုင်း သိရုံမျှ ရှိနေပါတယ်။ အဲ့ဒီ “သိ”ရုံမျှလေး အတွင်း မှာ ~ တံခါးပေါက် အားလုံး ဖွင့်ဟနေတယ်။ အရာအားလုံး အလေးအနက် ဆိတ်ငြိမ်သေဝပ်နေတယ်။ အခုလက်ရှိ ခဏတိုင်းမှာ အပြည့်အဝ ရှင်သန်နေတယ်။

~ On meditation
………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: