တစ်ရက်စာ

အိပ်ငိုက်တယ်၊ အိပ်ပျော်တယ် ဆိုတာဟာလည်း ~ Life တစ်ခု လို့ ဆိုပေတဲ့ ~ သူ့ ခဏ အတွင်း မှာ သိမှတ်မှု စိတ်သန္တာန် ကိုတော့ နေရာ မပေးတော့ဘူး ဆိုတာ တွေ့နိုင် ပါလိမ့်မယ်။ ခင်ဗျား အိပ်ငိုက်နေချိန် မှာ- ခင်ဗျား ခန္ဓာကိုယ်က တစ်စုံတစ်ခု လုပ်နေနိုင် ပါတယ်။ ဒါပေတဲ့ ခင်ဗျား စိတ်ကတော့ အခြားကို ပျံ့လွင့် နေမယ်။ လမ်းမှာ ငိုက်ရင်း လျောက်သွားနေမယ် ဆိုပါစို့။ ခင်ဗျား ခန္ဓာကိုယ်က လမ်းပေါ်မှာ ဟုတ်ပါတယ် ~ ဒါပေတဲ့ ခင်ဗျား စိတ်ကတော့ ကိုယ့် ဇနီး ခင်ပွန်းနဲ့ စကားစမြည် ပြောနေနိုင်တယ်။ ဒါမှမဟုတ် ခင်ဗျား လိုလားရာ တစ်ခုခုကို တမ်းမှန်း ပုံဖော်နေနိုင်တယ်။ လမ်းပေါ် လျောက်နေတယ် ဆိုတဲ့ မိမိ အဖြစ်ကို သိမှတ်စိတ်မှာ ဘေးဖယ် ထားရစ်ခဲ့တယ် ~ အဲ့ဒီစိတ်က ~ ခင်ဗျား အလုပ်ရုံးခန်းထဲမှာ ရှိနေမယ် ~ အစည်းအဝေး ထိုင်ရင် ထိုင်နေမယ်~ အခုလို စာစီရင် စီနေနိုင် ပါတယ်။ ဒီလို စိတ်က တစ်ခြား ~ လူက တစ်ခြား ဖြစ်တယ် ဆိုတာ ဟာ ~ သိမှတ်မှု ( Awareness ) လစ်ဟာ သွားခြင်း တစ်မျိုးပဲ လို့ ခေါ်ရမယ် မဟုတ်လား။ သူနဲ့ ဆန့်ကျင်ဘက် ~ စိတ်နဲ့ ကိုယ် တစ်ထပ်တည်း ရှိနေတာ ဟာ သိမှတ်မှု စွဲကပ် ရှိနေတာပဲ မဟုတ်လား။

အခု ကျနော့် စာကို ခင်ဗျား ဖတ်တယ်။ ဒီ ခဏ မှာ ခင်ဗျား ရဲ့ သိစိတ် သန္တာန်က ဒီစကားလုံး ဝါကျ တွေ အပေါ် ပြေးသွား နေနိုင် ပါတယ်။ စာသား စကားလုံး တွေ တစ်လုံးပြီး တစ်လုံး ကုန်ဆုံး သွားရင်တောင် ခင်ဗျား အတွေးက ဆက်လက် တည်ရှိ နေနိုင်တယ် ~ ဒါမှ မဟုတ် ~ ဒီစကားလုံး တွေ အပေါ်မှာပဲ ထပ်ကြပ် ရှိရင် ရှိနေမယ်။ တကယ်လို့သာ စကားလုံးတွေနဲ့ ထပ်ကြပ် ရှိနေတဲ့ ခဏ ကို အသိစိတ် အပြည့် ကြည့်နိုင်မယ် ဆိုပါစို့။ အခြား ပြင်ပ အာရုံတွေ အပေါ် ခင်ဗျား သန္တာန်ဟာ ရောယှက် မနေကြောင်း တွေ့နိုင်ပါ တယ်။ ခင်ဗျား ကိုယ်ရော စိတ်ပါ ဒီ ခဏချင်း အပေါ်မှာပဲ ရှိနေတယ်။ အခြား ဘယ်အရာမှ မပါဝင် နေ၊ မလိုအပ်နေဘူးရယ်။ ခင်ဗျား အခု မြင်ရတဲ့ စကားလုံးတွေနဲ့ ခင်ဗျား အကြားမှာ ပေါင်းကူး/ ကြားခံနယ် မရှိဘူး ။~ အပြည့်အဝ တိတ်ဆိတ် သွားတယ်။ မြင်ရတဲ့ သန္တာန် ဟာ မြင်ရတဲ့ သန္တာန် မှာတင် ရပ်တန့် ကုန်ဆုံး နေတော့ တယ်။ အဲ့လို ပုံစံ အတိုင်း သာ ခင်ဗျား ဆက်လက် ဖတ်ရှုသွားတဲ့ အခါ ~ ဒီစာဖတ်နေ တဲ့ ခဏမှာတင် ~ စောင့်ကြည့်သိရှိ နေတာ လို့ ပြောရပါလိမ့်မယ် ။ ဒါကို ဘာဝနာ ဖြစ်ပါတယ်။ ဒီ ခဏ မှာ ဘာဝနာ နဲ့ ခင်ဗျား နေထိုင်နေတယ် လို့ ဆိုလိုတယ်။

တကယ်တမ်း လည်း ဘာဝနာ ဟာ အခုခဏ သိမှတ် ရှင်သန် နေမှု မျှသာ ဖြစ်ပါတယ်။ အခုခဏ ကလွဲလို့ ဘယ်မှ မထွက်သွား။ ဘယ်ဆီမှ မသက်ရောက်။ အရာရာနဲ့ သူ့သဘာဝနဲ့သူ ကင်းပြတ်နေပါတယ်။

တစ်ချိန်က ဗုဒ္ဓကို လူတစ်ယောက်က လျောက်ထား တယ်။
“ဘာဝနာ ဘယ်လို ပြုရပါမလဲ” လို့ မေးပါတယ်။
ဗုဒ္ဓက ပြန်ဖြေတယ်။

“သင် မည်သည့် အရာကို လုပ်သည် ဖြစ်ပါစေ၊ လုပ်တိုင်း မပြတ် မလပ် သိမှတ်နေမှုသာ ဖြစ်ပါတယ်။ အဲ့ဒါကို ဘာဝနာ လို့ ခေါ်ဆိုတယ်။ စင်္ကြန်လျောက်တဲ့ ခဏ ၊ သတိ ~ အသိနဲ့ လျောက်တယ်။ လမ်း လျောက်တာနဲ့ ထပ်တူ ၊ စားသောက်တဲ့အခါလည်း သတိ၊ အသိ နဲ့ စားတယ်။ အလားတူ ~ ထ၊ ထိုင်၊ ရပ်သွား အရာအားလုံးမှာ သိမှု သတိသာ အစဉ်ကပ်ရှိ နေတယ်။ သင့်ရဲ့ စိတ်သန္တာန်ဟာ ဒီ ပစ္စုပ္ပန် တခဏ ကနေ တစ်နေရာ တစ်ပါးကို ပြေးမသွားနိုင်တော့ဘဲ ၊ ခဏချင်းမှာ အမြဲ ငြိမ်ဆိတ် သွားနေတယ်။ ဒါကို ဘာဝနာလို့ ကျွန်ုပ် ခေါ်ဆို ပါတယ်”

စင်စစ် ဘာဝနာ ဟာ ကျနော်တို့ ဘဝ ဖြစ်စဉ် လုပ်ငန်းတွေ ထဲမှာ သီးခြား လုပ်မနေရတဲ့ ( လုပ်မနေသင့်တဲ့ ) အရာ ပါ။ သိမှု အသိ နဲ့ ရှင်သန်နေတဲ့ ဘဝ မှာ ~ ဒီ ဘဝ တစ်ခုလုံးရဲ့ အမည် ဟာ “ဘာဝနာ” ပါ လို့ ပြောရ ပါလိမ့်မယ်။ ဒ့ါကြောင့် တစ်နေ့ တစ်နာရီလောက် ပြုတဲ့ အမှုလေး မျှလောက် နဲ့ ဘာဝနာ ကို မတင်းတိမ် စေသင့်ဘူး ရယ်။

တစ်နေ့ တစ်နာရီပဲ ဘာဝနာ ပြုမယ် ဆိုတာဟာ ~ “နောက်နေ့ဆက်ပြုမှာပဲ ဆက်တိုးပွားသွား မှာပဲ” လို့ ဆိုလိုတာ မဟုတ်ဘူး။ “တစ်နေ့တာ ရရှိတဲ့ နှစ်ဆယ့် လေးနာရီ မှာ နှစ်ဆယ့် သုံးနာရီ ကို အချည်းနှီး ထားရှိမယ် ~ တစ်နာရီသာ အသုံးပြုနေမယ်” လို့ ပြောတာ နဲ့ အတူတူပဲရယ် ။ ဒါ့ကြောင့် အဖိုးတန်တဲ့ ဘာဝနာပြုချိန် တစ်နာရီစာ လေးဟာ အချည်းနှီး နှစ်ဆယ့် သုံးနာရီ အောက် မှာ တိမ်မြုပ် ပျောက်ကွယ် သွားတယ်။ အလဟဿ ဖြစ်သွား တယ်။ ဘာဝနာ ဆိတ်သုဉ်းနေတဲ့ အခါ ဝင်ရောက်လာတတ်တဲ့ သမားရိုးကျ အမှိုက် တွေဟာ ~ ကြိုးစားပမ်းစား ရရှိတဲ့ တစ်နာရီစာ အလေ့အလာ ဖြစ်တဲ့ ဘာဝနာ ကို ဖုံးအုပ် မြှုပ်ပစ် လိုက် ကြတယ်။

ကျနော်တို့ တစ်ရက် ကို နှစ်ဆယ့်လေးနာရီ ရရင် ~ အဲ့ဒီ နှစ်ဆယ့်လေးနာရီ လုံးလုံး ဟာ သိမှတ်မှု မပြတ် ထုံမွှမ်း ရှိနေစေချင်ပါတယ်။ တစ်နေ့ တစ်နာရီ ( ဝါ ) နာရီပိုင်း စသဖြင့်သာ တည်ရှိနေသေးရင် ~ ဘာဝနာရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း နားမလည်သေးဘူး လို့ပဲ ခင်ဗျားကို ပြောရလိမ့်မယ်။ ဒါ့အပြင် အရိယာတို့ အဖြစ် ကို ခင်ဗျား ကျေလည်အောင် နားလည် မှာလည်း မဟုတ်ဘူး။ နှစ်ဆယ့်လေး နာရီ ရှိတဲ့ အထဲ မှာ တစ်နာရီ လောက်သာ လုပ်ယူပြီး ~ အများကြီး မျှော်မှန်း လို့တော့ မရနိုင်ဘူးရယ် မဟုတ်လား ။ တစ်နာရီ စာလောက် သာ အသိနဲ့ နေပြီး နောက်ထပ် နှစ်ဆယ့်သုံးနာရီ ဘာမှ မသိဘဲ နေသွားကြမယ် လား။ ဒီလိုနဲ့ တစ်နာရီစာ သာ ကောင်းကောင်း ကျန်းမာ ပြီး နောက်ထပ် နှစ်ဆယ့် သုံးနာရီ ဖျားနာ မကျန်းမမာ နေထိုင်သွားကြ မယ် လို့ ဆိုလိုပါသလား။

တကယ်မှာ ~ ကျန်းမာရေး နဲ့ ရောဂါ ဝေဒနာဟာ အတွင်းသန္တာန်ရဲ့ ရိုက်ခတ်ချက် သာ ဖြစ်ပါတယ်။ တစ်ရက် နှစ်ဆယ့်လေးနာရီ အပြည့် ကျန်းမာနေသူ ကို ကျန်းမာရေး ကောင်းသူလို့ ခေါ်ကြမယ်။ တစ်ချက် တစ်ချက် ထ ဖောက်နေရင် ကျန်းမာနေသူ မဟုတ်ဘူး။ ရောဂါ မြုပ်နေသူသာ ဖြစ်မယ်။ တကယ် စင်စစ် ကျန်းမာနေတယ် ဆိုတဲ့ သူဟာ နှစ်ဆယ့်လေးနာရီ အတွင်း ဘယ်အချိန် မှာမှ ကျန်းမာရေး ချို့ယွင်း မနေရဘူးရယ်။

စဉ်ကာ ဆက်ကာ သိမှု သက်သက် ရှိနေဖို့သာ ~ ဘာဝနာမှာ – အခရာ ဖြစ်ပါတယ်။ ကျောင်းကန် ဘုရား၊ တရားတိုက်၊ ဗုဒ္ဓဂါယာ သွားမှ ဘာဝနာ ရှိတာ မဟုတ်ဘူး။ ခင်ဗျား ဆိုင်ထဲမှာ၊ ခင်ဗျား အလုပ်မှာ၊ ခင်ဗျား အမျိုးသမီးနားမှာ၊ မိသားစု ရှေ့မှာ ~ စသဖြင့်တို့မှာ ဘာဝနာ မစွဲကပ် ထားနိုင်သရွေ့ ~ တရားတိုက် မှာ ရုတ်ခြည်း အသိဥာဏ် လင်းပွင့် လာဖို့ဆိုတာ မမျှော်မှန်း နိုင်ဘူး။ ဗောဓိဥာဏ် အလင်းဟာ အချည်းနှီး အလဟဿ ထ မဖြစ်ဘူး။ အကြောင်းမဲ့ မပေါ်ပေါက်ဘူး။ ဒါ့ကြောင့်လည်း ဗုဒ္ဓက ဘာဝနာကို နှစ်ဆယ့်လေးနာရီ ပတ်လုံး ပွားများဖို့ တိုက်တွန်းခဲ့ တာ ဖြစ်ပါတယ်။

Feb 17th 2012 at 12:30 PM
……………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: