ကြောက်ရွံ့မှုသည်သာ ယုံကြည်ခြင်း ၏ အကြောင်းခံ

Question: ကျနော် ဘုရားသခင်ကို ယုံကြည်တယ်။ ဒါပေမယ့် ကြောက်ရွံ့လို့ မဟုတ်ဘူး။ ဒါနဲ့များ “ယုံကြည်မှု အားလုံးဟာ ကြောက်ရွံ့မှုကနေသာ ထွက်ပေါ်တယ်” လို့ ခင်ဗျား ဘာလို့ ပြောရတာလဲ။

Answer: အိုကေ ။ ဒါဆို ခင်ဗျား ဘာကြောင့် ယုံကြည်ပါသလဲ။ ယုံကြည်တယ် ဆိုကတည်းက အဲ့အရာကို ခင်ဗျား သိမနေဘူးရယ်။ ခင်ဗျား သိရင်လည်း “ယုံကြည်တယ်” ဆိုတဲ့ စကား သုံးစရာ မလိုဘူး ပဲ။ ယုံကြည်မှု အားလုံးဟာ မသိမြင်သေးဘူး ဆိုတဲ့ အဖြစ်က လာပါတယ်။ ယုံကြည်တယ် ဆိုတာ “မသိတာ” ကိုသာ ဆိုလိုတယ်။ ဗုဒ္ဓ ရဲ့ စကားတွေမှာ – “ဒီလိုတော့ဖြင့် ငါယုံကြည်တယ်။ ဟိုလိုတော့ဖြင့် ငါယုံကြည်တယ်” လို့ ရှိသလား။ ကြည့်ကြည့် စေချင်ပါတယ်။ စင်စစ် သူ ဘာမှ ယုံစရာ မရှိဘူး။ သိရင် သိတာပဲ ရှိမယ်။ ဒါ့ကြောင့် ယုံကြည်တယ် ဆိုတာဟာ အလဟဿ အချည်းနှီး ဖြစ်ပါတယ်။ မသိတာကို မသိဘူးလို့ ပြောရမှာ ပြောမထွက်တဲ့ အခါ – “ယုံကြည်မှု” ကို သုံးလေ့ရှိတယ်။

ထားပါတော့ ။ ခင်ဗျားစကားကို ကြည့်ပြီး မေးမယ်။ ခင်ဗျား ဘာလို့ ယုံကြည်ပါသလဲ။ ခင်ဗျား ယုံကြည်မှု ဘယ်ကနေ ထွက်လာပါသလဲ။ ကျိန်းသေတာ ကတော့ ကိစ္စ တစ်ခုကို ယုံကြည်တယ် ဆိုကတည်းက ခင်ဗျား အဲ့ကိစ္စကို မတွေ့ကြုံဖူးသေးဘူး – အဲ့ဒါ ရှင်းတယ်။ ဟုတ် တယ် ဟုတ်။ ကောင်းပြီ ဒါဆို ယုံကြည်တယ် ဆိုတာ ဘယ်က ထွက်လာနိုင်ပါသလဲ။ ဖြစ်နိုင်တဲ့ အရာဟာ အခြေခံ အားဖြင့် နှစ်ခုပဲ ရှိပါ တယ်။ တစ်ခုက – ကြောက်ရွံ့မှု ဖြစ်ပြီး၊ တစ်ခုက လိုချင်မှု လောဘ ဖြစ်ပါတယ်။ ကြောက်ရွံ့မှု ရော လိုချင်မှု လောဘရော နှစ်ခု စလုံး က တကယ် စင်စစ် အတူတူပဲ။ ဒင်္ဂါးပြား တစ်ပြားရဲ့ ဟိုဘက်ဒီဘက် မျက်နှာစာတွေ ဖြစ်ပါတယ်။

လောဘ ရှိရင် ကြောက်ရွံ့မှု ရှိတယ်။ ကြောက်ရွံ့မှု ဟာ လောဘ ကနေ ထွက်ပေါ်တယ်။ သူတို့ နှစ်ခုဟာ အတူတကွ တည်ရှိပြီး ။ တစ်ခု ပျက်သုဉ်းရင် တစ်ခုလည်း ပျက်ပါတယ်။ ဒါ့ကြောင့် ခင်ဗျား ကောင်းကင်ဘုံကို မက်မောတာနဲ့ ငရဲကို ကြောက်ရွံ့ တာနဲ့ ဟာ တကယ် တော့ တူညီတဲ့ ဘက်နှစ်ခု ဖြစ်နေပါတယ်။ ဒါကို ခင်ဗျားက မဟုတ်ဘူးလို့ ပြောတယ်။ ကဲ– ခင်ဗျား ဘုရားသခင် ကို ဘာကြောင့် ယုံကြည်သလဲ။ ခင်ဗျား ဘုရားသခင် ကို ဘယ်လို ပုံစံ နဲ့ ယုံကြည် သွား တာလဲ။ ဘုရားသခင်ကို စင်စစ် စွဲစွဲမြဲမြဲ ယုံကြည်ရုံ ယုံကြည်နေ တဲ့ အခါ ခင်ဗျား တစ်ကိုယ်တည်း နေရ မှာ ကြောက်ရွံ့ တဲ့ သရုပ် က အထင် အရှား ပေါ်လွင် ပါတယ်။ ခင်ဗျား လောက အလယ် မှာ အထီးတည်း မနေရဲဘူး။ ကြောက်တယ်။ ငယ်စဉ်က အမိ၊ အဖ စောင့်ရှောက် လာခဲ့သလိုမျိုး၊ အကာ အကွယ်ပြုနိုင်တဲ့ ဖခင် တစ်ယောက် ခင်ဗျား လိုလား တယ် ။ ခင်ဗျား ကံကြမ္မာကို ပြုပြင် စီရင်ပေးမယ့် သူ ခင်ဗျား လိုအပ်နေတယ် ။ အဲ့တော့ မျှော်ကြည့် တော့တယ်။

ဒါ့ကြောင့် ခင်ဗျား မျှော်ကိုးတဲ့ ဘုရားသခင်ဟာ ခင်ဗျား စိတ်ကူး ထဲမှာ ခင်ဗျား ထက် အစွမ်းထက် နေပါတယ်။ တန်ခိုး အာဏာ ကြီးမားနေ တယ်။ ခင်ဗျားထက် နိမ့်ကျတဲ့သူကို ဘယ်လို အားကိုးလို့ ရမှာလဲ။ ဘယ်လို ယုံကြည်လို့ ရမလဲ။ ဒါ့ကြောင့် ခင်ဗျား စိတ်ကူးမှာ Perfect ဖြစ်နေတဲ့ ပုဂ္ဂိုလ် တစ်ဦး ပုံဖော်ထည့်သွင်း ရတော့တယ်။ ကောင်းကင်ကို အမြဲမော့ ကြည့်နေ မိတော့တယ်။

ဒါ့ကြောင့် ယုံကြည်မှု အားလုံးဟာ ကြောက်ရွံ့မှု က လာတယ်လို့ ကျနော် ပြောတာ ဖြစ်ပါတယ်။ ခင်ဗျား ယုံကြည် ကိုးကွယ် တဲ့ ဘုရား သခင်၊ နတ်ဘုရား၊ စသည် အားလုံးဟာ မိမိရဲ့ ကြောက်ရွံ့မှုကို ပုံစံပြုထားတဲ့ အရာတွေ ချည်းပဲ ။ စိတ်ကူး ပုံဖော် ထားသမျှ ထွင်းထု ပုံဖော်ထားတဲ့ ခင်ဗျား ဘုရားသခင်ရဲ့ ပုံသဏ္ဍာန်တွေကို ကြည့်ကြည့်ပါ။ တကယ် မြင်ရမှာက ခင်ဗျား ရဲ့ စိတ်သရုပ်တွေ သာ ဖြစ် ပါတယ်။

ဘာသာရေး သိပ်လုပ် တဲ့ လူတစ်ယောက် ရှိတယ်။ သူ အိပ်ပျော်သွားတဲ့ တစ်ည အိပ်မက် မက်ပါတယ်။ အိပ်မက်ထဲမှာ ဘုရားသခင် ဆီ ရောက်နေတယ်။ သူ့ကို ဘုရားသခင်က ပြောတယ်။

“ငါ မင်းကို ပြောပြစရာ နှစ်ခု ရှိတယ်။ တစ်ခုက သတင်းကောင်း ဖြစ်ပြီး၊ တစ်ခုက သတင်းဆိုး ဖြစ်တယ်။ မင်း ဘယ်ဟာ အရင် ကြားချင် သလဲ။”

“သတင်း ကောင်း အရင် ကြားချင်ပါတယ်”

“ကောင်းပြီ။ သတင်းကောင်းကတော့ မင်း သေဆုံးသွားရင် ကောင်းကင်ဘုံကို ရောက်ပါလိမ့်မယ်။”

အဲ့လူက တော်တော် ပျော်သွားတယ်။

“ဒါဆို သတင်းဆိုးကရော”

“အင်း ။ အဲ့ကောင်းကင်ဘုံကို မင်း မနက်ဖြန်ဆို ရောက်ပြီ။ မင်း အခု လူ့ပြည်မှာ တစ်ရက်ပဲ အသက်ရှင်ရတော့မယ်”

အဲ့ဒီ လူ တွန့်သွားတယ်။

“ကျနော် ရက်နည်းနည်း လောက် အချိန်ထပ်မရနိုင်ဘူးလား။ ပြင်ဆင်စရာလေး တွေ ရှိနေလို့ပါ”

ကောင်းကင်ဘုံကို တကယ် ရောက်ပါမယ် ဆိုရင်တောင် အဲ့ဒီလူ အတွက် ပြင်ဆင်စရာတွေ လိုနေဦးမယ်လား။ တကယ် စင်စစ် ဘာမှ လိုအပ်နေစရာ မရှိရဘူး မဟုတ်လား။ ဒါပေမယ့် လူဟာ နည်းနည်းတော့ တွန့်သွားတတ်ပါတယ်။

ဘာသာမဲ့ တစ်ဦး ဟာ တောင်ကမ်းပါးယံ တစ်ခု အနား လမ်းလျောက် လာရင်း ခြေချော်၊ ချောက် ထဲ ပြုတ်ကျတယ်။ သူ ပြုတ်အကျ မှာ ကြောက်အား လန့်အား ဆွဲမိဆွဲရာ လှမ်းဆွဲတယ်။ ချောက် အစွန်းအောက်က ထိုးထွက်နေတဲ့ သစ်ကိုင်း တစ်စကို ဆုပ်ကိုင် မိတယ်။ ဒါပေတဲ့ အဲ့ သစ်ကိုင်းက သူ့ တစ်ကိုယ်စာ အတွက် ကြာကြာကိုင်ထားလို့ မလွယ်ဘူး။ မခိုင်ဘူး။ တဲတဲလေး ပဲရယ်။ ပြုတ်ကျ ရင် လည်း သေ ဖို့သာ ရှိတယ်။ အခြား ကုပ်ကပ် ဆွဲကိုင်ဖို့ရာ အခြား မရှိ၊ ကျောက်သားပြင် ချောချော မွတ်မွတ်တွေ သာ မြင်ရတော့ တာ မို့ သူ့အတွက် မျှော်လင့်ချက် မဲ့သွား ရတယ်ပေါ့။ ဒါ့ကြောင့် အဲ့သစ်ကိုင်းလေး ကို တင်းတင်း ကျပ်ကျပ် ဆုပ်ရင်း အတွေး ဝင်လာတယ်။

“ငါ့အတွက် ဒီအချိန် ဟာ ဘုရားသခင် သာ အားကိုးရာ ရှိတော့မယ် ထင်တယ်။ ငါ ကလည်း သူ့ ဆိုရင် တစ်ခါမှ ယုံကြည်ခဲ့ သိခဲ့တာ မဟုတ်ဘူးရယ်။ ငါ အမှားကြီး မှားခဲ့တာ ပဲ ဖြစ်မယ်။ အခု ငါ သေရတော့မယ်။”

—— ဒီအတွေးနဲ့ သူလှမ်းအော်တယ်။

“အို… ဘုရားသခင်၊ ခင်ဗျားသာ တကယ်ရှိတာဆိုရင် ကျုပ်ကို အခု ကယ်ပါ၊ ခင်ဗျားကို ကျုပ် ယုံပါ့မယ်”

သူ အော်သာ အော်တယ်။ ဘာမှ ထူးခြား မလာဘူး။ ဒါ့ကြောင့် ထပ်အော်တယ်။

“ဘုရားသခင်၊ အရှင်၊ ကျုပ် အရှင့်ကို တစ်ကြိမ်တစ်ခါမှ ယုံကြည်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအခါမှာသာ အရှင် အကျွန်ုပ်ကို ကယ်မမယ် ဆိုရင် ~ အခုကစလို့ အရှင့်ကိုသာ ယုံကြည်ရင်း နေသွားပါတော့မယ်။”

ရုတ်တရက် ၊ တိမ်လွှာတွေကြားက နက်ဩဩ နဲ့ အသံကြီး တစ်ခု ထွက်လာတယ်။

“အိုး… မင်း ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး ၊ ကောင်လေး၊ မင်းလို လူတွေကို ငါသိတယ်”

ဘာသာမဲ့ဟာ အံ့ဩသွားတယ်။ ယောင်ယမ်းပြီး ကိုင်ထားတဲ့ လက်တောင် လွှတ်မိတော့ မလိုလို။ သူက ဆက်ပြီး တောင်းပန်တိုးလျှိုး စကား ဆိုတယ်။

“အရှင်၊ ကျေးဇူးပြုပြီး ကျုပ်ကို ယုံပါ။ အရှင် အထင်မှားနေပါတယ်။ ကျုပ် ရင်ထဲ ရှိတဲ့ အတိုင်း ပြောရတာပါ။ အခုသာ ကယ်မယ် ဆိုရင် အရှင့်ကို ကျုပ် ယုံမှာပါ”

“ကောင်းပြီ၊ ငါ မင်းကို ကယ်မယ်။ အဲ့သစ်ကိုင်းကို လွှတ်လိုက်တော့”

“အမ် … ဒီသစ်ကိုင်းလေး ရှိတာ ~ လွှတ်လိုက်ရမယ်လား။ သေသေချာချာ လည်း ကြည့်ပါဦး။ ခင်ဗျား ကျုပ်ကို အရူးများ မှတ်နေလား?။ အခြား ဘုရားသခင် ရှိသေးလား။ ကျုပ်ကို ကယ်ပါဦး”

စင်စစ် ဒါဟာ ယုံတမ်းပုံပြင် ဆိုပေမယ့် လူတွေရဲ့ စိတ်သရုပ် အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားသခင် စင်စစ်က ခင်ဗျားကို “အားလုံးရှိပါစေ။ မင်းအခု သေလိုက်ပါ။ အခု ဒီနေရာလေးက ပျောက်သွားလိုက်ပါ” လို့ ဆိုရင် ခင်ဗျား ချက်ချင်း ကျောခိုင်းသွားဖို့ ရှိပါတယ်။ မတူညီတဲ့ အခြား ဘုရားသခင် တစ်ပါးပါးကို ခင်ဗျား ထပ်ရှာတော့မယ်။

ဒါ့ကြောင့် ယုံကြည်မှု အားလုံး ဟာ ကြောက်ရွံ့မှုက လာတယ် လို့ ကျနော် ပြောပါတယ်။ စစ်မှန်တဲ့ ဘာသာရေးသမား တစ်ယောက် ဟာ ကြောက်ရွံ့မှု အားလုံး ပျောက်ကွယ် သွားချိန်၊ (ဝါ) ယုံကြည်မှု အားလုံး ဖယ်ရှားပြီး သွားချိန် မှာ ပေါ်ပေါက်တယ်။ ခင်ဗျား ဘယ် အရာ ကို မှ ယုံကြည်စရာ မလိုအပ်တော့တဲ့ အခါ – မှန်ကန်တဲ့ အသိအမြင် အတွက် အဆင်သင့် ဖြစ်နေကြောင်း မိမိ ကိုယ်ကိုယ် တွေ့ လိုက်ရ ပါလိမ့်မယ်။

………………….
March 19th 2012 at 6:45 PM
…………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: