Just a beginning

အကြောင်း ကိစ္စ တစ်ခု ကို ပြီးပြည့်စုံ သွားပြီ ဟု ထင်မြင် လိုက်သည် ဆိုပါစို့။ ၎င်းသည် ယင်းအကြောင်း အရာ ရပ်တန့် သေဆုံးသွားပြီ ဟု ထင်မြင်လိုက်ခြင်း နှင့် အတူတူ ပင် ဖြစ်သည်။ ပြီးပြည့်စုံမှု ( Perfection ) သည် သေဆုံးမှု မရဏ ကိုသာ ညွှန်းဆိုပါသည်။ ဆက်လက် ရှင်သန် ကြီးထွားမှု မရှိတော့။ ထို့ကြောင့် ပြီးပြည့်စုံသော အဖြစ်သို့ ရောက်ရှိပြီ ဟု ထင်မြင်သော သူများ သည် ( တနည်းအားဖြင့် ) မိမိ ကိုယ်ကိုယ် သတ်ပစ်သူ ( Suicidal ) များ ဖြစ်၏။ ပြီးပြည့်စုံသော အဖြစ်ကို ရရှိလိုခြင်းသည် မိမိ ကိုယ်ကိုယ် suicide လုပ်ရန် တစ်နည်း အားဖြင့် နည်းလမ်း ရှာခြင်း သာ ဖြစ်သည်။

လောက၌ စင်စစ် မည်သည့် အရာမျှ ပြီးပြည့်စုံ သွားသည် မဟုတ်ပေ။ မည်သည့် အရာမျှ လည်း မပြီးပြည့်စုံနိုင်ပေ။ သဘာဝ လောကဓာတ် ကို တခဏမျှ ရှုကြည့် မည် ဆိုလျှင် အမြဲ သစ်လွင်လျက် ရှေ့သို့သာ အစဉ်ထာဝရ ရွေ့လျား သက်ဝင်နေကြောင်း တွေ့ရှိ ရပေလိမ့်မည်။ မည်သည့် အရာမျှ အဆုံးသတ် အားဖြင့် နိဂုံးချုပ် နိတ္ထိ တံ သွားခြင်း မရှိ။ ရှင်သန် နေထိုင်သော ဘဝ တွင်လည်း နိဂုံး မရှိ။ ထို့ကြောင့် ဘဝ၏ ခဏတိုင်းသည် နိဂုံး အဆုံးသတ်များ ဖြစ်၍ ဤခဏတိုင်းသည် ပန်းတိုင် များ လည်း ဖြစ်၏။ အသင် တစ်နေရာ သို့ ဆိုက်ရောက်သည် ဆိုပါစို့။ ထိုအခါ နောက်တစ်နေရာသည် သင့်ကို ဆက်လက် ဖိတ်ခေါ်လျက် ရှိမည်။ သင်ရှေ့ဆက်ရန် ရှိနေသေး သည်။ ဆက်လက် ရှင်သန် ပျိုမျစ် ရန် အခွင့်အခါများ တွေ့နေရဦးမည်။

သင် မည်သည့်နေရာသို့ ရောက်ရှိနေသည် ဖြစ်ပါစေ ယင်း နေရာသည် စင်စစ် သင့်အတွက် အစကနဦးသာ ဖြစ်လျက် ရှိပါသည် ။ အမြဲ ပျိုမျစ် နုနယ် လျက်ပင် ရှိကြောင်း ရှုကြည့် သိမြင် ထားသင့်သည်။ ( တနည်း ) သင်သည် ခဏတိုင်း၌ ကလေးငယ် သဖွယ် သာ ဖြစ်လျက် ရှိကြောင်း သိမြင် ထားရန် လိုပါသည်။ ဤသည် မှာ- ဘဝ ၏ စင်စစ် တည်ရှိနေသော အသွင်သဏ္ဍာန် ဖြစ်သည်။ အတိတ်၏ အနှောင့်အယှက် မရှိ။ ပြီးခဲ့သော ကာလများမှ အမှိုက်အညစ် အကြေး တစ်စုံတစ်ရာ ကပ်ညိမှု မရှိ။ သင်၏ ဘဝ ယခုခဏသည် ပျိုမျစ် နုနယ်သော ၊ သစ်လွင်နေသော ~ မတူညီသည့် အသစ် တစ်ခုသာ ဖြစ်သည်။ အခုခဏ၌ တံခါး သစ်များ ဖွင့်ဟ လျက် ရှိ ပါသည်။

အစ ရှိလျင် အဆုံး ရှိရမည် ဟု အများ တွေးခေါ်ကြသည်။ အဆုံးသတ်ကို မျှော်မှန်းကြသည်။ ဤ အဆိုမှာ စင်စစ် ယုတ်ညံ့ ရူးသွပ်သော အဆိုသာ ဖြစ်သည်။ အစ ရှိလျင် အဆုံး ရှိရမည် ဆိုသည်ကို ယုတ္တိ ဗေဒနှင့် မြင့်မြတ်သော အတွေးအခေါ် များက ဆင်ခြင် ပုံ နည်းကျကျ ခိုင်လုံစွာ တွေးခေါ် တွက်ချက် ပြကြ ပါလိမ့်မည်။ သို့သော် သင့်ဘဝကို သင်ပြန် ကြည့်ကြည့်ရန် လိုပါသည်။ ဘဝသည် ယုတ္တိဗေဒ အတိုင်း တည်ရှိနေသည် မဟုတ်ပေ။ ဘဝ သည် ယုတ္တိဗေဒ အတွင်း ပုံသေ ကားကျ ရှိမနေပေ။ ဘဝ၏ ခဏတိုင်းသည် အစ သာ ဖြစ်၍ အဆုံး မရှိပေ ။ ခဏတိုင်း ခဏတိုင်း သည် ပကတိ သစ်လွင်နေလျက် အဆုံး မရှိ စီးဆင်းလျက်သာ ရှိသည်။

notes –

  • Once you start thinking that something is complete, you start becoming dead. Perfection is death, so perfectionistic people are suicidal. Wanting to be perfect is a roundabout way of committing suicide. Nothing is ever perfect. It cannot be, because life is eternal.

~ On meditation

…………

http://zayya.blog.com/

https://zayya.wordpress.com/

http://zayyablogger.blogspot.com/

…………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: