Psychotherapy on Meditation.

Question: Psychotherapy စိတ်ကုထုံးတွေ ဟာ စိတ်အတွေးအကြံကို လွန်မြောက်အောင် အကူအညီ ပေးနိုင်သလား။

Answer: စိတ်ကုထုံးတွေဟာ ခင်ဗျား စိတ်ရဲ့ “အကြောင်း” ကို အနည်းအကျဉ်း သဘောပေါက် နားလည်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် စိတ် အတွေးအကြံ ကို လွန်မြောက်အောင် တော့ ဘာမှ လုပ်မပေးနိုင်ဘူး။ စိတ်အတွေးအကြံ တို့ရဲ့ အလွန်ကို ဦးဆောင် ပေးနိုင် တာ က “ဘာဝနာ” တစ်ခုတည်း ရှိပါတယ်။ ဘာဝနာဟာ အဲ့ဒီ စိတ်ကုထုံးတွေနဲ့ ဘာ မှ မသက်ဆိုင်ဘူး။ ဒါကို သိထားရင် ပြည့်စုံပါတယ်။

စိတ်ကုထုံး တွေ ရဲ့ အလွန်ဆုံး အကျိုး သက်ရောက်မှုဟာ – ခင်ဗျား ဘာဝနာ ပြုနိုင်ဖို့ အခြေအနေ ကောင်းကောင်း ဖန်တီးပေးနိုင်တယ်။ ဘာဝနာ ပြုနိုင် ဖို့ ခင်ဗျားကို ပြင်ဆင် ပေးနိုင်တယ်။ ဒါပေမယ့် သူ့ချည်းသက်သက် ဒီ စိတ်ကူး အတွေးတွေကို မကျော်လွန် သွားနိုင် ဘူးရယ်။ အကူအညီ မပေးနိုင်ဘူးလား ဆိုရင် – ပေးနိုင်တယ်လို့ ဖြေပါမယ်။ ဒါပေမယ့် ခင်ဗျား ပန်းဥယျာဉ် တစ်ခု ဖန်တီးနေသလိုမျိုးပဲ။

စစချင်း မြေနေရာကို ညှိမယ်။ ပေါင်းသင်မယ်။ ဒါလေး လုပ်ရုံနဲ့ ခင်ဗျား မြေနေရာဟာ ဥယျာဉ် တစ်ခု ဖြစ်မလာ သေးဘူးပဲ – ဟုတ်တယ် ဟုတ်။ မြေပြင်ကို ညှိမယ်။ အမှိုက်သရိုက် တွေဖယ်ရှားမယ်။ မြက်ရိုင်း၊ ကျောက်ခက်၊ အဖု အမြစ်တွေ ရှင်းထုတ်ရုံသာ ရှိနေဦးမယ်။ ဒါပေမယ့် ပန်း ဥယျာဉ် တော့ မဖြစ်သေးဘူး ။ ဒါဟာ စိတ်ကုထုံးတွေရဲ့ အလွန်ဆုံး လုပ်နိုင်တာတွေပဲ ဖြစ်ပါတယ်။

နောက်ထပ် – ခင်ဗျား မျိုးစေ့ချ၊ ပျိုးထည့်ရဦးမယ်။ ပြီးရင် ပြုစု ပျိုးထောင် ပေးရမယ်။ ဂရုတစိုက် ကာကွယ် စောင့်ရှောက် ပေးရဦးမယ်။ အဲ့သည် နောက်မှ သာ ခင်ဗျားရဲ့ မြေလွှာ ဟာ ဖြေးဖြေး ညှင်းညှင်း စိမ်းလန်း စိုပြေ လာမယ်။ အချိန်တန် တဲ့ တစ်နေ့မှာ ပန်းမျိုးစုံ ပွင့်ဖူး လာမယ်။ ခင်ဗျား လိုလား တဲ့ ပန်းဥယျာဉ် တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် Psychotherapy တွေဟာ ဒါကို မလုပ်ပေးနိုင်ဘူး။

ဒါ့ကြောင့် Psychotherapy စိတ်ကုထုံး တစ်ခုတည်း ဟာ သန့်ရှင်းရေး လုပ်နေ သလို နဲ့သာ တူညီတယ်။ ခင်ဗျားအိမ်ကို နေ့တိုင်း ဖုန်သုတ်၊ တံမြက်လှည်း သန့်ရှင်းရေး လုပ်ရတယ်။ တစ်ကြိမ်တစ်ခါ ဖုန်သုတ်၊ ရှင်းလင်းပြီး ရုံနဲ့ ခင်ဗျား အိမ်ဟာ နောင်အမြဲတမ်း မသန့်ရှင်း သွားဘူး ရယ်။ နောက် နှစ်ဆယ့်လေးနာရီ ဆိုရင် ဖုန်၊ အညစ်အကြေးက ပြန်တက်မှာပဲ။ ခင်ဗျား အဲ့ဒါတွေကို နိစ္စဓူဝ လုပ်ကိုင်နေရမယ်။ တစ်နေ့ တစ်ခါ၊ ဒါမှမဟုတ် တစ်နေ့ နှစ်ခါ စသဖြင့်။ ဒီလိုမှ မဟုတ်ရင် ခင်ဗျား အိမ်က ညစ်ပတ်မြဲ ညစ်ပတ်နေမှာပဲ။

ဒါကို ကြည့်ရင် – Psychotherapy စိတ်ကုထုံး တွေဟာ သန့်ရှင်းရေး လုပ်နေသလို ကောင်းတယ်။ ဒါပေမယ့် စိတ်ကူး အတွေးတို့ရဲ့ လွန်မြောက်ရာ ကို မရောက်နိုင်ဘူး လို့ ကျနော် ဆိုပါတယ်။ စိတ် ကုထုံး တစ်ခုနဲ့ ခင်ဗျား စိတ်ပြေလျော့ အောင် ကုသတယ် ဆိုပါစို့။ ခင်ဗျား တစ်ခဏ ရှင်းကြည် နေနိုင်တယ်။ နို့ပေမယ့် တခဏပဲရယ်။ ခင်ဗျား ရဲ့ သန္တာန် ၊ ခင်ဗျားရဲ့ အဇ္ဈတ္တကို ဒီထက်ပိုပြီး နားလည် သိမြင် ဖို့ လိုအပ်နေပါတယ်။ စိတ်ကုထုံး တစ်ခုတည်းနဲ့ ခင်ဗျားရဲ့ စိတ်အလွန်ကို ရောက်ဖို့ လုံလောက် မနေဘူးပဲ။ ဘာဝနာရဲ့ မျိုးစေ့၊ စောင့်ကြည့် သိမြင်မှု “အပ္ပမာဒ” တို့ အပြည့်အဝ လိုအပ် နေတယ်။

ခင်ဗျား တစ်ကြိမ်တစ်ခါ လွန်မြောက် နိုင်ခဲ့ရင်လည်း – အဲ့ဒီ စိတ်ကုထုံးတွေဟာ ဘာမှ အသုံးမဝင် ကြောင်း သိပါလိမ့်မယ်။

Going beyond the mind simply means you have realized your own being.

စိတ်ကူး အတွေးတို့ရဲ့ လွန်မြောက်ရာကို ရောက်တယ် ဆိုတာ မိမိ ၏ အဖြစ်ကို မိမိဘာသာ သိမြင် နားလည်သွားခြင်း ကိုသာ ဆိုလိုပါတယ်။

အဲ့အခိုက်မှာ ခင်ဗျား စိတ်ကူး အတွေးတွေ က အဝေးကြီးမှာ ကျန်ရစ်ခဲ့တယ်။ ဆိုလိုတာက ခင်ဗျား စိတ်ကူး အတွေးတွေဟာ အရင်ကလို အရှင်သခင် ပြုရင်း ခင်ဗျားကို အုပ်ချုပ်နေလို့ မရတော့ဘူးရယ်။ ခင်ဗျား ရဲ့ ဖြစ်တည်ချက် သက်သက်က အရှင်သခင် ဖြစ်တယ်။ သူက ကျွန် အဖြစ် အမှုထမ်းရပါလိမ့်မယ်။ ခင်ဗျား လိုအပ်တဲ့ အချိန်မှာ သူ့ကို လိုသလို ခေါ်ယူ အသုံးချ ဖို့ပဲ။

အခု အခါ မှာ အခြေအနေက ဗြောင်းဗြန် ဖြစ်နေပါတယ်။ ခင်ဗျားက ကျွန်ဖြစ်ပြီး၊ သူက အရှင်သခင် ဖြစ်တယ်။ သူက အရှင်သခင်သာ ဆိုတယ် – မျက်ကန်း သက်သက် ဖြစ်ပါတယ်။ ခင်ဗျား ဘဝကို အနှေးနဲ့ အမြန် ဒုက္ခတွင်းထဲ တွန်းပို့နေမယ့် သူလည်း ဖြစ်တယ်။ စိတ်ကူး အတွေး၊ ခင်ဗျား စိတ်ဆန္ဒ၊ မျော်လင့်ချက် အားလုံး ဟာ အတိတ်ကို၊ အနာဂတ်ကို ခင်ဗျား ဆီ ခင်းကျင်းပြတယ်။ ခင်ဗျား အတွက် မျှော်လင့်ချက်တွေ ပေးရင်း မောဟိုက် တဲ့အထိ၊ သေဆုံး တဲ့ ကာလအထိ နှိပ်စက် ကလူ ပြုတယ်။

ဘာဝနာဟာ ဒါကို ချမ်းမြေ့သွားစေတဲ့ ၊ ထိန်းညှိပေးတဲ့ တစ်ခုတည်းသော ဖြစ်စဉ် ဖြစ်ပါတယ်။ စိတ်ကုထုံးတွေကို ကျနော် မဆန့်ကျင် ဘူး။ စိတ်ကုထုံးဟာ ဘာဝနာ ပြုနိုင်ဖို့ အခြေခံသာ ဖန်တီးပေးနိုင်တယ် လို့ ရိုးရိုး ပြောတာ ဖြစ်ပါတယ်။ ခင်ဗျား စိတ်ကုထုံး မရှိလည်း ဘာဝနာ ပြုလို့ ရတယ်။ နည်းနည်း ခက်ခဲနေရင်၊ ခင်ဗျား စိတ်ရှုပ်ထွေးနေတယ် ဆိုရင် ( လုပ်လိုတဲ့ ဆန္ဒလည်း ရှိတယ် ဆိုရင် ) စိတ် ကုထုံး အတိုင်း အကုသ ခံနိုင် တယ်။ ဒါကလည်း တခဏ ကြည်လင်သွားတာ မျိုးသာ ဖြစ်ပါ တယ်။ ဘယ်လောက်ပဲ ကုထုံးတွေ သုံးခဲ့သည့် တိုင် ၊ ခင်ဗျား ရဲ့ စိတ်ဟာ ခင်ဗျား အပေါ် အမြဲတမ်း ကစိဖတ် တင်နေဦးမယ်။ ခင်ဗျားကို တွန်းထိုး မောင်းနှင် နေဦးမယ်။

ဒါ့ကြောင့် စိတ်ကုထုံးတွေဟာ အထောက်အကူ၊ အထောက်အပံ့သာ ဖြစ်ပြီး သူ့ချည်းသက်သက်က ဘာမှ အဓိပ္ပာယ် မရှိဘူးလို့ ကျနော် ပြောရပါတယ်။ အလွန်ဆုံးက ဘာဝနာ အတွက် အခြေခံ ရှင်းလင်း ပေးနိုင်ရုံ လေးပဲ။

…………………
March 30th 2012 at 8:40 AM
…………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: