မတူညီခြင်း

– လူတိုင်း “တည်ငြိမ် ခိုင်မြဲ” နေရတာ ကို မျှော်လင့် တယ်။
– ဒါပေမယ့် “တည်ငြိမ် ခိုင်မြဲ” တယ် ဆိုတာ တကယ့် သဘာဝ အမှန် မဟုတ်ဘူးပဲ။

ဒါ့ကြောင့် ~ အဲ့ဒီ မျှော်လင့်ချက် နဲ့ – တကယ့် အဖြစ် တို့ တိုက်ဆိုင် တဲ့ အခါ ~ လူဟာ ဒုက္ခ များရ ပါတယ်။

ကြားဖူး နေကျ ကိုပဲ အပ်ကြောင်း ထပ်ပြီး ပြောချင်တယ်။

~ မြစ်တစ်စင်း ဟာ ဘယ်အချိန် မှာမှ ထပ်တူ မရှိဘူး။ အလားတူ ခင်ဗျား ကိုယ် ခင်ဗျား လည်း တစ်ကြိမ် နဲ့ တစ်ကြိမ် မတူဘူး။ ဒါ့ကြောင့် အချိန် တစ်ခဏ တိုင်း ဟာ တစ်သီး တစ်သန့် ရှိနေ တာ ဖြစ်ပါတယ်။ နှိုင်းယှဉ် စရာ မရှိဘူး – သီးခြား ကွဲထွက် နေတယ်။ “တစ်ခဏတာ” အဖြစ် ကို ရှေ့ အချိန် ကလည်း မရခဲ့ဖူး သလို၊ နောက်နောင် မှာလည်း ဘယ်တော့ မှ ပြန်မရဘူးပဲ။

ဒါကို တွေးကြည့်ရင် လူတိုင်း တွေးမြင် နိုင်ပါတယ်။ ဒါပေမယ့် – တကယ့်ဘဝ ထဲ အစစ်အမှန် ရှင်သန် နေ တဲ့သူကတော့ သိပ်မရှိဘူး။ ခင်ဗျား သတိထားကြည့်ရင် မိမိ ပတ်ဝန်းကျင် မှာတင် သိနိုင်ပါတယ်။ တကယ်လို့ အဲ့အတိုင်း သိမြင် ရှင်သန်နေသူ ဖြစ်ရင်လည်း ~ ဘာဝနာ ကျင့်ကြံ နေထိုင်နေ သူနဲ့ ဘာမှ မခြားနားတော့ ဘူးရယ်။

ဒီ အကြောင်း ကြောင့် ( ခင်ဗျား ဘာဝနာ အစဉ် တစိုက် ပြုကျင့် လာရင် သိမှာက ) ~

တစ်ခဏတာ ဆိုတဲ့ လက်ရှိ မတြာ မျှလေး ဟာ ထပ်ကျော့ မနေဘူး။ ခိုင်မြဲ ဖြစ်တည် မနေဘူး။ အပြည့်အဝ လှပနေ ပါတယ် ။ ခင်ဗျား အိမ်ကို တံခါးခေါက် ရောက်လာပြီး ဘာမှ မပြောဘဲ ပြန်ထွက် သွားတဲ့ သူစိမ်း တစ်ယောက် လို။ ခင်ဗျား ရှေ့မှာ အခုမှ ကြုံ ဆုံပြီး ဖြတ်ခနဲ့ ပျောက်ကွယ် သွားမယ့် လှပျိုဖြူ တစ်ဦးလို။ ~ သူ ရောက်ရှိ လာမယ် – ပြီးရင် ပျောက်သွားမယ်။ ဒါကို ခင်ဗျား စောင့်ကြည့်နိုင်မလား ~ ။ – အခုကြည့်ရင် ~ အခု ကောင်းကောင်း မြင် ရပါတယ်။ အဲ့ဒီနောက်လည်း နောက် တစ်ခဏ အသစ် အသစ် ဟာ ရောက်လာ ဦး မှာပဲ။ စဉ်ကာ ဆက်ကာ ~ နိုးကြားမှု သတိနဲ့သာ နေကြည့်ကြည့်ပါ ~ ခင်ဗျား စိတ်ရော ကိုယ် ပါ- အမြဲတမ်း လတ်ဆတ် နေတာ တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် ခင်ဗျား က မိမိကိုယ်ကိုယ် “ခိုင်မြဲ” ဖို့ကို လိုလားနေမယ် – ဒါ့ပြင် တစ်ချိန်က ရရှိထားခဲ့ ဖူးမယ့် (ဝါ) နောင်အချိန် မှာ ရရှိလာချင်တဲ့ – အချို့ အာရုံ အတွေ့ အကြုံ ၊ အတွေးတွေ ကို သိမ်းပိုက် ထား ချင်တယ် ဆိုရင်တော့ အဲ့ဒီ လတ်ဆတ်မှု ကို ခင်ဗျား မြင်တွေ့ရမှာ – ကြုံတွေ့ရမှာ မဟုတ်ဘူး ပဲ။

~ Living in the Present.
Facebook upload.
…………………..
April 11st 2012 at 2:50 PM

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: