ငါ ဘယ်သူလဲ

Gurdjieff က ဘာဝနာကို ရှုထောင့်တစ်မျိုးက ချဉ်းကပ်တယ်။ “ခင်ဗျားကိုယ် ခင်ဗျား မှတ်မိအောင် ကြိုးစားပါ” ဆိုတဲ့ အဖြစ် ကနေ စပါတယ်။ Raman Maharshi က အခြား ရှုထောင့် တစ်မျိုးကနေ ချဉ်းကပ်တယ်။ ဘာဝနာ အတွက် မေးခွန်း ပုစ္ဆာ တစ်ခု ထုတ်တယ်။ “Who am I?” “ငါ ဘယ်သူလဲ” ။ ဒီ အမေး ပုစ္ဆာဟာ ဇင် အတွက်လည်း ကိုအန် ပုစ္ဆာတစ်ပုဒ် ဖြစ်ပါတယ်။ ဇင်ဆရာတွေက သူတို့ ရောင်းရင်း တွေ ကမ္မဋ္ဌာန်း ဘာဝနာ ပြုနိုင်ဖို့ ကိုအာန် ပုစ္ဆာ တွေ ပေးလေ့ ရှိတယ်။ အဲ့ဒီ ပုစ္ဆာတွေထဲမှာ ဒီပုစ္ဆာလည်း တစ်ပုဒ် ပါဝင် ပါတယ်။

ဘာဝနာ ပြုသူ အဲ့သည် ပုဂ္ဂိုလ်ဟာ “Who am I?” ဆိုတာ အတွက် အဖြေကို ရှာတယ်။ အဲ့ဒီ အခါ စိတ်အတွေးဟာ အဖြေ အမျိုးမျိုးကို ပေးပါတယ်။ ခင်ဗျား ဒီပုစ္ဆာ ကို ကိုအန် ပုစ္ဆာ အဖြစ် ယူပြီ ဆိုပါစို့။ ငါ ဘယ်သူလဲ ဆိုတာ အတွက် ခင်ဗျား စတင် အဖြေရှာတော့တယ်။

ဒီ အချိန်မှာ စိတ်က အဖြေတွေ ပေးနေပါ လိမ့်မယ်။ စိတ်အတွေး တွေက ခင်ဗျားကို ပြောကောင်း ပြောနေ လိမ့်မယ်။

“ဒါဟာ ဘယ်လောက် အဓိပ္ပာယ်မဲ့ တဲ့ မေးခွန်းလဲ။ မင်းကိုယ် မင်း မသိဘူးလား။ ဘာလို့များ မေးနေရ သေးသလဲ။ ငါ ပြောပြမယ် ~ မင်းဟာ လူတစ်ယောက် ( ဝါ ) မိန်းမ တစ်ယောက် ဖြစ်တယ်။ မင်းက ပညာရှင် တစ်ယောက်၊ လုပ်ငန်း ရှင် တစ်ယောက် ဖြစ် တယ်။ ပြည်သူ တစ်ဦး တစ်ယောက် ဖြစ်တယ်။ မင်းက မြန်မာ နိုင်ငံ သား ဖြစ် တယ်။ လူချမ်းသာ တစ်ယောက် ဖြစ်တယ်။ ဆင်းရဲသား မျက်နှာမွဲ တစ်ယောက် ဖြစ် တယ်။ မင်းဟာ ထူးချွန်တဲ့သူ ဖြစ်တယ်။ သာမာန် ထဲက သာမာန် လူတစ်ယောက် ဖြစ် တယ်။ လူ့နင်းပြား ဖြစ် တယ်။ လူ့ အရှင်သခင် ဖြစ် တယ်။ မြင့်မြတ်တယ် ~ ယုတ်ညံ့တယ်”

စသဖြင့် ခင်ဗျား စိတ်ဟာ ခင်ဗျား အတွက် အဖြေ အမျိုးမျိုး ပေးစွမ်းနိုင် နေပါတယ်။ အဲ့ဒီ အထဲကမှ ကျေနပ် နှစ်သိမ့်မိ တဲ့ အဖြေကို ရလို့ ~ ဇင်ဆရာ ဆီ ပြန်သွား ဖြေ မယ် ဆိုပါစို့။ ခင်ဗျားကို ခေါင်းခေါက် လွှတ်လိုက် မှာပဲ။ ဘာလို့ဆို စိတ်က ပေးစွမ်းတဲ့ အဖြေ ဘယ် အဖြေ မဆို ကိုအန်ပုစ္ဆာ အတွက် အဖြေအစစ် အမှန် မဟုတ်ဘူး ရယ်။

“Who am I? ~ ငါဘယ်သူလဲ” ~ ဒီအမေးရဲ့ အဖြေကို စိတ်အတွေးတွေ ထဲက ဖြေနေသမျှ ~ ဘာဝနာက လက်မခံဘူး။ ဖယ်ချတယ်။ ဆက်ခါ ဆက်ခါ မေးနေ တယ်။ စိတ်အတွေး က ရုန်းရင်း ဆန်ခတ် အဖြေတွေ ထုတ်ပေးနေတယ်။ ခင်ဗျားဟာ ဘယ်သူ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း ~ အနုနည်းရော၊ အကြမ်းနည်းပါ သုံးပြီး တစ်ခု မဟုတ် တစ်ခု ထုတ်ပြနေမယ်။ တစ်ခု မကျေနပ် ရင် အခြား တစ်ခု ပေးသမျှ အဲ့ဒီ အဖြေတွေ ဟာ ဘာဝနာ အတွက် မှားယွင်းတဲ့ အဖြေတွေသာ ဖြစ်ပါတယ်။

စိတ်ဟာ ခင်ဗျား ရဲ့ သန္တာန်ထဲက အလွဲအမှား နေရာ တွေကို နှိုက်နှိုက် ချွတ်ချွတ် ဝင်မယ်။ ပြီးရင် အဲ့ဒီ အစွဲအလမ်း ၊ အထင်အမြင် ရှိသမျှ အရာတွေ တစ်ခုပြီး တစ်ခု ယူလာပြမယ်။ “ငါ ဘယ်သူလဲ” လို့ မောကြီးပန်းကြီး မေးနေတဲ့ ခင်ဗျား အတွက် ~ စကားလုံးတွေ စာစီ ပြမယ်။ ကျမ်းစာအုပ်တွေ ၊ အသိ အတတ်ပညာ တွေ ထဲက အရာတွေ ကို တွဲစပ် ပြမယ်။ ခင်ဗျား ဖြတ်သန်းခဲ့ရာ အတိတ်တွေက အကြောင်းအရာ တွေ ကို ဆွဲထုတ် မယ်။ ယခု ကြုံဆုံနေရတဲ့ အဖြစ်အပျက်တွေ ကို ရှင်းနေမယ်။ အနာဂတ် မျှော်မှန်းချက် ၊ခင်ဗျား အိပ်မက်တွေကို ဆက်စပ် ပြမယ်။

တစ်ခါ တစ်လေ စိတ်က ပြောနိုင်သေးတယ် ~

“ခင်ဗျား ဟာ အခု ဆင်းရဲ နေတယ် ~ နောင် ချမ်းသာ မယ့် ပုဂ္ဂိုလ် ဖြစ်တယ်။ ခင်ဗျား အခု ဒုက္ခ ရောက်နေတယ် ~ နောင် ပြေလည်သွားမယ့် လူဖြစ်တယ်၊ ခင်ဗျား ဘဝဟာ ရှေ့ဆက်တက် သွားမယ့် ဘဝ၊ ခင်ဗျား ကောင်းကင်ဘုံ ကို ရောက်မှာ၊ နိဗ္ဗာန် မျက်မှောက်ပြုရမှာပါ။ ပါရမီတွေ ဆက်ဖြည့်ရဦးမှာ။ သံသရာ မှာ ခင်ဗျားဟာ ~ ……… ” စသဖြင့် အမျိုးမျိုး ရှင်းပြ နေလိမ့်မယ်။

လူ့အဖွဲ့အစည်း ၊ ခင်ဗျား အသိုင်းအဝိုင်း တွေကလည်း တစ်စခန်းထပြီး ခင်ဗျား ကို ညွှန်ပြဦးမယ်။ ~ ခင်ဗျား ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း တစ်ယောက်ပြီး တစ်ယောက် လာပြောပြ နေနိုင် တယ်။ ခင်ဗျား ~ ပုဂ္ဂိုလ် တစ်ဦးရဲ့ သား ဖြစ်တယ်။ ခင်ပွန်း ဖြစ်တယ်။ ဘလော့ဂါ တစ်ယောက် ဖြစ်နိုင်တယ်။ Programmer, Designer တစ်ယောက် ဖြစ်နိုင်တယ်။ အကြမ်းဖက် သမားတစ်ယောက် ဖြစ်နိုင်တယ်။ စာရေး ဆရာ တစ်ယောက် ဖြစ်နိုင်တယ်။ နိုင်ငံရေး သမား တစ်ယောက် ဖြစ်နိုင်တယ်။ ချစ်သူ တစ်ယောက် လည်း ဖြစ်နိုင်တယ်။ ကဗျာ ဆရာ၊ ဂီတ ဆရာ၊ ဓမ္မဆရာ စသဖြင့် ဆရာ တစ်ပါးပါး ဖြစ်နိုင်တယ်။ သူတောင်းစား လည်း ဖြစ်နေနိုင်သလို ~ သူတော်စင် ကြီး လည်း ဖြစ်နေနိုင်တယ်။

ဘာဝနာ ပြုသူဟာ ဒီ အဖြေတွေ အကုန်လုံး ကို တွေ့နေရင်တောင် “Who am I?” ငါ ဘယ်သူလဲ ဆိုတဲ့ အမေးပုစ္ဆာ နဲ့ မြှားချက် ပစ်သလို ဆက်ခါ ဆက်ခါ ပစ်ခွင်း လျက် ရှိနေပါတယ်။ ထိုးမွှေ ထားနိုင် ရပါလိမ့်မယ်။ “Who am I ?” အတွက် ရရှိလာတဲ့ ~ စိတ်ရဲ့ အဖြေတွေ ကို တစ်ခုပြီး တစ်ခု ဖယ်ချရင်း မိမိ အတွင်း ကို မိမိ နက်နက် ဝင်လာတယ်။ နောက်ဆုံး မှာတော့ ဘယ်အဖြေ မှ ထွက်မလာ နိုင်တော့ ဘူးရယ်။

အဲ့ဒီ အချိန်ကို အတွေးနဲ့ ၊ စိတ်ကူးနဲ့ ~ မရောက်ပါဘူး။ ကိုယ်တိုင် ဝင်ကြည့်နိုင် မှ ရောက်ပါတယ်။ ဒီခဏမှာ ခင်ဗျား ဘယ်အဖြေမှ မ ရတော့ဘူး ။ ဘယ်အဖြေမှ လိုအပ်မနေတော့ဘူး။ ဒါပေတဲ့ အဖြေ အစစ်အမှန် နဲ့ အနီးကပ်ဆုံး တည်ရှိ သွားတယ်။ အဖြေတွေ ထပ် ထွက် မလာ တဲ့ အတွက် ခင်ဗျား အဲ့ဒီ အချိန် ရရှိလိုက် တာဟာ စိတ်ရဲ့ ငြိမ်သက်မှု ( ဝါ ) စိတ် အတွေးရဲ့ ဝေးရာ အလွန်ပဲ ဖြစ် ပါတယ်။ ဘယ် အဖြေ မှ ထပ်ထွက် မလာတော့ တာကြောင့် ~ ခင်ဗျား သန္တာန် အားလုံး ဟာ ဗလာ ကျင်း လျက်သား ရှိနေ တယ်။ ခင်ဗျား ဆက်ခါ ဆက်ခါ မေးနေ ခဲ့ တဲ့ “Who am I?” ဆိုတာ လည်း အဲ့ဒီ ခဏ မှာ လုံးဝ အဓိပ္ပာယ် မဲ့ သွားတယ်။

စင်စစ် ခင်ဗျား ဘယ်သူ့ကို မေးခွန်း ထုတ် ရမှာတဲ့လဲ။ ဘယ်သူ ကရော မေးခွန်း ထုတ်နေသလဲ။ ဘယ်သူ မှ မမေး သလို ၊ ဘယ်သူ မှ ဖြေ မနေဘူး ရယ်။ အဲ့ဒီ ခဏ မှာ “မေးခွန်းပြု၊ အဖြေ ရှာ” လုပ်ငန်းစဉ် အားလုံး ၊ လူပုဂ္ဂိုလ် အထင် အမြင် အားလုံး ရပ်တန့် သွားတယ်။ အမေးပြု စဉ် က လှုပ်ရှား ခဲ့တဲ့ စိတ်ဟာ ~ အဖြေရှာခြင်း ကြောင့် ~ မုန်တိုင်းထန် ခဲ့ပြီး ဖြစ်ပါတယ်။ အခု အဆုံးသတ်မှာ ~ အဖြေရှာသူ ကို လည်း မတွေ့ ~ အမေးပြုသူ ကိုလည်း မတွေ့ ၊ မူလကတည်းက အားလုံး ပျောက်ကွယ်နေခဲ့တာ ဖြစ်ကြောင်း သိလိုက်တယ်။

အမေးပြု ခဲ့တာဟာလည်း စိတ် ကြောင့်ပဲ ဖြစ်ခဲ့သလို၊ အဖြေရှာ ခဲ့တာဟာလည်း စိတ်ကြောင့်ပဲ ဖြစ်ခဲ့ပါတယ်။ ဒီ ကိုအန်ရဲ့ အန္တိမ ၊ အမေးပြုခြင်း ~ အဖြေရှာခြင်း ရဲ့ အဆုံးသတ် မှာ ခင်ဗျား စင်စစ်ကို ချမ်းမြေ့ကြည်လင်စွာနဲ့ ရောက်ရှိ သွားတယ်။

~ On meditation
……………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: