Zen is Pure Awareness

Zen ဒဏ္ဍာရီ ပုံတိုပတ်စ တွေမှာ ဘာဝနာ ရဲ့ သဘော ၊ ဘာဝနာ ရဲ့ အကြောင်း သိပ်မပါဘူး ~ မတွေ့ရဘူး လို့ ပြောကြပါတယ်။ – ဘာကြောင့် ပါလဲ လို့ မေးရင် ~

Zen ပုံတို ပတ်စတွေမှာ ဘာဝနာ အကြောင်း မပါပါဘူး။ စကားလုံး အနေနဲ့ ထုတ်ဖော်ပြီး ပြောပြမနေပါဘူး။ ဒါ့ကြောင့် “အပ္ပမာဒ”၊ “စောင့်ကြည့် မှု”၊ “သတိ”၊ “ဘာဝနာ” စသဖြင့် ဒီစကားလုံးတွေကို တွေ့ရမှာ မဟုတ်ဘူး။ အကြောင်းက ~ Zen ပုံတိုပတ်စ တစ်ခုလုံးဟာ ဘာဝနာ ၊ အပ္ပမာဒ ၊ လက်ရှိ ရှင်သန် နေထိုင်မှု ကိုသာ ညွှန်းဆို နေလို့ပဲ ဖြစ်ပါတယ်။ တနည်းပြောရင် ဇင် ပုံပြင်တစ်ပုဒ် လုံးဟာ ဘာဝနာ ပဲရယ်။ ဒီ ပုံတိုပတ်စ ဇာတ်လမ်း တွေကြား ပါဝင်နေတဲ့ စကားလုံးတွေနဲ့ ဆရာတပည့်ကြား တိတ်ဆိတ် ကူးယှက်နေသမျှတွေ အားလုံး ကြား မှာ ခင်ဗျား ဘာသာ ဘာဝနာ ကို ရှာတွေ့ နိုင်ပါလိမ့်မယ်။

ဇင်ဟာ ဘာဝနာ “အကြောင်း”ကို မပြောဘူး။ ဘာဝနာကိုပဲ တိုက်ရိုက် ညွှန်ပါတယ်။ ဒီလို “အကြောင်း” တွေ မခင်းပြတဲ့ အတွက် လည်း ဇင်ကို ဒဿန မဟုတ်ဘူး ~ ဝါဒ မဟုတ်ဘူး လို့ ပြောရတာ ဖြစ်ပါတယ်။

ဒဿနိက၊ ကျမ်းစာတွေ၊ ဝါဒတွေမှာ “ဘာဝနာ” အကြောင်း၊ သိမှု သက်သက် ဆိုတဲ့ အကြောင်းတွေကို ခွဲခြမ်း စိတ်ဖြာ ပြောကြ လိမ့်မယ်။ ဘာဝနာရဲ့ ပင်မ အလုပ်ဖြစ်တဲ့ စောင့်ကြည့်မှု ကို “ဘယ်လို စောင့်ကြည့်ရမယ်~ ဘယ်လို အဆင့်ဆင့် ရှိတယ်” စသဖြင့် ပိုင်းခြား ခွဲဖြတ် ကြပါ လိမ့်မယ်။ ဆရာသခင် အများကလည်း စောင့်ကြည့်ခြင်း ဆိုတာ ဘာဖြစ်ကြောင်း သင်ကြားပြ ကြပါလိမ့်မယ်။ ဒါပေမယ့် ဇင် က ဘာဝနာ သက်သက်သာ ဖြစ်နေပါတယ်။ အကြောင်းအရာ ကို ခွဲခြားပြ မနေဘူး။ ရှင်းပြ မနေဘူးရယ်။

ဇင်ပုံပြင် တစ်ပုဒ်ကို နားထောင်လိုက်လို့ ~ အဲ့ဒါကို ~ ခင်ဗျား သိရင် သိလိုက်ရမယ် ~ မသိရင် လုံးဝ မသိဘူး။ ဒါလေးပဲ။ ဇင် ပုံပြင်ထဲမှာ ဘာဝနာ၊ သတိ၊ စောင့်ကြည့်မှု ဆိုတဲ့ စကားလုံး၊ အကြောင်းအရာတွေ ကို တွေ့ရမှာပဲ လို့တော့ ခင်ဗျား မျှော်လင့်လို့ မရဘူး။ ခင်ဗျား မြင်ရမှာ မဟုတ်ဘူး။ ဇင်မှာ ခင်ဗျား ရရှိလိုက်မယ့် ဘာဝနာ အသိဟာ စကားလုံးတွေ မပါဝင်တဲ့ အမြင်။ အသိ သက်သက် ဖြစ်ပါတယ်။ ဇင်မှာ ဘာဝနာရဲ့ အကြောင်းကို ~ စကားလုံးတွေ ၊ အကြောင်းအရာ တွေ အဖြစ် တွေ့လိုဇောနဲ့ ခင်ဗျား ကြိုးစားပြီး ရှာရင် အဲ့ဒါ ဟာ စိတ်က ရှာနေတာပဲ ဖြစ်မယ်။ ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး လို့ ပြောရပါလိမ့်မယ်။

ကျနော် တို့ စူးစမ်း စစ်ကြောလေ့ ရှိတဲ့ ~ “ဟိုဟာ ဆိုတာ ဘာလဲ” ~ “ဒီဟာ ဆိုတာ ဘာလဲ”~ “ဘာဝနာ ဆိုတာ ဘာလဲ” ~ ” ငြိမ်းအေးမှု ဆိုတာ ဘာလဲ” ~ …. အဲ့ဒီ ဘာလဲ တွေ၊ မေးခွန်းတွေ မှန်သမျှ ရပ်တန့်ပြီး ခင်ဗျား သန္တာန်ထဲ တိတ်ဆိတ် သွားတဲ့ အခါ Zen ကို အပြည့်အဝ သိနိုင်ပါလိမ့်မယ်။ တစ်စုံတစ်ရာ ရှာမနေတော့ တဲ့အခါမှ ခင်ဗျား အဲ့အရာကို ရှာတွေ့သွားတော့တယ်။

ဒါ့ကြောင့် တိုတိုထပ်ပြောရင် ~

Zen is Pure Awareness.
ဇင်ဟာ သိမှု သတိ သက်သက်သာ ဖြစ်ပါတယ်။
……………….
Just Be. That’s Enough.
……………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: