Stop ~ Meditation

Osho

ဘာဝနာ ကို သီးခြား အချိန် ပေး မလုပ် နိုင်ဘူး ဆိုသူ တွေ ရှိတယ်။ ထိထိ ရောက်ရောက် နဲ့ တိုတိုကျဉ်းကျဉ်း ပဲ သိလိုတယ် ဆိုတဲ့ သူတွေ ရှိတယ်။ ဘာဝနာ နည်းနာ တွေ ပုံစံ အမျိုးမျိုး တွေ ကြားထဲမှာ – အခု – ပုံစံလေး တစ်ခု ကို ပြောချင် ပါတယ်။ ထိလည်း ထိရောက် သလို ~ အပို တန်ဆာပလာ သိပ်မပါ ~ ပြောင်ပြောင် တင်းတင်း ခပ်ရှင်းရှင်းပဲ။ အချိန် သီးခြား ပေးဖို့ မလိုသလို၊ နေရာ ဌာန ရွေးချယ် နေဖို့လည်း မလိုဘူး။

၁၉၈၉ ခုနှစ်က စတင်ထုတ်ဝေတဲ့ “Orange Book” စာမျက်နှာ ၅၈ မှာ အိုရှိုး ဖော်ပြထားတာ ဖြစ်ပါ တယ်။ လုပ်ဖို့က လွယ်တယ် ~ နာမည်ကိုက – “Stop ~ Meditation” လို့ တပ်ခေါ် ထားတယ်။

အဲ့ဒီ နည်းက ရိုးရှင်းပါတယ် – တစ်နေ့ ခြောက်ကြိမ် အနည်းဆုံး လုပ်ဖို့တော့ လိုတယ်။ ခြောက်ကြိမ် ဆိုလို့ များတယ် မထင်ပါနဲ့။ တစ်ကြိမ် မှာမှ – စက္ကန့် သုံးဆယ် လောက် ပဲရယ်။ ဒါ့ကြောင့် တစ်နေ့လုံး စာ အနေနဲ့ – ခင်ဗျား ဘာဝနာ ပြုချိန်ဟာ သုံးမိနစ် သာသာပဲ ရှိပါတယ်။ ခင်ဗျား တစ်နေ့တာ အတွက် သုံးမိနစ်လောက် တော့ ထုံ့ပိုင်းပြီး အချိန်ပေးနိုင်တယ် မဟုတ်လား။ ကမ္ဘာမှာ အတိုဆုံး ၊ အကျဉ်းဆုံး ဘာဝနာတွေထဲက ထိရောက်တဲ့ တစ်ခု ဖြစ်ပါတယ်။

ခင်ဗျား လမ်းလျောက် သွားနေချိန်၊ တစ်ခုခု စားနေချိန်၊ အလုပ် အစည်းအဝေး ထဲ အစဦး ရောက်နေချိန် စသဖြင့်- ရရာ ဘယ်အချိန်မှာ ဖြစ်စေ – စက္ကန့် သုံးဆယ်လောက် ရုတ်တရက် အချိန်ယူလိုက်ပါ။ ခင်ဗျား လှုပ်ရှား လုပ်ကိုင်နေတာ တွေ ရှိနေရာက ရုတ်ခြည်း ခင်ဗျား သတိရတဲ့ အခါ တိုင်း အဲ့ဒီ စက္ကန့် သုံးဆယ်လောက်တော့ အချိန်ယူလိုက်ပါ။ လုပ်ရမှာက – ခင်ဗျား လတ်တလော ပြုနေတဲ့ အရာ – ဘယ်အရာ မဆို- အပြည့်အဝ ရပ်တန့် လိုက်ဖို့ပဲ။ အဲ့အချိန်မှာ – မလှုပ် မယှက်တမ်း ရှိနေမယ်။ – လက်ရှိ တခဏ စက္ကန့် သုံးဆယ် စာ လောက်သာ ခင်ဗျား ငြိမ်ငြိမ်လေး ရှိနေဖို့ ဖြစ်ပါတယ်။

ဘယ် အခြေအနေ ~ ဘယ်လို အောက်မှာ ဖြစ်ဖြစ် (ကားမောင်းတာတို့ ၊ ဆိုင်ကယ်စီးတာတို့- အခြား အန္တရာယ် ရှိရာတွေတော့ မပါဘူးပေါ့လေ – ) ခင်ဗျား အပြည့်အဝ ရပ်တန့် နိုင်ရင် ရပ်တန့်နေ ရလိမ့်မယ်။ အဲ့လို ရပ်တန့် နေလိုက်တဲ့ အတွက် – ဘယ်သူတွေက ဘာတွေ ပြောနေနေ ခင်ဗျား စက္ကန့် ပိုင်းလေး ငြိမ်သွားမယ် ။ ခင်ဗျားရဲ့ သိစိတ်ဟာ အဲ့ဒီ ရုတ်ခြည်း ငြိမ်ဝပ်သွားတဲ့ ပစ္စုပ္ပန် တည့်တည့် အပေါ် သိလျက်သား ရှိသွားတယ်။ စက္ကန့် သုံးဆယ်စာလောက် အဲ့လို သိရှိရင်း ငြိမ်သက်နေပေးရုံလေးပဲ ဖြစ်ပါတယ်။ ~ ပြီးရင် ခင်ဗျား လုပ်မြဲ အလုပ် တွေ ဆက်လုပ်မယ်။ ဒီလို ပုံစံနဲ့ – တစ်နေ့ – ခြောက်ကြိမ် အနည်းဆုံး ယူဖို့ တိုက်တွန်း ပါတယ်။ ဒီထက် မက တတ်နိုင်ရင် ထပ်တိုး သွားမယ်။

စင်စစ် ဒီနည်းဟာ ခင်ဗျား စွမ်းရည်တွေကို ချက်ချင်း စုစည်းလိုက်နိုင်တဲ့ နည်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ ခြောက်ကြိမ် ဆိုတာကို – အချိန် အတိအကျ သတ်မှတ်မထား ဖို့ အရေးတကြီး လိုပါတယ်။ ခင်ဗျား နိစ္စဓူဝ လုပ်ကိုင် သမျှထဲမှာ သတိရရင် ရတဲ့ အချိန် ကို သုံးတယ်။ အဲ့လို ချုပ်တည်း ကန့်သတ်မထား ဘဲ ရုတ်ခြည်း လုပ်ရတာရဲ့ ထိရောက်တဲ့ အကျိုးဆက်က – ခင်ဗျား လက်ရှိ ပစ္စုပ္ပန် အပေါ်ကို ခင်ဗျား အသိစိတ်က အတိအကျ ကူးပြောင်း သိမှတ်နိုင်တယ်။ အခြား အရာတွေ လုပ်ဆောင်နေရာက ရပ်တန့်လိုက်ရတာ ကြောင့် – အတွေးစဉ် ရဲ့ ရုတ်တရက် အကူးအပြောင်း ကိုလည်း ချက်ချင်း မြင်ရပါတယ်။ ဒီနည်းမှာ – ဘာတွေ မှတ်ပါ၊ ဘယ်လို ရှုပါ ဆိုတာတွေ မပါဘူး ~ ဘယ်နေရာ မှာမှ ဘယ်လို လုပ်ပါ တွေ မပြောဘူး။ ခင်ဗျား ရုံးမှာ၊ ဈေးမှာ၊ လမ်းမှာ – ကြုံရာမှာ လုပ်နိုင်ပါတယ်။ လုပ်တဲ့ အချိန်တိုင်း – အခြားလုပ်သမျှ ခေတ္တရပ်တန့်ပြီး – ပစ္စုပ္ပန် တည့်တည့်အပေါ် – အာရုံထင်ရှားရာ အသိသက်သက် ထင်တယ်။ စမ်းသပ်ကြည့်လိုသူ အနေနဲ့- တစ်နေ့တာလုံးမှာ စက္ကန့် သုံးဆယ် ကို အဲ့လို အချိန်မပေးနိုင်ဘူး ဆိုရင်တော့ ပြောတတ်ဘူးရယ်။

………………….

April 21st 2012 at 11:15 AM
…………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: