မြန်နိုင်သမျှ မြန်မြန်

ကမ္ဘာမှာ လုပ် ဖို့ အကောင်းဆုံး အရာက ဘာလဲ လို့ မေးရင် ~ ဖြေစရာ အများကြီး ရှိတဲ့ အနက် က တစ်ခုကို ပြောလို ပါတယ်။ အဲ့ဒါက ~

To die as soon as possible. တတ်နိုင်သမျှ မြန်မြန် သေဆုံးသွားဖို့ပဲ။ ဒီအရာ က ခက်ခဲ ပါတယ်။ သေသွားဖို့ ဆိုလို့ ~ ခင်ဗျား ရုပ် ခန္ဓာ ကြီး သေဆုံး သွား ဖို့ လို့ နားလည် လွဲဦးမယ်။ အဲ့ဒီ Physical Death ကို ပြော တာ မဟုတ် ဘူး။ ရုပ်ခန္ဓာ ကြီး ပြိုပျက် သေဆုံး သွားဖို့ က ဘာမှ မခက်ဘူး။ ခင်ဗျား စစ်ဖြစ်ရင်၊ ခင်ဗျားကို လာသတ် ရင်၊ အခုပဲ တိုက်ပေါ်က ခုန်ချ ရင် စသဖြင့် – ကမ္ဘာမှာ တခဏလေးနဲ့ အလွယ်တကူ ဖြစ်နိုင်တာက ခန္ဓာ သေ ဆုံးတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေ တာပဲ ဖြစ် ပါတယ်။ တ ခဏလေး အသိ ဥာဏ် Twist ဖြစ်ပြီး မိုက်မဲ သွားဖို့ပဲ လိုတယ်။ ခင်ဗျား စက္ကန့် ပိုင်းနဲ့ သေသွားနိုင်တယ်။ ဒါ့ကြောင့် ကိုယ့် ခန္ဓာကိုယ် သတ်သေတဲ့ အမှု ကို – မိုက်မဲ တဲ့ သူတွေသာ လုပ် တယ်။

ကျနော် ပြောတဲ့ “To die as soon as possible – တတ်နိုင် သမျှ မြန်မြန် သေ ဆုံး သွားဖို့” ဆိုတာ Psychological Death ကို ဆိုလို ပါ တယ်။ စိတ်ပိုင်း ဆိုင်ရာ သေဆုံး သွားဖို့က ထင်သလောက် မလွယ်ဘူး။ ခင်ဗျား လွယ် မယ် ထင်ပါ သလား။ ရုပ်ပိုင်း ဆိုင်ရာ သေဆုံးမှု နဲ့ ဆန့်ကျင် ဘက် ကွာခြား တယ်။ ကမ္ဘာမှာ အခက်ခဲ ဆုံး အရာလည်း ဖြစ်ပါတယ်။ ~ ဖြစ်တည် ရုံမျှ ~ ဖြစ်ရုံမျှ ဖြစ်တည်ဖို့ ~ မိမိ အတ္တကို ဖြုတ်ချနိုင်ဖို့ ~ ဆိုတာ Psychological Death မှ တစ်ပါး အခြား မရှိ ဘူးရယ်။

အတ္တ (Ego) ဆိုတာ လည်း အခြား မဟုတ်ဘူး။ စင်စစ် အတ္တ ဟာ “မနေ့က” ပေါင်း များစွာ ကြိတ် ခဲ စုစည်း နေတဲ့ အစု အဝေးသာ ဖြစ် တယ်။ အဲ့ဒီ မနေ့ပေါင်း များစွာရဲ့ အစုအဝေး ကြား ခင်ဗျား ကိုယ် ခင်ဗျား သတ်ပစ် နိုင် ခဲ့ရင် ~ လက်ရှိ အခု တစ်ခဏ မှ တစ်ပါး ခင်ဗျား မှာ ဘာမှ မပိုနေဘူး ပဲ။ အခု လက်ရှိ တခဏသာ ခင်ဗျား ရှင်သန် နေ ချိန် ဖြစ်တယ်။ ဒီ တစ်ခဏမှာ ခင်ဗျား အရွှင်လန်း ဆုံး၊ အတောက်ပ ဆုံး၊ အချမ်းမြေ့ ဆုံး ရှိတယ်။ “အတ္တ” ကောင် အနေနဲ့ တော့ ခင်ဗျား မှာ ထင်ကျန် မနေတော့ ဘူးပဲ။ အဲ့အချိန်မှာ ဘုရားသခင် နဲ့ အတူတူ ရှိတယ် လို့ ဆရာ့ ဆရာတွေ က ပြောပါတယ်။ သူနဲ့ တစ်စည်း တစ်လုံး တည်း ရှိနေတယ် လို့ ဆိုတယ်။

ဒါ့ကြောင့် ဒီ အရာက ခက်ခဲနေတာ ဖြစ်ပါတယ်။ ဒီ အရာ ကို လိုလားသူဟာ – အစဉ်အမြဲ လွတ်လွတ် ထွက်နေခဲ့တဲ့ အခု မတြာကာလ လေး အပေါ် အပြည့် အဝ နိုးကြား နေဖို့ လိုအပ်တယ်။ အတိတ်ကို တွယ်ငြိ မနေတဲ့ အခါ- သူဟာ – သူ့မှတ်ဥာဏ် အာရုံ အတွေး တွေ အပေါ်လည်း မှီခို မနေဘူး။ နောက် ကို ပြန်မမျှော် ကြည့်ဘူး။ ( စင်စစ် နောက်ကို ပြန် မမျှော်ဘူး လို့ ချုပ်တည်း တာ မဟုတ်ဘူး။ နောက် ပြန်မျှော် စရာ ကို မရှိတာ ဖြစ်တယ်။)

လူအများ က ~ နောက်ကို ပြန်မမျှော်ရင် ဘာလုပ်ရမလဲ။ – ရှေ့ကို ဦးတည်မှာ ပဲ ~ လို့ စိတ်ကူး ပြန် တယ်။ စင်စစ် “နောက်” မရှိဘဲ “ရှေ့” မရှိဘူး။ ရှေ့ကို ဦးတည်ကြည့် လို့ မရဘူး။ ရှေ့ကို ဦးတည် – ရှေ့ကို မျှော်မှန်း တာ ဟာ အနောက် အတိတ် ကို ပြန်သွားတဲ့ နည်းလမ်း တစ်မျိုး သာ ဖြစ် တယ်။ ဆိုလို တာက – ခင်ဗျား ကျောနောက်က – နေရောင် ထိုး မနေဘဲ- ခင်ဗျား ရှေ့ မှာ အရိပ် မထွက်ဘူး။ အတိတ် ပုံရိပ်တွေ ရှိနေလို့ သာ ရှေ့ အနာဂတ် ကို မျှော်မှန်း တယ်။ အတိတ် ရဲ့ ပုံတူ မျိုးပွားတွေ နဲ့သာ အနာဂတ်မှာ တိမ်တောင် ခြယ် နေတာ ဖြစ်တယ်။

ဒါ့ကြောင့် ~ The Future is nothing but the reflection of the Past. အနာဂတ် ဟာ အတိတ်ရဲ့ အရိပ်သာ ဖြစ်တယ် လို့ ဆိုတယ်။

ခင်ဗျား အနာဂတ်မှာ ဆန္ဒရှိနေသမျှဟာ – အတိတ်က အဖြစ်ဟောင်း တွေ ကို ပေါ်လစ် တင်ထားတာ တွေချည်း ပဲ။ အတိတ်ကို မွမ်းမံ ပြင်ဆင် ထားတွေ ချည်း သာ ဖြစ်တယ်။ အတိတ်ကို ဖြတ်ညှပ်ကပ် ထားရင်း ပုံဖျက် ထား ကောင်း ထား ပေမယ့် – ခင်ဗျား ရှေ့မှာ လိုချင် နေတဲ့ အနာဂတ် ပုံရိပ် ဟာ – အတိတ်ရဲ့ ရုပ်ကြွင်း ချည်းသာ ဖြစ်တယ်။

ဒါ့ကြောင့် အတိတ် ကို ဖြုတ်ချပါ လို့ ကျနော် ပြောတဲ့ အခါ – အတိတ် ကို ဖြုတ်ချပြီး အနာဂတ် ကို ခရီးဆက်ပါ လို့ ကျနော် ဆိုလိုနေတယ် ထင်ရင် မှားပါမယ်။ အဲ့လို ဆိုလိုတာ မဟုတ်ဘူး။ အနာဂတ်ကို ခရီးဆက်ရင် ~ ခင်ဗျား အတိတ်တွေ ချည်း ပြန်ကျော့ နေတော့မယ်။ “အတိတ်ကို ထားခဲ့၊ အနာဂတ် မျှော်မှန်း ချက်နဲ့ သာ – ရှေ့ဆက်လိုက်ပါ” ဆိုတာနဲ့ ခင်ဗျား အတိတ် ဟာ နောက်ဖေးတံခါး ကနေ ပြန်လှည့် ဝင်လာ တော့မယ်။ ဒါ့ကြောင့် “မနေ့က” ပေါင်း များစွာ ကို ဖယ်ရှား ကြည့်လိုက်ပါ။ ~ ခင်ဗျား သန္တာန် မှာ “မနက်ဖြန်” ပေါင်း များစွာ ဖယ်ရှားပြီး ဖြစ်ပါတယ်။

“မနေ့က” ပေါင်း များစွာနဲ့ “မနက်ဖြန်” ပေါင်း များစွာ ဖယ်ရှားပြီး တဲ့နောက်~ ခင်ဗျား မှာ ဘယ်ဟာ ကျန်ရစ်ခဲ့သလဲ။ ဒီအချိန်၊ ဒီခဏ၊ ဒီနေရာ ရဲ့ ဖြူစင်မှု၊ ဒီနေရာရဲ့ တိတ်ဆိတ် မှု၊ အခုခဏသာ ကျန်ရစ်ခဲ့တယ်။

ဒါကို ဗုဒ္ဓ က “မတ္တံ ဘဝိဿတိ” “ဖြစ်လျှင် ဖြစ်သည် ဆိုရုံမျှသာ ဖြစ်ခြင်း” လို့ ဆိုကြောင်း ကျနော် ဖွင့်ဆို လိုပါ တယ်။ စိတ်အတွေးသန္တာန် တွေ ရပ်တန့် သွားတယ်။ ခင်ဗျား သန္တာန် လှုပ်ခတ် သမျှ သေဆုံး သွားတယ်။ ဒီ ခဏရဲ့ ဟိုမှာဘက် ကို မျှော်တွေး လိုလား စရာ ဘာ မှ မရှိဘူး။ ဘာမှလည်း ရှိမနေဘူး။

“ဖြစ်ကို ဖြစ်ရမယ်၊ လုပ်ကို လုပ်ရမယ်” ဆိုတဲ့ “Should,ought” တွေ ~ Ethical Rules တွေ လည်း မရှိဘူး။ အခြားလှည့်ထွက် သွားစရာ ဘယ် စိတ်ကူး စိတ်သန်း မှ ရှိမနေဘူး။ ဒီ တခဏမှာ အပြည့် အဝ ကျေနပ် သောက် သုံး တယ်။ ငြိမ်သက် တိတ်ဆိတ်နေတယ်။ ခင်ဗျား မြင်ရမှာက – ခင်ဗျား သန္တာန်မှာ – အလိုဆန္ဒ ရမ္မက် အားလုံး လည်း ပျောက်ကွယ် သွားတာပဲ ဖြစ်ပါတယ်။ ဘာလို့ဆို အလိုဆန္ဒ ရမ္မက်ဟာ အတိတ် နဲ့ အနာဂတ် အရိပ်ကြီးစိုးမှသာ အသက်ရှင် စိုးမိုးခွင့် ရကြတာ မို့လို့ပဲ။
………………
April 24th 2012 at 2:59 PM
……………..
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyablogger.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: