No-Mind

ဇင်မှာ ပြောလေ့ ရှိတဲ့ “No-Mind” ကို မိမိ ကိုယ်တိုင် မသိမြင်တဲ့ အခါ အကောက်အယူ မှားလေ့ ရှိပါတယ်။ No-Mind ရဲ့ အဖြစ်ဟာ – ခင်ဗျားစိတ်ကို အပြီးတိုင် ဖျက်ချ ပစ်မယ်၊ ပစ်ဖယ်ထားပစ် လိုက်မယ် လို့ ဆိုလိုတာ မဟုတ်ဘူး။ ခင်ဗျားစိတ်ကို ခင်ဗျား လုံးဝ အသုံး မပြုတော့ဘူး လို့ ပြောတာ လည်း မဟုတ် ဘူး။ စိတ်က ခင်ဗျားကို မခိုင်းစေ နိုင်တော့ဘူး လို့ အရှင်းဆုံး ဆိုလိုတာ သာ ဖြစ်ပါတယ်။

No-Mind ဟာ ခင်ဗျားက မိမိ စိတ်ကို ဖျက်ဆီး ပစ်လိုက်တယ်လို့ အဓိပ္ပာယ် မထွက်ပါဘူး။ မိမိ စိတ်သန္တာန် ကို ဖယ်ခွာ ချထားနိုင်တယ် လို့ သာ ဆိုလိုပါတယ်။ မိမိ လောကနဲ့ ဆက်နွယ် ဖို့၊ သူ့ကို အသုံးပြု ဖို့ – လိုအပ်တဲ့ အခါ ခင်ဗျား သူ့ကို အသုံးချနိုင်တယ်။ အဲ့အချိန်မှာ -သူဟာ ခင်ဗျားရဲ့ အစေခံ သာ ဖြစ်တယ်။ ဒါပေမယ့် ဒီအဖြစ်ကို မသိနားမလည်ရင်တော့ – အခုအချိန်မှာ- သူက ခင်ဗျား ရဲ့ အရှင်သခင်၊ ဆရာတစ်ပါးပဲ။ မိမိ ဘာသာ တစ်ဦးတည်း ငြိမ်သက် ထိုင်နေစဉ်မှာလည်း – ခင်ဗျား စိတ်က ဆက်ကာ ဆက်ကာ အနှောင့်အယှက် ပေးနေ ဦးမယ်။ ခန္ဓာ တစ်ခုလုံး ငြိမ်သက်နေပေမယ့် – မိမိ စိတ်သန္တာန် တစ်ခုလုံး တွန်းထိုး လှုပ်ရှား နေဦးမယ်။ သူ့ကို မတွန်း နိုင် မလှန်နိုင် ရှိရင်း – သူပြု သမျှ – ခင်ဗျား နုနေရပါဦးမယ်။ သူ့ရဲ့ ကျွန်အဖြစ်က လွတ်မြောက် ဖို့ အခြားတစ်ပါးသူ ကလည်း ကူလို့ ကယ်လို့ မရဘူး။ ဒါ့ကြောင့် လက်ရှိအားဖြင့်- သူ့ရဲ့ လက်အောက် အကူမဲ့ အကယ်မဲ့ ခင်ဗျား တစ်ကိုယ်တည်း အထီးတည်း လိမ့်ပိန့် ကျွန်ခံ ရဆဲ ပဲ။

ဒါ့ကြောင့် – No-Mind ရဲ့ အဓိပ္ပာယ် ဟာ – ဘာဝနာရဲ့ အဆုံးမှာ – ခင်ဗျား စိတ်ကို ခင်ဗျား ကောင်းကောင်း နိုင်နင်း တယ် လို့ ဆိုလိုပါတယ်။ လိုအပ်ချိန်မှာ လိုအပ်သလို အသုံးပြုနိုင် တယ်။ သူက အရှင်သခင် အနေနဲ့သာ ဆိုးသွမ်းနေတာ သက်သက်။ ခင်ဗျား နိုင်နင်း တဲ့ အခါ သေဝပ် တဲ့ ကျွန်ကောင်း တစ်ယောက် ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ အခုပဲ ခင်ဗျား – မိမိ စိတ်ကို မိမိ နိုင်နင်းပြီ ~ No-mind ရဲ့ အဖြစ်ကို သိပြီ ဆိုပါစို့။ ခင်ဗျား တစ်ဦးတည်း ငြိမ်ဝပ်နေချိန် မှာ သူ ဝင်ရောက် မနှောင့်ယှက် နိုင်တော့ဘူးပဲ – ငြိမ်ဝပ်မှု အပြည့်၊ ချမ်းမြေ့မှု အပြည့် ရှိတယ်။ ခင်ဗျား ငြိမ်ဝပ်ရင် ငြိမ်ဝပ်တဲ့ အတိုင်း ရှိတယ်။ လိုအပ်လာပြီ ဆိုတဲ့ အခါ – ခင်ဗျား ခိုင်းစေသမျှ အတိအကျ သူ သေသေဝပ်ဝပ် ဝင်ရောက် လှုပ်ရှား သွားပါလိမ့်မယ်။

လိုရင်းက – သူဟာ ခင်ဗျား မဟုတ်ဘူး။ ခင်ဗျားရဲ့ အရှင်သခင် လည်း မဟုတ်ဘူး။ ဒါပေမယ့် လက်ရှိမှာ – သူနဲ့ ထပ်တူပြုပြီး ခင်ဗျား မောကြီးပန်းကြီး လိုက်ပါ နေရသလို၊ သူခိုင်းစေ သမျှ တစစ လိုက်လုပ် ပေးနေရတယ်။ – No-Mind ရဲ့ အဓိပ္ပာယ်က “သူဟာ ခင်ဗျားရဲ့ အစေခံ သာ ဖြစ်တယ်- ကျွန်ထဲမှာ မှ – သန့်စင်တဲ့ ကျွန်ကောင်း တစ်ယောက် ဖြစ်တယ်။ မလိုရင် ဘေး ဖယ် ထားနိုင်ပြီး၊ လိုရင် လိုသလို ခေါ်ယူ သုံးနိုင် တယ်။ ခင်ဗျား အတွက် သူ့ ရဲ့ အနှောင့် အယှက်၊ မကပ်ညိနေဘူးရယ်”။ No-Mind ရဲ့ အဖြစ်ဟာ ဒါကို ဆိုလို ပါတယ်။

(If u see the word “No-Mind” in Zen Scriptures, ) that does not mean that you cannot use your mind; that is a fallacy propounded by those who know nothing about No-Mind.

No-Mind does not mean that the mind is destroyed. No-Mind simply means that the mind is put aside. You can bring it into action any moment you need to communicate with the world. It will be your Servant.

………………..
April 28th 2012 at 11:40 AM
…………….
https://zayya.wordpress.com/
http://zayya.blog.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: