ဘာဝနာ သည်သာ ဘဝရှင်သန်မှု ပုံစံ

ဘာဝနာ ဟာ အခုခဏ အတွင်းပဲ ဖြစ်ပါတယ်။ အခုခဏမဆိုင်း – သိမှတ်ရင်း ရှင်သန် နေမှု မျှသာ ဖြစ်တယ်။ အခု ပစ္စုပ္ပန် ဒီခဏ ကလွဲလို့ အခြားမရှိ။ ဘယ်မှ မထွက်သွားဘူး။ ဘယ်ဆီမှ မသက်ရောက်ဘူး။ ဒီခဏအတွင်းမှာတင် အပြည့်အဝ အသိရှိနေခြင်း သက်သက် ကို ဆိုလိုပါတယ်။

တစ်ချိန်က ဗုဒ္ဓကို လူတစ်ယောက်က လျောက်ထား တယ်။
“ဘာဝနာ ဘယ်လို ပြုရပါမလဲ”
ဗုဒ္ဓက ပြန်ဖြေတယ်။

“ခင်ဗျား ဘယ်အရာကို လုပ်လုပ်၊ လုပ်တိုင်း မပြတ် မလပ် သိမှတ်နေမှုသာ ဖြစ်ပါတယ်။ အဲ့ဒါကို ဘာဝနာ လို့ ခေါ်ဆိုတယ်။ စင်္ကြန်လျောက်တဲ့ ခဏ ၊ သတိ ~ အသိ နဲ့ လျောက်တယ်။ အဲ့ခဏမှာ လျောက်ခြင်း အပြည့်အဝ ရှိတယ်။ စားသောက် တယ် ဆိုတဲ့ ခဏ၊ သတိ၊ အသိ နဲ့ စားတယ်။ အဲ့ခဏမှာ စားခြင်း အပြည့်အဝ ရှိတယ်။ အလားတူ ~ ထ၊ ထိုင်၊ ရပ်သွား အရာအားလုံးမှာ သိမှု သတိ သာ အစဉ်ကပ်လျက် ရှိ နေတယ်။ သင့်ရဲ့ စိတ်သန္တာန်ဟာ ဒီ ပစ္စုပ္ပန် တခဏ ကနေ တစ်နေရာ တစ်ပါး ကို ပြေးမသွားဘဲ၊ ခဏချင်းမှာ မြဲမြံနေတယ်။ ပြည့်ဝ ငြိမ်ဆိတ်နေတယ်။ ဒါကို ဘာဝနာလို့ ကျွန်ုပ် ခေါ်ဆို ပါတယ်”

စင်စစ် ဘာဝနာ ဟာ ကျနော်တို့ ဘဝ ဖြစ်စဉ် လုပ်ငန်းတွေ ထဲမှာ သီးခြား လုပ်မနေရတဲ့ အရာ ပါ။ သိမှု အသိ နဲ့ ရှင်သန်နေတဲ့ ဘဝ ~ ဒီ ဘဝ တစ်ခုလုံးရဲ့ အမည် ဟာ “ဘာဝနာ” ဖြစ်ပါတယ်။ ဒ့ါကြောင့် တစ်နေ့ တစ်နာရီလောက် ပြုတဲ့ ဘုရားစင်ရှေ့ တရား ထိုင်နေ ရုံမျှ လောက် နဲ့ ဘာဝနာ ကို မတင်းတိမ် စေဖို့ ပြောလိုပါတယ်။

တစ်နေ့ တစ်နာရီပဲ ဘာဝနာ ပြုမယ် ဆိုပါစို့။ အဲ့ဒါဟာ ~ နောက်နေ့ ဆက်တိုးပွား ချင်မှ တိုးပွား နိုင်မယ် ဆိုတဲ့ အကြောင်း သိထားဖို့ လိုပါလိမ့်မယ်။ စင်စစ် တစ်နေ့ တစ်နာရီလောက်သာ ဘာဝနာ ပြုဖို့ ကြံရွယ်သူဟာ – တစ်နေ့တာ ရရှိတဲ့ နှစ်ဆယ့် လေးနာရီ မှာ နှစ်ဆယ့် သုံးနာရီ ကို အချည်းနှီး ထားရှိပြီး – တစ်နာရီကို သာ အသုံးပြုနေ တာ ဖြစ်ပါတယ်။ ဆိုပါစို့ – ခင်ဗျား တစ်ရက်ကို တနာရီစာ ဘာဝနာ ပြု မယ်။ ကျန်တဲ့ နှစ်ဆယ့်သုံးနာရီမှာ နေချင်သလိုနေမယ်။ ဒါဆို- အဖိုးတန်တဲ့ ဘာဝနာပြုချိန် တစ်နာရီစာ လေးဟာ အမှတ်သတိ မရှိ – အချည်းနှီး ဖြစ်တဲ့ – နှစ်ဆယ့် သုံးနာရီ အောက် မှာ တိမ်မြုပ် ပျောက်ကွယ် သွားတယ်။ အလဟဿ ဖြစ်သွား ပါလိမ့် မယ်။ ဘာဝနာ ဆိတ်သုဉ်းနေတဲ့ အခါ ဝင်ရောက်လာ နေကျ သမားရိုးကျ အမှိုက် အညစ် တွေဟာ ~ ကြိုးစားပမ်းစား ရရှိတဲ့ တစ်နာရီစာ အလေ့ အလာ ဖြစ်တဲ့ ခင်ဗျား ရဲ့ အဖိုးတန် ဘာဝနာ အမှု ကို ဖုံးအုပ် မြှုပ်ပစ် လိုက် ကြမှာပဲ။

ကျနော်တို့ အားလုံး – တစ်ရက် ကို နှစ်ဆယ့် လေးနာရီ ကိုယ် စီ ရကြပါတယ်။ ~ အဲ့ဒီ နှစ်ဆယ့်လေးနာရီ လုံးလုံး ဟာ သိမှတ်မှု မပြတ် ထုံမွှမ်း ထား ဖို့ပဲ။

တစ်နေ့ တစ်နာရီ ( ဝါ ) နာရီပိုင်း စသဖြင့်သာ ပွားများနေမယ် ဆိုရင် ~ ဒါဟာ – ဘာဝနာရဲ့ အဓိပ္ပာယ် ကို ကောင်းကောင်း နားမလည် သေး ဘူး လို့ပဲ ပြောရပါ လိမ့်မယ်။ နှစ်ဆယ့်လေး နာရီ ရှိတဲ့ အထဲ မှာ တစ်နာရီ လောက်သာ လုပ်ယူပြီး ~ ခင်ဗျား စိတ်က – ဘဝ သံသရာ ဒုက္ခ အပေါင်းက လွတ်မြောက်ဖို့ ဆိုတဲ့ စကားလုံး ကြီးကြီး – ကြံစည်ချက် – အကြီးကြီး မျှော်မှန်း ရင် – ခင်ဗျား ကိုယ်တိုင် က လောဘကြီးရာ ကျပါတယ်။ နည်းနည်း လုပ်ပြီး များများ လိုချင်နေတာပဲ ပြောရမှာပဲ။ တစ်နာရီ စာလောက် သာ အသိနဲ့ နေမယ် – နောက်ထပ် နှစ်ဆယ့် သုံးနာရီ ဘာမှ သိစရာ မှတ်စရာ မလိုဘဲ နေသွားကြမယ် လို့ ပြောတာနဲ့ အတူတူပဲ။ တစ်ရက် ကို တစ်နာရီ သာ အသက် ရှူပြီး၊ နောက် နှစ်ဆယ့် သုံးနာရီ – အသက်မရှူတော့မယ့် လူနဲ့ အတူတူ ပါပဲ။ တစ်နာရီစာ သာ ကောင်းကောင်း ကျန်းမာ အောင် နေပြီး၊ နောက်ထပ် နှစ်ဆယ့် သုံးနာရီ ဖျားနာ မကျန်းမမာ နေထိုင်သွားကြ မယ် လို့ ပြောတာနဲ့လည်း အတူတူပါပဲ။

တကယ်မှာ ~ ကျန်းမာ နေတာ နဲ့ ရောဂါဖြစ်နေတာ ဟာ အတွင်းသန္တာန်ရဲ့ ညီညွတ်မှု အပေါ်မှာ မူတည်ပါတယ်။ တစ်ရက် နှစ်ဆယ့် လေး နာရီ အပြည့် ကျန်းမာနေသူ ကို ကျန်းမာရေး ကောင်းသူ လို့ ခေါ်မယ်။ တစ်ချက် တစ်ချက် ထ ဖောက် တတ် နေ ရင် အဲ့ဒီ လူဟာ – ကျန်းမာနေသူ မဟုတ်ဘူးပဲ။ ရောဂါ မြုပ်နေသူသာ ဖြစ်မယ်။ တကယ် စင်စစ် ကျန်းမာနေတယ် ဆိုတဲ့ သူဟာ နှစ်ဆယ့်လေးနာရီ အတွင်း ဘယ်အချိန် မှာမှ ကျန်းမာရေး ချို့ယွင်း မနေတဲ့သူ သာ ဖြစ်ပါတယ်။ အလားတူ မိမိ ရဲ့ ဘဝ အသက် ရှင်သန်မှု အပေါ် တခဏချင်း မပြတ် သိမှတ်နေနိုင်သူသာ စင်စစ် အသက်ရှင်နေသူ ဖြစ်တယ်။ တစ်ရက် တစ်နာရီ ဘာဝနာပြုပြီး သိမှတ်နေမယ် ~ ကျန်နှစ်ဆယ့်သုံး နာရီ အလဟဿ ဖြစ်နေမယ် ဆိုရင် – သူဟာ တစ်နာရီသာ နိုးနေပြီး ကျန် နှစ်ဆယ့် သုံးနာရီ အိပ်ပျော်နေသူ ဖြစ်ပါတယ်။

ဘာဝနာရဲ့ မူရင်း အဓိပ္ပာယ် ကိုယ်၌က – မိမိရဲ့ နိစ္စဓူဝ ခဏတိုင်း အပေါ် – စဉ်ကာ ဆက်ကာ သိမှု သက်သက် အပြည့်အဝ ရှိနေဖို့ သာ ဖြစ်ပါတယ်။ ကျောင်းကန် ဘုရား၊ တရားတိုက်၊ ဗုဒ္ဓဂါယာ သွားမှ၊ ဘုန်းကြီးစာချမှ တရားရတာ မဟုတ်ဘူး။ တရားစခန်း ဝင်မှ ၊ ဘုရားစင်ရှေ့ ရောက်မှ – ဘာဝနာ ပြုနိုင်တာ မဟုတ်ဘူး။

ခင်ဗျား ဆိုင်ထဲမှာ၊ ခင်ဗျား အလုပ်မှာ၊ ခင်ဗျား အမျိုးသမီးနားမှာ၊ မိသားစု ရှေ့မှာ၊ ခင်ဗျား မေထုန်ြ ပုတဲ့ အချိန် ~ စသဖြင့်တို့မှာ လည်း ဘာဝနာ အပြည့်အဝ ရှိနေနိုင် ပါတယ်။ မိမိ ရှင်သန်မှု အပေါ် အမြဲ မပြတ်- ဘာဝနာ မစွဲကပ် ထားနိုင်သရွေ့ ~ တရားတိုက်၊တရားစခန်း အတွင်း သွားပြီး- ရုတ်ခြည်း အသိဥာဏ် လင်းပွင့် လာဖို့ ဆိုတာ မမျှော်မှန်း နိုင်ဘူးရယ်။ ဗောဓိဥာဏ် အလင်းဟာ အချည်းနှီး အလဟဿ ထ မဖြစ်ဘူး။ တစ်နာရီလောက်လေး ရုတ်ခြည်း ထိုင်ပြီး – အကြောင်းမဲ့ မပေါ်ပေါက်ဘူး။ ဒါ့ကြောင့် ဘာဝနာကို နှစ်ဆယ့်လေးနာရီ ပတ်လုံး ပွားများဖို့ ဗုဒ္ဓက တိုက်တွန်းခဲ့ တာ ဖြစ်တယ် လို့ ပြောရပါမယ်။

မဟာ ဝီရ ကို လူတစ်ယောက်က မေးတယ်။ “ဆာဒူး ဆိုတာ ဘာကို ခေါ်တာလဲ”

ဒီ မေးခွန်း ကို အများစု ဖြေဆိုတတ်ကြပေမယ့် – မဟာဝီရ ပြန်လည် ဖြေဆိုတဲ့ စကား ဟာ အများနဲ့ မတူ၊ တမူထူးခြား ပါတယ်။ “Asutta muni, sutta amuni” မအိပ်သူ ဟာ ဆာဒူး ဖြစ်ပြီး၊ အိပ်သူဟာ ဆာဒူး မဟုတ်ဘူး -လို့ ဆိုတယ်။ ဘယ်သူက မအိပ်တဲ့ သူ ဖြစ်ပါသလဲ။ စင်စစ် မအိပ်တဲ့သူ ဆိုတာ – မိမိ လှုပ်ရှားမှု၊ မိမိ သန္တာန် ဖြစ်ပေါ်မှု တိုင်းကို သတိမပြတ် ဘာဝနာ ထုံမွှမ်းနိုင်သူ ကို ဆိုလိုပါတယ်။ ဒီလို သတိမပြတ်ပြုနိုင်သူ၊ ဘာဝနာကောင်းကောင်း ထုံမွှမ်းနိုင်သူသာလျှင် လွတ်မြောက်မှု အစစ် ကို ရရှိတယ်။ ဘာသာ အစစ်ကို သိမြင်နိုင်စွမ်း ရှိတယ်။

………………….

Meditation means being in the moment, not leaving this moment. Someone asked Buddha, ”How shall we meditate?”

Buddha replied, ”Whatsoever you do, do it with awareness; this is meditation. Walking, walk attentively, as if walking is everything; eating, eat with awareness, as if eating is everything; rising, rise with awareness; sitting, sit with awareness; all your actions become conscious, your mind does not travel beyond this moment, it remains in the moment, settles in the moment – this is meditation.”

Meditation is not a separate process. Meditation is simply the name for life lived with awareness. Meditation is not an hour-a-day affair where you sit for one hour and then it is over till tomorrow. No, if twenty-three hours are empty of meditation and only one hour is meditative, then it is certain that the twenty-three hours will defeat the single hour. Non-meditation will win, meditation will lose. If you are living twenty-three hours a day without awareness, and only one hour with awareness, then you will never attain to the state of buddhahood. How can this single hour triumph over the other twenty-three hours?

There is something else that also has to be understood. How can one be aware for one hour if in the remaining twenty-three hours one is not aware? How can you be healthy for one hour if you are sick the other twenty-three hours of the day? Health and sickness are the result of an internal flow. If you are healthy for twenty-three hours of the day, you will be healthy for all twenty-four hours, because the internal flow cannot suddenly be broken for just one of those hours. The current that is flowing goes on flowing.

Meditation cannot come about just because you visit a temple or mosque or gurudwara.. If you were not awake in the shop, in the marketplace, or at home, how can you all of a sudden be awake in the temple? Nothing is going to come about suddenly, when it is not part of an internal flowing. This is why Buddha has said that meditation can happen only if you are meditative for twenty-four hours a day.

So understand well that meditation is not just one of life’s innumerable activities. It is not just one link in the chain of man’s endless doings. It is like the thread on which all the flowers of a garland have been strung. Meditation is a lifestyle, not an activity. If one is meditative in everything one is doing, if the thread is running through each of the flowers, only then a garland is created. The thread is not even visible, it is hidden underneath the flowers. Nor can the meditator be seen; he is present, but hidden behind all the activities being done through him. An individual is awakened the day when he begins to live meditatively. While he lives nonmeditatively, he sleeps.

Someone asked Mahavira what was the definition of a sadhu. Nobody else has ever given the answer that Mahavira gave. He said, Asutta muni, sutta amuni – the one who is not asleep is a sadhu, the one who is asleep is no sadhu”. Who is not asleep? The one whose every action is meditative is not asleep. Religion, liberation, is an experience that happens in such a wakeful consciousness.

……………………
May 3rd 2012 at 3:00 AM
…………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyah.blogspot.com/
…………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: