ဂေါဏေ သည် ဂေါဏော ၏ ~

How Can A Troubled Mind
Understand The Way?

ရှုပ်ထွေး ပူလောင်နေတဲ့ စိတ်ဟာ
လမ်းကို ဘယ်လို မြင်မလဲ~

စင်စစ် ရှုပ်ထွေးပူလောင်တဲ့ စိတ်ဟာ လမ်းကို မြင်မယ့် အစား၊ လမ်းကိုတောင် အမှောင်ဖုံး၊ ချေဖျက်ချပစ်တတ်သေးတယ်။

ဗုဒ္ဓရဲ့ အနီးအနားမှာ ပရိသတ်က ထောင်နဲ့ သောင်းနဲ့ချီ ရှိတယ်။ သစ္စာ တရား ရှာဖွေသူ တွေ အများဆုံး ရှိမယ်။ ထောင်ဂဏန်းနဲ့ ချီပြီး ဗုဒ္ဓ အပါး ချဉ်းကပ် တယ်။ ပြဿနာ ပုစ္ဆာပေါင်း အများအပြား မေး တယ်။ ဒါပေမယ့် ဒီအမေး ပုစ္ဆာတွေဟာ ဗုဒ္ဓ အတွက် အဓိက မဟုတ်ဘူး။ အဲ့ အမေးပုစ္ဆာတွေ အတွက် အဖြေတွေ ရှာပေး ဖို့ ဗုဒ္ဓ ရှိနေတာ လည်း မဟုတ်ဘူး။ ပြဿနာ ပေါင်း၊ မေးခွန်းပေါင်း မြောက်မြားစွာ နဲ့ ရှုပ်ထွေးနေ တဲ့ လူအများအတွက် – အဲ့ ပုစ္ဆာ တစ်ခုချင်း စီရဲ့ အဖြေတွေထက်- အားလုံး ကို ပြေရှင်း လွတ်မြောက် သွားစေမယ့် သဲလွန်စ ကို ညွှန်ပြပေး ဖို့ သာ ဖြစ်ပါတယ်။

လူသားတွေ ကြားထဲ အကြီးမား ဆုံး ပြဿနာ တွေ ထဲက တစ်ခု ကို ထုတ်ပါ ဆိုရင် ~ လူအများ ဟာ မိမိ ဘာသာ မေးခွန်းတွေ တရစပ် ထုတ် ရင်း၊ အဖြေပေါင်း မြောက်မြား စွာ ကြိုတင် စုဆောင်း တတ် တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ အကျင့် ကို လူ့အဖွဲ့အစည်း တိုင်း မှာ အစွဲ အမြဲ ထားရှိလေ့ ရှိတယ်။ လူတိုင်း မှာ အဲ့ဒီ စိတ်ကူး အတွေးတွေနဲ့ အဖြေတွေ သာ စုဆောင်း မျှော်လင့် ထားတယ်။ အဲ့လို အမေး ပုစ္ဆာတွေ ပြု၊ အဖြေ ကို တောင်းခံ၊ အဖြေ တစ်ခု ပြန်ရ ~ ပြဿနာ တစ်ခု ဖန်တီး။ ဒီ သံသရာ ကြားမှာ လူတိုင်း လိုလို မျောလွင့် တယ်။

အမေးပုစ္ဆာ တိုင်း အတွက် အဖြေတွေ ထပ်ဖြည့်ပေး မယ့် အစား၊ ဖြေရှင်းချက်တွေ၊ အဌကထာ ဋီကာ တွေ ထပ်ဖြည့်စွက် ပေးတဲ့ အစား ~ အဆင်သင့် စုဆောင်းပြီး အဖြေတွေ ကိုပါ ဖျက်ချ ရင်း၊ အနုမာန အယူအဆ တွေကို ထိုးခွင်း ဖယ်ချပစ်သူက ဗုဒ္ဓ ဖြစ်ပါ တယ်။ ဒါ့ကြောင့် လည်း အိန္ဒိယ ဟာ ဗုဒ္ဓကို ဘယ်လိုမှ ခွင့်မလွှတ်နိုင် ခဲ့တာ ဖြစ် တယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီး တာနဲ့ တစ်ပြိုင်နက်၊ အိန္ဒိယ နိုင်ငံရဲ့ အစဉ်အလာ ဓလေ့ ထုံးတမ်း တွယ်ညိ စိတ်၊ အယူအဆ လက်ကိုင် ထား စိတ်ဟာ – ဗုဒ္ဓ ပြုစု ပျိုးထောင် ခဲ့ တဲ့ အရာတွေ ကို မြေလှန် ဖျက်ဆီး ပစ်တော့ တယ်။ ဗုဒ္ဓ ကိုယ်တိုင် စိုက်ပျိုး ခဲ့တဲ့ – အဲ့ဒီ အိန္ဒိယမြေပေါ် က နှင်းဆီပန်းခင်း ပေါင်း များစွာ ဟာ မီးလောင် ပြာကျ သွားကြ တယ်။ အဲ့ဒီ တိုင်းပြည် ကနေ ဗုဒ္ဓ ဘာသာ ကွယ်ပျောက် သွားခဲ့ရ တာဟာ ကနေ့  အထိ ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓ ဟာ အိန္ဒိယ ပြည်ရဲ့ အထွန်းတောက်ဆုံး လူသား ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် အမှတ်အသား အားလုံး – အကာအကွယ်မဲ့ တိုက်ဖျက် ခံခဲ့ရတယ်။ ဗုဒ္ဓ ရဲ့ ညွှန်ပြ သွန်သင်ချက်တွေ ဟာ – တိုင်းတပါး မှာသာ ထောက်တည် ကပ်ရောက် နေရ တော့ တယ်။

ဒါဟာ မတော်တဆ ကြုံဆုံ ရတဲ့ ထူးထူးခြားခြား သမိုင်း ဖြစ်ရပ် မဟုတ်ပါဘူး။ လူ့သမိုင်းမှာ အမြဲတမ်း ဖြစ်နေတဲ့ ယေဘုယျ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါ တယ်။ ယေရှု ခရစ်ကို ဂျူး တွေ က ပြစ်တင်မောင်းမဲ တယ်။ ဒီ ဂျူးတွေပဲ ကားစင်တင် သတ်ဖြတ် ပစ်ခဲ့တယ်။ ဒါပေ မယ့် ယေရှု ခရစ်ဟာ ဂျူးတွေထဲကမှ ထိပ်ဆုံး၊ ကနေ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဂျူးတွေအများကြီး ထဲ အထွန်းတောက် ဆုံး ဖြစ်ပါတယ်။ ဒါပေ မယ့် အဲ့သည် အချိန်က သူ့ကို ဂျူးတွေ ဘာလို့ ငြင်းပယ် ခဲ့ကြသလဲ။ တကယ် က – သူတို့ လူမျိုးမှာ ရှားရှား ပါးပါး ပေါ်ထွန်းလာတဲ့ သူ့လို လူ အတွက် ဝမ်းသာ အယ်လှဲ ဖြစ်နေသင့်တယ် ။ အခြားလူမျိုးတွေထက် ကြီးမြတ်လှပါလားလို့ – ပျော်ပျော် ရွှင်ရွှင် အောင်ပွဲ ခံနေ သင့်တယ် မဟုတ် လား။ ဒါပေမယ့် သူတို့ မဖြစ်ခဲ့ဘူး။ အဲ့ဒါထက်- ခွင့်တောင် ခွင့်မလွှတ်နိုင်ခဲ့ဘူး။

ယေရှုခရစ် ရှင်သန် ရှိနေတာဟာ – သူတို့ အတွက် သိမ်ငယ် ကြောက်ရွံ့စရာ တစ်ခုလို ခံစားခဲ့ တယ်။ သူတို့ အတွက် အဖျက်အမှောင့် လို မြင်ခဲ့ကြတယ်။ ဒီလိုနဲ့ ယေရှု ခရစ်ဟာ သူတို့ အမြင်မှာ အပြစ်သား ဖြစ်သွားခဲ့တယ်။ ဒါ့ကြောင့် အပြစ်ပေးတယ်။ သတ်ပစ်တယ်။ ယေရှု ဘာများ လုပ်ခဲ့ လို့လဲ။ လက်ရှိ လောကရဲ့ အလွန် ကို ညွှန် ပြ ဖို့၊ လူအများရဲ့ စိတ်နှလုံးကို သိမ်မွေ့နိုင်ဖို့၊ ချမ်းမြေ့ တဲ့ အသိစိတ်နဲ့ ရှင်သန် တည်ရှိနေ ဖို့၊ မေတ္တာတရား ထုံမွှမ်း ထားနိုင်ဖို့ — ယေရှု သွန်သင် ခဲ့တဲ့ ဒီ အရာတွေမှာ ဘာအမှား ပါလို့လဲ။ ဒါပေမယ့် — သူ ရှင်သန်နေ တာကိုက — သူတို့အတွက်၊ ဂျူးတွေ အတွက် သိမ်ငယ်စရာ ဖြစ်နေခဲ့ပါတယ်။ ဂျူးတွေဟာ မိမိတို့ ကိုယ်ကိုယ် ယေရှု နဲ့ နှိုင်းယှဉ် တယ်။ ယေရှု မြတ်နိုး ဖွယ် ကောင်းသလောက် – သူတို့ သန္တာန်မှာ မရှိတဲ့ အခါ- မနှစ်လိုတဲ့ အကြည့်၊ မကျေလည်တဲ့ အမြင်၊ သိမ်ငယ် စိတ် အပြည့် အဝ၊ ကြောက်ရွံ့ စိတ် အပြည့်အဝ ခံစားခဲ့ကြရ ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ယေရှုခရစ်ဟာ လူပုံအလယ်မှာ ခဲနဲ့ အပေါက် ခံခဲ့ရ သလို၊ အသတ်လည်း ခံခဲ့ရတယ်။

ကြည့်ကြည့်ပါ — သူတို့ ခဲနဲ့ ပေါက်ခဲ့၊ ကားစင်တင် သတ်ခဲ့တဲ့ ယေရှုဟာ — သူတို့ လူမျိုးထဲမှာ -ကနေ့ခေတ်ထိ ထွန်းတောက်ဆဲ၊ အလေး အမြတ်ပြုဆဲ လူသား ဖြစ် ပါတယ်။ သူတို့ အသွေးအသား၊ သူတို့ လူမျိုး ဖြစ်တယ် ဒါကို — ဒီလောက်ထိ ဖြစ်စေ ခဲ့တဲ့ တရားခံဟာ စင်စစ် – ဂျူး လူမျိုး မဟုတ် ဘူး။ မိမိ အစွဲကို မိမိ သေ မလောက် ဖက်တွယ် ထားတဲ့ အစွဲစိတ်၊ အဲ့သည် ခေတ်အခါက ဘာသာ စွဲ၊ကျမ်းစွဲ စိတ်တွေ ကြောင့် သာ ဖြစ်တယ်။ ဒါ့ကြောင့် ယေရှုကို သတ်တာ- ဂျူးတွေမဟုတ်ဘူး။ အဲ့ဒီ အစွဲအလမ်း စိတ်သက်သက်။

အိန္ဒိယ မြေပြင်မှာ ဗုဒ္ဓ ဘာသာ ကွယ်ပျောက်သွားရခြင်း ဟာလည်း အလားတူပဲ။

ဟိန္ဒူတွေ အတွက် ဗုဒ္ဓဟာ ခွင့်မလွှတ်နိုင်စရာ ဖြစ်ခဲ့တယ်- ဒါအထင်အရှားပဲရယ်။ သေသေချာချာ ကြည့်ကြည့် ရင် – ဟိန္ဒူ တွေ ထဲကမှ ဗုဒ္ဓဟာ ကြီးမြတ်၊ မြင့်မြတ်တဲ့ လူသား၊ အဖြူစင်ဆုံး လူသား ဖြစ်ပါတယ်။ အဲ့သည် ခေတ် အခါ မှာ (ဗုဒ္ဓရဲ့ ငယ်စဉ် အမည်) သိဒ္ဓတ္တ လောက် – ဥပ နိသျှဒ်တွေ ဝေဒတွေ ထွင်းဖောက် ကျေညက် ခဲ့တဲ့သူ မရှိခဲ့ ဘူး လို့ ဆိုတယ်။ ယောဂကျင့်စဉ် အပါအဝင် အိန္ဒိယ အတွင်း က ဆရာ့ဆရာကြီးတွေ သင်နိုင်သမျှ တတ်မြောက် ခဲ့တာ ချည်းပဲ လို့ ဆိုတယ်။ ဒါဆို သူ ဟာ ဒီ အိန္ဒိယ အတွင်း ရှိရှိ သမျှ ပညာ ရပ်သားတွေ ကို ထုံးလို ချေနိုင်ခဲ့သူလို့ အကြမ်းဖျဉ်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲ့မြေမှာ အခု သူ မရှိတော့ဘူးပဲ။ သူနဲ့ သက်ဆိုင် သမျှ မြေလှန်ပြီး ပင်လယ်ထဲ ပစ်ချပစ်လိုက်သလို ပျောက်သွားတယ်။ အိန္ဒိယ တစ်ခွင်လုံးမှာ ဗုဒ္ဓရဲ့ သင်ကြား ချက် ဘယ်နေရာမှာမှ မထင် ကျန်နေတော့ဘူးရယ်။

ဗုဒ္ဓဘာသာ ဟာ အမိ အိန္ဒိယ မြေကနေ- သဲလွန်စ တစ်စ မကျန်- ပျောက်ကွယ် သွားပြီးတဲ့နောက်- အဝေးရောက် သွားခဲ့တယ်။ ဘာဖြစ်လို့ ပါလဲ။ ဗုဒ္ဓကို – ကနေ့ – တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ တိုင်းတပါး နိုင်ငံတွေမှာ- မြတ်မြတ်နိုးနိုး အလေး အမြတ် ထားရှိတယ်။ ဒီနိုင်ငံတွေ အားလုံးပေါင်း ကြည့်ပါ။ ဒါဟာ အာရှ တစ်ခွင်လုံးပဲ မဟုတ်လား။ အာရှ တစ်တိုက်လုံး ဗုဒ္ဓ ကို မြတ်နိုး ပူဇော်ကြ ချိန်မှာ – အမိမြေ အိန္ဒိယ ဘာဖြစ်ပြီး ကျန်ရစ်ခဲ့သလဲ။ အိန္ဒိယ မြေမှာ ဗုဒ္ဓ ဟာ ချေဖျက်၊ ဖျောက်ဖျက် ခံခဲ့ရတယ်။ သူ့ စကား အမြုတေ စတင် ပေါက်ဖွားခဲ့ရာ မြေမှာ – သူ့အကြောင်း ကို အားလုံးက မေ့ပစ်လိုက်ကြတယ်။

စင်စစ် အိန္ဒိယ ဆိုတာက ပြယုဂ် သက်သက် ဖြစ်ပါတယ်။ နောက်ကွယ် အကြောင်းခံက – အိန္ဒိယ ရဲ့ ဓလေ့ထုံးတမ်း၊ ကျမ်းကိုင် အစွဲ အလမ်း စိတ်၊ မနာလို ဝန်တိုစိတ်တွေ ကြောင့်ပဲ မဟုတ်လား။

စင်စစ် ဒီလိုမျိုး သမိုင်းမှာ ဖြစ်နေကျ လို့ ဆိုနိုင်ပါတယ်။ ဗုဒ္ဓ ဘာသာ – အိန္ဒိယ မြေ က ပျောက်ကွယ် ရခြင်းဟာ – အိန္ဒိယ ဖြစ်ခြင်း ကြောင့်နဲ့ မဆိုင် ဘူး။ လူတိုင်းမှာ ရှိတဲ့ – ရှိရင်း အစွဲကိုသာ ဘူးပိတ် တွယ်တာ စိတ်နဲ့ သာ ဆိုင်တယ်။

The mediocre mind never allows the genius;
အစွဲလမ်းစိတ်၊ ကျမ်းကိုး စိတ်တွေဟာ – ဖောက်ထွက်သူ တစ်ယောက်ကို ဘယ်တော့မှ ခွင့်ပြုလေ့ မရှိဘူး။

ဘာသာစွဲ ကျမ်းစွဲ တစ်ဦး ဟာ – အခြား အယူအဆတူ ဘာသာစွဲ၊ ကျမ်းစွဲ တစ်ဦး နဲ့ အတူ တကွ နေထိုင် ရမှ နေပျော် တယ်။ အရူးဟာ အရူးနဲ့ သာ နေပျော်တယ်။ ရူးသွပ်တဲ့ ပြည်သူတွေ ဟာ ရူးသွပ်တဲ့ ခေါင်းဆောင်နဲ့ သာ နေပျော်တယ်။ ခေါင်းဆောင် များများ ရူးလေ၊ ပြည်သူ များများ ပျော်လေ ပဲ ဖြစ်ပါတယ်။ အကြောင်းက – ခေါင်းဆောင်ဟာ သူတို့နဲ့ များများ တူလေ- သူတို့ သဘောခွေ့ လေ ဖြစ် လို့ပဲ။

…………………
The Dhammapada: The Way of Buddha.
…………………
May 7th 2012 @ 4:30 PM

https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
…………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: