ချမ်းမြေ့မှု ရှိမှ ဘာဝနာ ဟု ဆိုပါမည်

ဘာဝနာကို လူအများ လုပ်ဖို့ ခဲယဉ်းရခြင်းဟာ – ဘာဝနာ အပေါ် အမှတ်အယူ မှားနေလို့ သာ ဖြစ်တယ် လို့ ဆိုချင်ပါတယ်။ ဘာဝနာကို အဝေးမှာ ထားရင်း ငေး ရုံ သာ ရှိတဲ့ သူတို့ အနေနဲ့ ဘာဝနာဟာ လေးနက် လွန်းနေတဲ့ အရာ ဖြစ်နေ တတ် တယ်။ ဟိုးအမြင့်ကြီးမှာ -မမှီမကန်း- ရှိနေ တယ်။ မြင့်မြတ်ဖြူစင်နေပြီး မိမိ ကိုယ်ကိုယ်နဲ့ မထိုက်တန်တဲ့ အရာ တစ်ခုလိုများ ထင်မှတ် မိနေဟန် တူပါ တယ်။ ကျောင်းကန် ဘုရား၊ ဘုရားခန်း တွင်း ရောက်မှ ပွားများနိုင်တဲ့ အရာ ဖြစ် တယ် လို့ မြင်တယ်။

အဲ့ဒီ အမြင်နဲ့ – ဘာဝနာ ကို ပြုတဲ့ အခါ – သူတို့တွေရဲ့ သန္တာန် မှာ တင်းအား (ဝါ) အနှောင့်အယှက် ဖြစ်ပါတယ်။ ဘာဝနာ ပြုမယ် ဆိုတဲ့ အခါ လည်း ရုပ်သေ တွေ ဖြစ် သွား ရ တော့ တယ်။ လေးနက်ဟန် အပြည့်နဲ့ ခန့်ခန့် ဆန့်ဆန့် ကြီးတွေ ဖြစ်ဖြစ် သွားတတ်တယ်။ မိမိ တို့ သန္တာန်မှာ ရွှင်လန်းမှု မရှိ၊ နှစ်သိမ့်မှု မရှိ၊ နောက်ကျိ ထုံမှိုင်း နေ တယ်။ လေးနက်ချင်ရာ သန္တာန် ကနေ – တကယ့် အဖြစ်မှာ လေးပင် သွား ရတယ်။ အကြောင်းက – ဘာဝနာ ကို နား မလည် ခြင်း ကြောင့် လို့ ဆိုပါ မယ်။ နောက် တစ်ကြောင်း က – အခြား ဘာဝနာ ပြုကြ သူတွေရဲ့ ဟန်ပန် ကို အတုပြု လိုစိတ် အများအားဖြင့် ရှိ နေတာ ကြောင့် လည်း ဖြစ်တယ်။

ရွှင်လန်းမှု၊ ချမ်းမြေ့မှု၊ နှစ်သိမ့်မှု ဆိုတာတွေဟာ ဘာဝနာရဲ့ အရည် အသွေး တွေ ဖြစ်ပါတယ်။ ဘာဝနာ အစစ် အမှန် ပွားများ ထားသူဟာ – ရွှင်လန်းမှု ရှိ တယ်။ ပေါ့ပါး လန်းဆန်းမှု ရှိတယ်။ ဘဝဟာ ပျော်ရွှင် စရာ အတိ ဖြစ် ကြောင်း – ဘာဝနာ ကောင်းကောင်း ထုံမွှမ်းနိုင် ချိန်မှာ သိမြင် နိုင်တယ်။ ဘာဝနာ ပြုသူ ဟာ – ချမ်းမြေ့ မှု ပြည့်ဝ တဲ့ မိမိ သန္တာန် နဲ့ ~ ဘဝ ကို ကစားပွဲ တစ်ခု လို မိမိ ဘာသာ ငြိမ်ဝပ် စောင့်ကြည့် နေ သူ သာ ဖြစ် ပါတယ်။

ဘာဝနာ အစစ်အမှန် ပွားများ ထားသူ မှန်ရင် – သူဟာ မျက်မှောင် ကုတ် လေးနက် နေတဲ့ သူ မဟုတ်ဘူး။ အပြည့်အဝ ချမ်းမြေ့ လန်းဆန်း နေသူ သာ ဖြစ်တယ်။ ဒါကို မမေ့လျော့ဖို့ လိုပါတယ်။ သူ့အတွက် ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ် အခြေ အနေ ဆိုတာ အရေးမကြီးဘူး။ အခြေအနေ တိုင်း၊ အချိန်တိုင်း ဟာ ဘာဝနာ ပြုဖို့ လုံလောက် တယ်။ ဘာဝနာ နဲ့ မိမိ ခဏကို မပြတ် အသိရှိ နိုးကြားတယ်။ ဘာဝနာ ရှိနေသူဟာ ဘဝကို အသိ ရှိရှိ နိုးကြား ရှင်သန် နေသူသာ ဖြစ်တယ်။

ချမ်းမြေ့မှု မရှိတဲ့ ဘာဝနာ ဟာ ဘာဝနာ အစစ် မဟုတ်သလို၊ ဘာဝနာ မပါတဲ့ ချမ်းမြေ့မှု ဟာ ချမ်းမြေ့မှု အစစ် မဟုတ်ဘူးရယ်။

Millions of people miss meditation because meditation has taken on a wrong connotation. It looks very serious, it looks gloomy, it has something of the church in it; it looks as if it is only for people who are dead or almost dead, who are gloomy, serious, have long faces – who have lost festivity, fun, playfulness, celebration. These are the qualities of meditation. A really meditative person is playful; life is fun for him, life is a leela, a play. He enjoys it tremendously, he is not serious, he is relaxed.

…………………
May 9th 2012 @ 10:00 AM
…………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyah.blogspot.com/
…………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: