ရွှင်မြူးခြင်း သည် ဘာသာ၏ အခြေခံ

ရှိတဲ့ ဘာသာရေး အများစုမှာ ဟာသ (ရယ်ရွှင်မှု) ကို အခြေခံ တစ်ရပ် အနေနဲ့ ဘယ်လိုမှ လက်ခံ လေ့ မရှိဘူး။ ဘာသာရေး တံဆိပ် အများစု ရဲ့ အခြေခံ မှာ ဟာသ မပါဝင် ဘူး။ သူတို့မှာ – သနား ကရုဏာ ဆိုတဲ့ နာမည်ကောင်း တပ်ထား တဲ့ အခြေခံ အချို့ ရှိတယ်။ – “လောကသား တွေ ဟာ သနား စရာ ကောင်း လိုက် ပါဘိ” ဆိုတဲ့ အိုစာ တဲ့ အကြည့်အမြင် သာ အများ ဆုံး တွေ့ ရ ပါလိမ့် မယ်။ ဟာသ ကိုလည်း အများစု က ပေါ့သွမ်း တယ် လို့ မြင်လေ့ ရှိတဲ့အခါ – ဘာသာရေး အများစုမှာ – ဟာသ ဟာ အပစ်ပယ်ခံ အရာ ဖြစ်သင့်တယ် လို့ လွယ်လင့် တကူ လက်ခံကြတယ်။ ဒီ အကြောင်း ကြောင့် နဲ့ပဲ – လေးနက် ဖြူစင် တဲ့ ဘာသာရေးမှာ ဟာသ ကင်းဆိတ် နေ တတ် တာ ဖြစ် ပါတယ်။

ဘာသာရေး ဟာ နှလုံး ရွှင်လန်းမှု ဆိုတဲ့ ဟာသ မပါဝင်ရဘူး – လေးနက်နေမှ – အိုစာနေမှ – တည်တည် တောင့် တောင့် ဖြစ် နေ မှ လို့ ဘယ် အကြောင်း ကြောင့် များ ခံယူ တတ် ရ သလဲ။ အဲ့ဒီလို – ဟာသ အမြင် ကို ပစ်ပယ်တဲ့ ဘယ် ဘာသာ ကို မဆို ကျနော် ပစ်ပယ် ပါတယ်။

ရယ်ရွှင်မှု ဟာသ အစစ်အမှန် ဟာ အကြောင်းတရားတွေက ကင်း ဆိတ်နေ ရတယ်။ ဆိုပါစို့ – တွေးတော မိရင်း ရယ်မော လာတဲ့ – ဟာသ တစ်ပုဒ် ဟာ စင်စစ် ဟာသ မဟုတ်ဘူး- အရုပ် ဆိုး တဲ့ ပျက်လုံး တစ်ခုသာ ဖြစ်ပါတယ်။ ဒါဟာ သာမာန် ဖြစ်ရိုးဖြစ်စဉ် ရယ်မောခြင်း သက်သက်။ အခြားသူ တစ်ဦး တစ်ယောက် ကို ကြည့်ပြီး ရယ် မယ် – အခြားတစ်ပါးသူရဲ့ လုပ်ရပ် ကို ကြည့်ပြီး ရယ်ရွှင်မယ် ဆိုတာ ဟာလည်း အရုပ် ဆိုး နေသေး တယ်။ စင်စစ် တိတ်ဆိတ် ငြိမ်သက်တဲ့ မိမိ သန္တာန် အတွင်း က ထွက်ပေါ် လာတဲ့ ရယ်ရွှင်မှု သာ – ဟာသ အစစ် အမှန် ဖြစ် ပါ တယ်။ သူ့မှာ အကြောင်း တရား ပြ စရာ မရှိဘူး။ ခင်ဗျား ရွှင်လန်းမှုဟာ ရွှင်လန်း နေမှု သက်သက်ပဲ။ ခင်ဗျား တစ်ချက် တစ်ချက် ဟား တိုက် ရယ်ရင် – လူအများကလည်း သိချင်ကြ တယ်- လာမေးမယ် – “ဘာကြောင့် ရယ်သလဲ”။ —

အကြောင်းပြ ချက် ပေးမှ “ရယ်” လို့ ရ တာ ဟုတ် သလား။ ခင်ဗျား အကြောင်းပြ ချက် မပေးနိုင်ဘဲ ရယ်နေ ရင် – ခင်ဗျားကို ဂေါက်နေတယ် လို့ အလွယ် တကူ သတ်မှတ် ပစ်လိုက်ကြမယ် မဟုတ်လား ~ ဒါကို ခင်ဗျား လည်း သိပါ တယ်။ အကြောင်းပြချက် မရှိဘဲ မရယ်မော ရဲဘူး။ မိမိ ကိုယ်တိုင်လည်း အကြောင်း မဲ့ ရယ်မော ရတာကို ရှက်ရွံ့တယ်။

အဲ့လို – အကြောင်းမဲ့ – ရယ်မော နေနိုင် ခွင့် – လူ အများ အတွက် ခက်ခဲနေ တတ်တာ ဟာ ~ အဲ့ဒီ လို -“အမြဲတမ်း အကြောင်း တရား ရှာရင်း စိတ်ကျေနပ် နေ လို တဲ့” လူတွေရဲ့ (ဝါ) ပတ်ဝန်းကျင် တစ်ခုလုံး ရဲ့ စရိုက် တွေ ကြောင့် သာ ဖြစ် တယ်။

စင်စစ် မိမိ သန္တာန် အတွင်း ငြိမ်းအေး ရွှင်လန်း နေသူ ရဲ့ ရယ်ရွှင်မှု ဟာ ရယ်ရွှင်မှု သက်သက်မှာ တင် ပြည့်စုံ ပါတယ်။ သူ့ မှာ အကြောင်း တရား မလိုဘူး။ အကြောင်း ရှိမှ ရယ်ရွှင်နေ မှာ မဟုတ်ဘူး။ သူ့ ရယ်ရွှင်မှု မှာ- လေးပင်နေ မှု (Seriousness) မရှိ၊ ရယ်ရွှင်ဖွယ် အကြောင်း တစ်ရပ် ဖြစ် ပေး နေ ဖို့ မလိုအပ်ဘူး။ သူကိုယ်တိုင်ရဲ့ ဘဝ တစ်ခု လုံး ဟာ အပြည့် အဝ ရယ်ရွှင်မှု စရာ အဖြစ် ရှိနေတာ သက် သက် ဖြစ် ပါတယ်။

ကြည့်ကြည့်ပါ ~ စင်စစ် ရယ်မော နေချိန် မှာ ဖြစ်ဖြစ်၊ နှာချေနေ ချိန် တည့်တည့် မှာ ဖြစ်ဖြစ် – ခင်ဗျား သန္တာန် အတွင်း က အတွေး၊ အကြံ၊ စိတ်ဆန္ဒတွေ ခေတ္တ ရပ်တန့် မိသွား ကြောင်း တွေ့ ရ လိမ့်မယ်။ – (ခင်ဗျား အပြည့်အဝ ကြည်ကြည် လင်လင် ရယ်မော နိုင်ချိန်ဟာ – ခင်ဗျား နှာချေတဲ့ အချိန် နဲ့ နီးပါး တူညီ တယ်။) အဲ့သည် အချိန်မှာ – စောင့်ကြည့် သိ နိုင်ရင် – ပေါ့ပါး လန်းဆန်းမှု ရှိနေတဲ့ ခဏလေး ကို ခင်ဗျား မြင်ရ ပါလိမ့်မယ်။ ဘဝ ရှင်သန်မှုရဲ့ အရသာကို အဲ့ အချိန် စက္ကန့်ပိုင်း ခဏလေး မှာ ဘယ် အကြောင်းတရားမှ ရှာစရာ မလိုဘဲ – ခံစား သောက်သုံး ကြည့်နိုင် တယ်။

ဒါပေမယ့် အများအားဖြင့် အဲ့ခဏကို မေ့နေ တတ်ပါတယ်။ သတိ မမူ မိ ဘဲ ရှိ နေ တတ် တယ်။ တစ်ခါ တစ်လေ မှာ ရယ်ရွှင် တယ်။ စိတ်လက် ပေါ့ပါး နေတယ်။ ဒါကိုပဲ- ယစ်မူး နေ ရင်း သာယာ မက်မော နေတတ် တယ်။ ~ စင်စစ် ဟာသ က ရုပ်ဆိုး တာ မဟုတ်ပါဘူး။ အဲ့ဒီ လို သတိလက်လွတ်၊ ယစ်မူး၊မက်မော ရင်း – “နောက် ဟာသ တစ်ခု ကို မျှော်လင့် မိချိန်” မှသာ – ဟာသ ဟာ ရုပ်ဆိုး အကျည်းတန် သွားရ တာ ဖြစ် ပါ တယ်။

– အပြည့် အဝ ရယ်ရွှင်နေရုံ သက်သက်ကို – သတိနဲ့ မပြတ် စောင့် ကြည့် ကြည့်ပါ။ အဲ့အချိန် မှာ ဘာဝနာ ပွားများ ရ အလွယ်ကူ ဆုံး ဖြစ်ပါတယ်။

ဒါ့ကြောင့် – ဆိုပါစို့ ~ ဘာသာတရား တွေ မှာ – ဟာသ ကို ပစ်ပယ် ထားရင် – အဲ့ ဘာသာတရား ကိုလည်း ကျနော် ပစ်ပယ် ပါတယ်။ ဇင်မှာ ဆိုတတ် တဲ့ စကား တစ်ခွန်း ရှိတယ်။ –

A religion without laughter… a God who cannot laugh and dance and sing is not worthy of being God. Send him to hell!

“ရယ်ရွှင်မှု မရှိနိုင်တဲ့ ဘာသာ (ဝါ) ရယ်ရွှင်မှု မရှိနိုင်တဲ့ ဘုရားသခင် ဟာ ဘာသာအဖြစ်၊ ဘုရား သခင် အဖြစ်နဲ့ မထိုက်တန် ဘူး။ သူ့ကို ငရဲသာ ပို့ပစ်ပါ” လို့ဆိုတယ်။
…………..
May 14th 2012 @10:45 AM
…………..
http://zayya.blog.com
https://zayya.wordpress.com
http://zayyah.blogspot.com
………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: