မျှော်လင့်ချက် (ဝါ) ပန်းတိုင် သည် ရှင်သန်ရန် အကြောင်း မဟုတ်

ဘဝ (ဝါ) ရှင်သန်နေမှု ဟူသည် မည်သည့် ပန်းတိုင်သို့မျှ ဦးတည် သွားနေခြင်း မဟုတ်။ မည်သည့် ပန်းတိုင် ကမျှ ဘဝ ကို ရှေ့ဆောင် မောင်းနှင် ထားသည် မဟုတ်ပေ။

ဤသည်ကို သိရှိ နားလည် ပါလျှင် ဘဝ ကျရာ ခြေလှမ်း တိုင်းကို “ကြောက်ရွံ့မှု၊ စိုးထိတ်မှု” ကင်းစွာ လျောက် လှမ်းနိုင် ကြောင်း မြင် သိရမည် ဖြစ်သည်။

စင်စစ် “ဘဝတွင် ကျရှုံးမှုများ ချည်းသာ” ဟု ထင်မြင်၍ စိတ်နှလုံး ညှိုးငယ်နေသူ သည် ဘဝ၌ ပန်းတိုင် တစ်ခု ထားရှိ၍ ဦးတည် သွားခဲ့ ဖူးသူ၊ သွားနေသူ သာ ဖြစ်သည်။ သို့သော် – ဘဝ သည် အောင်မြင်မှု လည်း မဟုတ်၊ ရှုံးနိမ့်မှုလည်း မဟုတ် ကြောင်း သိရန် လိုပါသည်။ ဘဝ သည် “ရှင်သန်မှု၊ အပြည့် အဝ နေထိုင် ကြည်လင်နေမှု” သာ ဖြစ်သည်။

ထိုအခါ – မိမိ ရရှိသည့် ယခုခဏ သည် – “ယခု ခဏ” အတွက် သာ ဖြစ်သည်။ မည်သည့် အနာဂတ် တစ်နေရာကိုမျှ ဦးတည် မနေပေ။ ဆန္ဒ ရှိသော ပန်းတိုင် တိုင်းသည် အနာဂတ် အချိန်ကို လိုအပ်သည်။ စင်စစ် မိမိတို့ ရရှိနေသည်မှာ – ယခု ခဏ – သာ ဖြစ် ပါသည်။ လက်ဝယ် ရရှိထား သည့် “ယခုခဏ” ကို မရောက် လာသေးသည့် နောက် “တခဏ” အတွက် မစတေး၊ မချေဖျက်၊ မဖယ်ရှား သင့်။

“ခဏတိုင်းသည် စိန်တစ်ပွင့် ကဲ့သို့ အဖိုးထိုက် တန်သည်။” ဤ စကားကို ပညာရှိ ပုဂ္ဂိုလ် အများ ဆိုလေ့ ရှိသော် လည်း — နောက်နောင် ခဏများ အတွက် – “ယခုခဏ” အပေါ် နင်းချေ ပစ်ကြ ရန် သာ အများစု အားသန် ကြသည်။ မရောက် မရှိ သည့် နောက်နောင် အတွက် – လက်ရှိ ရှိနေသည့် ခဏကို ဖျက်ပယ် ခြင်း သည် စင်စစ် အဓိပ္ပာယ် မရှိပေ။ ခဏတိုင်း ကို တစ်စစီ သီကုံး ၍ အသိ အပြည့် အဝ ရှင်သန် လျှင် – ထိုသူ သည် ယခုခဏ တွင်ပင် ပန်းတိုင် ရှိနေသူ သာ ဖြစ်သည်။ ထိုသူ အတွက် – ဘဝ သည် ရှည်ဝေးသော – အဆုံးသတ် ပန်းတိုင် ဖြင့် မရေ မရာ ရပ်တည် မနေ။ ဆက်ကာ ဆက်ကာ အသိ သက်သက် ကြည်လင် နေခြင်းသာ ရှိသည်။ သို့ဖြစ်၍ မရဏ သည်လည်း ဝင်ရောက် လာ နိုင်ခြင်း မရှိပေ။

“လူအများ ၏ ဓလေ့ အရ – ဘဝကို ပန်းတိုင် ကိုယ်စီဖြင့် သတ်မှတ် ထားခြင်း” ဟူသည် – ကျရှုံးမှု၊ စိတ် ကစဥ့် ကလျား သန္တာန် တို့ကို ဖြစ်ပွားစေ သည့် အဓိက အကြောင်းရင်း ဖြစ် သည်။

စေ့ငှကြည့်ရန် လိုပါသည်။ “အဆုံးသတ် (ဝါ) ပန်းတိုင်” ၏ အခြား ဝေါဟာရမှာ – နိဂုံး ဖြစ် သည်။ သေခြင်း တရား ဖြစ် သည်။ မရဏ ဖြစ်သည်။ လူတို့ သည် မရဏ ကို မလိုလားသော် လည်း ဘဝ ကို ပန်းတိုင် တစ်ခုဖြင့် ပုံသွင်း ရခြင်း ၌ အလေ့ အလာ ထုံ သည်။ ပြည့်ဝ သော အဖြစ် (Perfection) ကို မျှော်လင့် စောင့်စား တတ်သည်။ စင်စစ် ဂရုပြု သင့်သည်မှာ – Perfect ပြည့်ဝမှု ဟူသည် ကလည်း- သေခြင်းတရား ၏ အနက် သာ ဖြစ် သည်။

မိမိ ရှင်သန်ရာ ခဏသည် ခဏတိုင်း အသစ်ဖြစ်ကြောင်း၊ ယခု တခဏသည် – ယခင် တခဏနှင့် မတူသလို၊ ရှေ့တစ်ခဏ လည်း မဟုတ် ကြောင်း သိမြင်သူ သည် – ပြည့်ဝမှုကို စိုးစဉ်းမျှ ထည့်သွင်း မထားတော့ပေ။ ခဏ တိုင်း အပေါ် အသိ၊ သတိ (အပ္ပမာဒ) မပြတ်လပ် ပါလျှင် – နေထိုင်သည့် ခဏတာ သည် ပြတ်တောက် ကြည်လင် လျက် ရှိကြောင်း သိသည်။ ဆိတ်ငြိမ်သော သန္တာန်ဖြင့် သာ ရှုမြင် နေထိုင် သည်။ ထိုသူ အတွက် – ပြည့်ဝခြင်း (Perfection) ကို လိုအပ်မနေ။ စိတ် ရွှင်လန်း မှုဖြင့် ပကတိ ချမ်းမြေ့နေမှု သာ အထင် အရှား တည်ရှိသည်။

ခဏတိုင်း ကြည်လင်မှု ဖြင့် အသိ၊ သတိ ဖြင့် နေထိုင်ခြင်း သည် သာ ၎င်း၏ ပန်းတိုင် ဖြစ်သည်။ (ဝါ) ဤခဏသည်သာ ဤ ခဏ ၏ ပန်းတိုင် ဖြစ်သည်။

ထို့ကြောင့် – ထိုသူ နေထိုင်ရာ – ခဏတိုင်းတွင် – ကျရှုံးမှု၊ စိုးထင့် မှု၊ ပန်းတိုင် ရောက် လိုမှု ဇော ဟူသည့် စိတ် ကစဥ့်ကလျား ခံစားချက် ဟူသမျှ တို့သည် ၎င်းသန္တာန် တွင် မဖြစ်ပေါ်။ ၎င်း အပေါ် မည်သို့မျှ ဝင်ရောက် နှောင့်ယှက်ခြင်း မပြု နိုင်တော့ပေ။

………………
~ On Meditation.
………………
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: