အဿဒ္ဓေါ ~

“ယော – အကြင်ပုဂ္ဂိုလ်သည်၊ အဿဒ္ဓေါ -ယုံကြည်မှု သဒ္ဓါ တရား မရှိ၊
သ သော ဝေ၊ စင်စစ် ထိုပုဂ္ဂိုလ်သည်၊ ဥတ္တမ ပေါရိသော – ယောင်္ကျားမြတ်(ဝါ) ပုဂ္ဂိုလ်မြတ် ဖြစ်၏။”

ဒီ ပါဠိနဲ့ အနက်ကို ကြည့်ရင် — ဘာမှ မယုံတဲ့သူက ယောင်္ကျားမြတ် ပုဂ္ဂိုလ်မြတ် ဖြစ်တယ်လို့ ဆိုလိုဟန် ပေါက် တယ်။ စင်စစ် အဲ့ အဓိပ္ပာယ် မဟုတ် ဘူး။ – ဘာကိုမှ မယုံဘူးကွာ ဆိုတဲ့သူ ဟာ ယုံကြည်တဲ့ အဖြစ် ကို ငြင်းဆန် နေတဲ့ သူ (တနည်း) ယုံကြည်မှု ၊ မယုံကြည် မှု အဖြစ် ကို မိမိ ဘဝ အတွင်း ထည့်သွင်း ထားသေး သူ ဖြစ်ပါတယ်။ အဲ့ဒီ အမြင်နဲ့ ဒီဂါထာ ကို နားလည်မယ် ဆိုရင် – လိုရင်း မရောက် ဘဲ လွဲ ပါလိမ့်မယ်။ သူ့ရဲ့ ဆိုလိုရင်း က အဲ့အတိုင်း မဟုတ်ဘူး။

နောက်တစ်ပိုဒ် ရှိသေးတယ်။

“ပဋိဘာန ဥာဏ်ထင်ပြီးနောက် –
နသဒ္ဓေါ နဝိရဇ္ဇတိ၊
သဒ္ဓေါ၊ ယုံကြည်သည့် သဒ္ဓါတရားသည်လည်း၊ နဟောတိ၊ မရှိတော့။ “

ဒါဆို ဒီဂါထာ အရ- ဘာကိုမှ မယုံကြည်ရဘူး လို့ မိန့်ဆို ထား တာလား မေးစရာ ရှိပါတယ်။ အဲ့အတိုင်းဆို ဘာ ကိုမှ မယုံကြည် ရဘူးလား။ အိုခေ- ဒါဆို ဘာကို မှ မယုံတော့ပါဘူး ဆိုတဲ့အခါ- အများအားဖြင့် – အဲ့ဒီလူရဲ့ သန္တာန် မှာ – အရာရာ ကို စတင် ငြင်းပယ် တော့ တယ်။ အဲ့ဒါ ကလည်း သူပြောငါပြော၊ စာပြောတွေလည်း ယုံမယ် ဆိုတဲ့ အစွန်းတစ်ဘက်ရဲ့ – အခြား အစွန်းတစ်ဘက် ဖြစ်ပါတယ်။ — သူ့ရဲ့ သဘော က – ဘာဆို ဘာမှ လက်မခံဘူး – အရာရာကို အငြင်း မျက်လုံးနဲ့သာ ကြည့်မယ်။ သူ့ရဲ့ အတွင်းစိတ်မှာ – အငြင်းစကား သာ ရှိနေတယ်။ အဲ့ဒီ အဖြစ်ကလည်း လွဲမှား တယ်လို့ ဆိုလိုပါတယ် ။ ဒီဂါထာရဲ့ ဆိုလိုရင်းက အဲ့အတိုင်း မဟုတ်ဘူး။

ဘာကို မှ မယုံဘူး ဆိုတာ – ငွေစက္ကူ တစ်ချပ်ရဲ့ တစ်ဘက် စာမျက်နှာပဲ ရှိတယ်။ ဘာမှ မယုံ တဲ့ အဖြစ်ကြောင့် – မယုံရုံတင် ရပ်နေရင် – နောက် တစ်ဘက် စာမျက်နှာ လိုအပ်တယ်။ အများအားဖြင့် – ဘာမှ မယုံဘူး ဆိုတဲ့ သူဟာ — အရာရာ ကို ငြင်းပယ်တယ်။ အဲ့ မျက်နှာ စာ တစ်ဘက် နဲ့ သာ ထင်ကျန် ကျေ နပ် နေ တယ်။ နောက် တစ်ဘက် ကို မဖြည့်ဆည်းဘူး။ အဲ့အခါ – ခေါင်း သာ ရှိပြီး၊ ပန်းမပါတဲ့ ဒင်္ဂါးပြား လို ဘာမှ အသုံး မဝင်တဲ့ အရာ သာ ဖြစ် ပါတယ်။ ကျောဘက် သာ ရှိပြီး ရင်ဘက် မပါတဲ့ ငွေစက္ကူ တစ်ချပ်လို့ – အသုံး မဝင်ဘူး။ အခြား တစ်ဘက် စာမျက်နှာ လစ်ဟာ နေတယ်။ အကျိုး မရှိဘူး။

စင်စစ် အထက်ပါ ဂါထာ တို့ရဲ့ အနက် ဟာ ရည်ရွယ်ရင်း မသိဘဲ တိုက်ရိုက်ပြန် တဲ့ အနက်သာ ဖြစ်တယ် လို့ မဟာစည် ဆရာတော် က ဆိုတယ်။ စင်စစ် သူ့ရဲ့ အနက်က – “တစ်ပါးသူကို ယုံကြည်ခြင်း မယုံကြည်ခြင်း ထည့်သွင်း မဆိုဘူး၊ ပြောမနေဘူး၊” သူ့ရဲ့ အခြား တစ်ဘက် – “ကိုယ်တိုင် တွေ့ပြီး သိတဲ့ ဥာဏ်နဲ့ ပြည့် စုံအောင် ဆောက်တည်တယ်” လို့ သာ အဓိပ္ပာယ် ထွက်တယ်။

ဆရာတော် ထုတ်ပြတဲ့ ဥပမာ တစ်ရပ် ကို ဒီမှာ ဆိုပါမယ်။

ဂေါတမ ဗုဒ္ဓက အရှင်သာရိပုတ္တရာကို တစ်နေ့မှာ အမေးစကား ဆိုတယ်။

“သာရိပုတ္တရာ၊ သဒ္ဓိနြေ္ဒ ကို ပွားများရင်၊ အမတောဂဓံ အမတပရိယောသာနံ – သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို ဆိုက်ရောက်တယ်၊ သေခြင်းကင်းတဲ့ နိဗ္ဗာန်မှာ အဆုံးသတ်တယ်။ အဲ့ဒါ ကို သင်ယုံရဲ့လား”

ရှင်သာရိပုတ္တရာက – “အရှင်ဘုရား၊ အရှင်ဘုရားရဲ့ အဲ့အဆိုကို တပည့်တော် ယုံကြည်မနေပါ။”

ဒီ အဖြေ ကို ကြားတဲ့အခါ – ပုထုဇဉ် ရဟန်းတွေက ရှင်သာရိပုတ္တရာကို အထင်လွဲကုန်ကြတယ် လို့ ဆိုပါတယ်။ စင်စစ် ရှင်သာရိပုတ္တရာ က မျိုးနွယ် အားဖြင့် ဗြဟ္မဏ မျိုး။ ဗြဟ္မဏ ဝါဒ အစွဲသန်တဲ့ လူတွေ အကျင့်က – ဗုဒ္ဓတရားကို ယုံဖို့ ဆိုတာ ခဲယဉ်းတယ် – ဒါ့ကြောင့် ရှင် သာရိပုတ္တရာ ဟာလည်း ဗုဒ္ဓ စကား ကို မယုံသေးဘူးပဲ လို့ တွက်တယ်။ – စိတ်ကွက် ကြတယ်။ ဒါပေမယ့် ရှင်သာရိပုတ္တရာရဲ့ အဖြေ ဟာ ယုံကြည် တာလည်း မဟုတ် သလို – မယုံကြည် ငြင်းပယ်နေတာလည်း မဟုတ်ဘူး။ သူ့ရဲ့ စကားဟာ — “ယုံတာ၊ မယုံတာရဲ့ အလွန် မှာ ဖြစ်ပါ တယ်။- ယုံခြင်း မယုံခြင်း ကို ထည့်သွင်း ထား မနေဘူး၊ ကိုယ်တိုင် တွေ့ပြီးသား ဖြစ်တယ်” – အဲ့ဒါဟာ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း ဗုဒ္ဓ က ဓမ္မပဒ မှာ ဂါထာ တစ်ပုဒ် နဲ့ ချီးကျူးတယ်။ အဲ့ ဂါထာ ဟာ ဒီပို့စ်ရဲ့ ပထမ ဂါထာပုဒ် ဖြစ်ပါ တယ်။

အလားတူ – နောက် ဥပမာ အားဖြင့် – ရန်ကုန် မရောက်ဖူးတဲ့ သူ ရှိတယ် ဆိုပါစို့။ သူက – ရန်ကုန် ရှိကြောင်း သတင်းစကား တွေကို ကြည့် တယ်။ ဂျာနယ်၊ စာစောင် တွေ ဖတ် တယ်။ သွားရောက်လည်ပတ်ဖူးသူ တွေကို ကြည့်ပြီး တွက်ချက် ခန့်မှန်း နေ တယ်။ ကျိန်းသေ တာက ရန်ကုန် ကို သူ အချက်အလက် တွေ က လွဲရင် ကိုယ်တိုင် မရောက်၊ မသိသေးဘူးပဲ။ နောက်တော့ – အဲ့လူဟာ ရန်ကုန် ကို ရောက် လာ တယ်။ နကို မှတ်သားဖူး တာတွေ နဲ့ တူတာတွေ ရှိ၊ မတူတာတွေ ရှိ၊ တိုက်ဆိုင် စိစစ် နိုင်တယ်။ ရန်ကုန် ရောက်မှန်း ဘဝင် တကျ သိတယ်။ အဲ့ လူကို တစ်နေ့ မှာ အခြား လူတစ်ယောက်က – “ဟေ့လူ။ ရန်ကုန်ဆိုတာ ရှိတယ်ဗျ။ ခင်ဗျား ယုံပါ သလား” လို့ မေးရင် — သူ့ အနေ နဲ့ ပြန်ဖြေ မှာ က -“ရန်ကုန် ရှိတယ် ဆိုတာကို ကျနော် ယုံနေတာ မဟုတ်ပါဘူး” လို့ပဲ ပြန်ဖြေ ပါလိမ့် မယ်။ ဘာလို့ဆို သူ ကိုယ်တိုင် တကယ် ရောက် ဖူးပြီး၊ သိပြီး ဖြစ်နေ လို့ပဲ။ သူ့အတွက် ယုံခြင်း၊ မယုံခြင်းက ထည့်သွင်း နေစရာ မလိုအပ်တဲ့ အချက် သာ ဖြစ် တယ်။

စင်စစ် ပြောလိုရင်း က — လူတစ်ဦးမှာ – ကိုယ်တိုင် သိရင် သိတာ ပဲ ရှိတယ်။ ယုံကြည်ခြင်း မပါဝင်နေဘူး လို့ ဆိုလိုပါတယ်။ အလားတူ – ကိစ္စ တစ်ခု ကို – မသိသေး ရင် – မသိသေးကြောင်းပဲ ရှိပါတယ်။ အဲ့မှာလည်း ယုံကြည်ခြင်းက ဝင်ပါမနေဘူးရယ်။ အချက်အလက်မျှ သိရင် – အချက် အလက် မျှသာ ရှိသေးတယ် လို့ မိမိ ကိုယ်ကိုယ် ကောင်းကောင်း သိနိုင် တယ်။ မဟုတ် ရင် မဟုတ်သေးကြောင်း မိမိကိုယ်ကိုယ် နားလည် တယ်။ ဒါ့ကြောင့် ဘဝရဲ့ ခဏတိုင်းမှာ- ယုံကြည်ခြင်း မယုံကြည်ခြင်း ကဏ္ဍ က ဝင်ပါ မနေဘူး ရယ်။

………………..
~ အတွင်းပါ ပါဠိ ဂါထာ နှစ်ပိုဒ်ကို ပုရာဘေဒသုတ် (မဟာစည်) မှ ယူပါသည်။
…………………
May 24rd 2012 at 12:05 PM
…………………
https://zayya.wordpress.com/
http://zayyah.blogspot.com/
http://zayya.blog.com/
…………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: