ရင်းဇိုက် နှင့် တောင်ဝှေး

မနက်ခင်း တစ်ခု မှာ- ဇင်ဆရာ ရင်းဇိုက်- က တောင်ဝှေး တစ်ချောင်း ထောက်ပြီး ဒကာ တစ်ဦး နဲ့ အတူ လမ်းလျောက် ထွက် တယ်။ လမ်း ရောက်တော့ – ဒကာဖြစ်သူက မေးခွန်း တစ်ခု အမှတ် တမဲ့ မေး တယ်။

“အသိဥာဏ်အလင်း ဆိုတာ- ဘယ်လို မျိုးလဲ။ ဘယ်မှာ ရှာရ မလဲ – ဆရာ။”

ရင်းဇိုက်က သူ့လက်ထဲကိုင်ထားတဲ့ တောင်ဝှေးကို အဲ့ဒီ ဒကာရှေ့မှာ ထောင်လိုက်တယ်။

“မင်း ဒီတောင်ဝှေးကို မြင်လား။ မြင်တယ် ဆိုရင် – အသိဥာဏ် အလင်း ဆိုတာ ကို ခင်ဗျား အခြား ဘယ်မှာမှ ရှာနေစရာ မလိုဘူးပဲ”

ဒကာ ဖြစ်သူ က နားမလည်ဘူး။ စိတ်ရှုပ်သွားတဲ့ ပုံနဲ့ ထပ် မေးတယ်။

“ဒီတောင်ဝှေးဟာ တုတ် တစ်ချောင်း သက်သက်ပဲလေ ဆရာ။ ဒါကြီး မြင်ရုံနဲ့ အသိဥာဏ်အလင်း ဘယ်လို ရမှာလဲ”

ရင်းဇိုက်က အဲ့ဒကာ ရှေ့ ကနေ တောင်ဝှေးကို ပြန်ဆွဲယူလိုက်တယ်။

“မင်းမြင်တဲ့ အရာဟာ -တောင်ဝှေးလား – တုတ်ချောင်းလား ဟုတ်လား မဟုတ်လား အရေးမကြီး ပါဘူး။ တကယ် အရေး ပါတာက – မင်း မြင်သလား ဆိုတာ တစ်ခု ပဲ။ အခု အဲ့ဒီ တုတ်တစ်ချောင်း မင်းရှေ့မှာ မရှိတော့ ဘူး။ ဒါပေမယ့် – မေးခွန်းတွေ ထဲပဲ ဝဲလည်နေ တဲ့ မင်း အတွက် – အဲ့ဒီ မရှိတော့ တာ ကို လည်း မမြင်ပြန်ဘူး- မဟုတ်လား။ စင်စစ် မင်း သိလိုတဲ့ အသိဥာဏ် အလင်း ဆိုတာ အဝေးကြီး မှာ မဟုတ်ဘူး။ အဲ့ဒီ – မြင်ခြင်း သက်သက်ကို သာ – ဆိုလိုတယ်။”
……………..
June 3th 2012 @3:00 PM
……………..
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: