~ ဘယ ကင်းမှ ဘဝ သည် သက်ဝင် ၏ ~


ဘဝ ကို ပြည့်ဝစွာ ရှင်သန်နေထိုင်လိုသူ တို့တွင် – စွန့်လွှတ် စွန့်စားခြင်းသည် မရှိမဖြစ် ပါဝင်သော အရည်အသွေး တစ်ခု ဖြစ် သည်။ ဘဝကို ပြည့်ဝစွာ ရှင်သန်ခြင်း ဟူသည် အဘယ်နည်း ဟု မေးရပါလိမ့်မည် ။ စင်စစ် ၎င်း ပြည့်ဝ ရှင်သန်နေခြင်း ဟူ သည် – ဘာသာ တရား နှင့် ထုံမွှမ်းနေခြင်း သာ ဖြစ်၍ သစ္စာ လည်း မည်သည်။ မြင့်မြတ်မှု လည်း မည်သည်။

လက်ရှိ ဘဝကို စေ့စပ် သုံးသပ်ကြည့်လျှင် ဤဘဝ ခဏ သည်ပင် ကြီးမားသော စွန့်လွှတ် စွန့်စားမှု ဖြစ် ၏။ ဤသည် ကို နားလည် ရန် လိုပါသည်။

လူအများ သည် မိမိတို့ မှီတွယ်ရာ ကျဘမ်းအာရုံတို့ ၏ အဖြစ် ကို စွဲလမ်းသည်။ တွယ်ငြိသည်။ သို့ဖြစ် ၍ ကြောက်ရွံ့မှု ရှိ သည်။ ယုတ္တိ ဆင်ခြေ အများ ရှိသည်။ ပြုပြင် ဖာထေးမှု ဖြင့် မျက်ကွယ်ပြု နေသည်များ ရှိသည်။ ယင်းတို့၏ အလွန် – ဟိုမှာ ဘက်ခြမ်း ကို အနည်းငယ် မျှ ကျော်ကြည့် ရန်၊ မျှော်ကြည့်ရန် မဝံ့ရဲ။ စိတ်ကူး အတွေး တို့၏ အလွန် ကို၊ ယုတ္တိ ဆင်ခြေ ဆင်လက် တို့၏ အလွန်ကို အနည်းငယ်မျှ ကန့်လန့်ကာ လှပ် မကြည့်ရဲ။ မိမိ စိတ်အတွင်းမှာ တင် နေ၍၊ မိမိ စိတ်အတွင်းမှာ တင် ပျော်မွေ့ တတ်၏။ မိမိ စိတ်၏ အချယ်လှယ် ကို ခံ၍၊ မိမိ စိတ်သန္တာန် သည် သာ မိမိကိုယ်တိုင်၏ သင်္ချိုင်းဂူ ဖြစ်ရ သည်။ ကြောက်ရွံ့မှု သည်သာ မိမိ ၏ နေရာဌာန အိမ် ဖြစ်ရ သည်။

ယင်း သင်္ချိုင်းဂူ ၊ ဌာနအိမ် မှ ထွင်းဖောက် ထွက်လာ ခဲ့ရန် လိုပါသည်။ မိမိ စိတ်သန္တာန် ၏ အနက်ရှိုင်း ဆုံး ဆီသို့ တိုးဝင်ခြင်းဖြင့် – ယင်း ဌာနေ အိမ်ကို ဖြိုဖျက် ပစ်နိုင် သည်။ ထိုအခါ မိမိ အလို ကို လည်းကောင်း၊ ရမ္မက် အာသာ တို့ကို လည်းကောင်း ထွင်းဖောက် လာ သည့်နောက် တွင် – မိမိ ကြောက်ရွံ့မှု၊ အကြောက် တရား နေအိမ် သည် တစ်စစီ ပြိုကွဲ ထွက်လာရတော့သည်။ စင်စစ် ကြောက်ရွံ့မှု နှင့် အလို ရမ္မက် တို့သည် စက္ကူတစ်ရွက်၏ ကျောချင်းကပ် မျက်နှာစာ များသာ ဖြစ် ၍ တစ်ခု ပြိုပျက် လျှင် တစ်ခုလည်း ပျက်သုဉ်း ပြီး ဖြစ်၏။

ကြောက်ရွံ့မှု ပြေပျောက် သည့် အခါ – ဘဝ၏ လှပသော ရှင်သန်မှု သရုပ်သည် စတင် အသက်ဝင်ပါ၏။ ဤသည်ကို ဆရာ တို့က – “Life begins where fear ends” – “ကြောက်ရွံ့မှု ကင်းသည့် အခါမှ – ရှင်သန်မှု စင်စစ် စတင်၏” ဟု မိန့်ဆိုကြ ၏။

သဏ္ဍာန် အားဖြင့် – ယင်းအချိန်တွင် အကြင်သူသည် – စိတ်သန္တာန် ကို နိုင်နင်းသည်။ မိမိ အဇ္ဈတ္တ ဥခွံ ကို ထွင်းဖောက် လာနိုင်သည်။ အတိတ် နံရံ တံတိုင်း တို့ ပြိုကျ သွားသည်။ အနာဂတ် တိမ်ခိုး များ လည်း ပြေလွင့် ကုန်ကြပြီး၊ ထိုသူ ၏ လက် တွင် ခဏငယ် တို့သာ ကျန်ရစ် ခဲ့၏။ ယင်းခဏငယ် တို့သည် စက္ကန့် မလပ် ကုန်ဆုံး ကြ သကဲ့သို့ – စက္ကန့်မလပ် သစ်လွင်လျက် လည်း ရှိ၏။ ခဏငယ် တိုင်း ၌ စွန့်စားမှု ပကတိ ပြည့်နှက်လျက် ရှိ၏ ဟု ဆိုရ ပါလိမ့်မည်။ သက်ဝင် လှုပ်ရှားနေ သည်။ ထို့ကြောင့်- ယင်း အချိန် သည် ယခင် ကာလတို့နှင့် မတူ။ သင့် အတွက် ရှင်းလင်းစွာ အသက်ဝင် လှုပ်ရှား နေသော – ဘဝ၏ ထူးခြားသော အချိန် ကာလ လည်း ဖြစ် သည်။

ထိုအချိန် ကို ရှေးဆရာတို့က – “ဧကန်စင်စစ် ဖွားမြင်လာသည့် အချိန်” ဖြစ်သည် ဟု ဆို၏။

ဘဝတွင် အမိဝမ်းမှ ကျွတ် ၍ ဤခန္ဓာရလာသည့် ယနေ့တိုင်ထိ ကာလ သည် အိပ်မက် တစ်ဝက်၊ မျှော်လင့်ချက် တစ်ဝက် တို့ဖြင့် မွေးဖွား ရှင်သန်လာခြင်း ဖြစ်သည်။ အတွေး အိမ်ထဲ တွင် ပင် လည် ၍ စိတ် အလိုကျ ခေါင်းငုံ့ ခံလာ ခဲ့ရာ ကာလ ချည်းသာ ဖြစ်သည်။

မိမိ ၏ စိတ်သန္တာန် ကို ထိုးခွင်း ၍ အဇ္ဈတ္တ ဝမ်းမှ ကျွတ်လွတ်သော အချိန် မှာမူ – ဒုတိ ယ မြောက် ပြန် လည် မွေးဖွား ခြင်း ဖြစ် သည်။ ယင်းကို သစ်လွင်သော မွေးဖွားမှု ဟူ၍လည် ခေါ်ဆိုပါ၏။

အဘယ်ကြောင့် ဆိုသော် – ဤ တစ်ကြိမ် မွေးဖွားခြင်း ၌ မိမိ စိတ်သည် မိမိ ၏ အရှင်သခင် မဟုတ်တော့ပေ။ သူ သည် မိမိထံ ၌ ကျေးကျွန် အဖြစ်သာ ခစား လာရသည် ဖြစ်၍ မိမိ ကိုယ်တိုင် သည်သာ မိမိ ၏ အရှင်သခင် ဖြစ်လာ ရသောကြောင့် ဖြစ်၏။

………………..
~ Fingers pointing to the Moon.
………………..
June 13th 2012 at 6:00 PM
…………………
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: